ကံဆိုးစွာနဲ့ လှေသမားဖြစ်ခဲ့ရတဲ့ ပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက် ကစားသမား

[email protected]

ဂေါက်ရိုက်တယ်ဆိုတာ ဒီအတိုင်း လက်ကလေးနှစ်ဖက်လွှဲပြီး ရိုက်လိုက်တာနဲ့ မရပါဘူး။ အင်မတန်ကိုခက်ပါတယ်။ အကွာအဝေး၊ ကိုယ်ဂေါက်ရိုက်မယ့် ဂေါက်တံ၊ လေတိုက်နှုန်း အစရှိတာတွေကို သေသေချာချာ တွက်ချက်ပြီး ပိုင်မှရိုက်ရတာပါပဲ။ ဂေါက်ရိုက်သမားတွေရဲ့ အိပ်မက်ဆိုးကတော့ ကိုယ်ရိုက်လိုက်တဲ့ ဂေါက်သီးဟာ ရေကန်အစပ်နားကျသွားတာတို့၊ Banker ထဲကျသွားတာတို့၊ ရေကန်အလယ်က ကျွန်းပေါ်ကို မထင်မှတ်ပဲ ရောက်သွားတာတို့ပဲ ဖြစ်ပါတယ်။ အခုလည်း Swedish ဂေါက်ရိုက်သမားတစ်ဦးဖြစ်တဲ့ Joel Sjoholm ဟာ သူရိုက်လိုက်တဲ့ ဂေါက်သီး ရေကန်အလယ်က ကျွန်းပေါ်ကိုကျသွားတာကြောင့် ကိုယ့်ဟာကိုယ်တစ်ယောက်တည်း လှေမောင်းပြီး အဆိုပါကျွန်းကိုသွားရောက်ကာ ဂေါက်ရိုက်ခဲ့ရကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(၂.၈.၂၀၂၀)တုန်းက Joel ဟာ European Tour’s Hero Open နောက်ဆုံးပွဲစဉ်မှာ သူရိုက်လိုက်တဲ့ ဂေါက်သီးဟာ ရိုက်ချက်လွဲပြီး ရေကန်အလယ်က ကျွန်းပေါ်ကို ရောက်သွားခဲ့ရပါတယ်။ Joel ကံမကောင်းတာတစ်ခုက ဂေါက်ရိုက်သမားတွေအနောက်ကို အမြဲလိုက်လေ့ရှိတဲ့ အထမ်းသမားကောင်လေးတွေဟာ COVID 19 ကပ်ရောဂါကြောင့် အလုပ်မဆင်းကြပါဘူး။ ဒါ့ကြောင့် နောက်ဆုံးမှာတော့ Joel ကိုယ်တိုင် လှေတစ်စင်း ငှားခိုင်းပြီး အဆိုပါကျွန်းငယ်လေးပေါ်ကို တစ်ယောက်တည်းသွားကာ ဂေါက်ရိုက်ခဲ့ရပါတယ်။

READ
Ocars အကြီးအကဲ John Bailey လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံနေရ

 

“အမှတ်တရပေါ့ဗျာ။ ကျွန်တော်မှာ လှေကိုလည်း မလှော်တက်လှော်တက်နဲ့ လှော်နေရတာ။ တော်သေးတာပေါ့။ ကြိုးလေးတန်းထားပေးလို့။ မဟုတ်ရင် ကျွန်တော့်ပုံစံနဲ့ ကျိန်းသေရေထဲ ပြုတ်ကျမှပါပဲ။ ဘာပဲဖြစ်ဖြစ် ပွဲအပြီးမှာ Bogey နဲ့ အဆုံးသတ်နိုင်ခဲ့တာပဲ ကျေးဇူးတင်ရမယ်။ ကျိန်းသေတာတစ်ခုကတော့ ဒီပွဲဟာ ကျွန်တော့်ဘဝတစ်လျှောက်လုံး အမှတ်တရ ဖြစ်နေတော့မှာ အမှန်ပါပဲ”လို့ Joel က ပြောကြားခဲ့ပါတယ်။

READ
ATM စက်က ပိုက်ဆံအများကြီးထွက်လာလို့ဆိုပြီး စက်ကို ဖျက်ဆီးခဲ့သူ

 

 

View this post on Instagram

 

A MAN GOTTA DO WHAT A MAN GOTTA DO !!! I think I can spot my ball on that Island !! Hold my and get me a ‍♂️ @europeantour

A post shared by Joel Sjöholm (@swedishtoro) on

Pyi Hein Kyaw

SHARE