နာမည်ကြီး ဟောလီးဝုဒ်စတား အတော်များများနဲ့ မလွတ်တမ်း ဓာတ်ပုံရိုက်ခဲ့တဲ့ ဘွားဘွား

Benoit De Freine

နာမည်ကြီးမင်းသားသမီးတွေနဲ့ ဓာတ်ပုံရိုက်ဖို့ဆိုတာ တော်ရုံလူတော့ မဖြစ်နိုင်ပါဘူး။ နာမည်ကြီး အနုပညာရှင်တွေနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ဆိုတာ အလွန်ဆုံးမှ ပြည်တွင်း အနုပညာရှင်တွေနဲ့သာ ဖြစ်ပါတယ်။ ဒါပေမယ့် အဘွားကြီးတစ်ယောက်ကတော့ ကမ္ဘာကျော် ဟောလီးဝုဒ်စတားတော်တော်များများနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့ဖူးကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Benoit De Freine

အဆိုပါ အဘွားအို ရဲ့ နာမည်ကတော့ Maria Snoeys-Lagler ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရပါတယ်။ Maria နဲ့ ဟောလီးဝုဒ်စတားတွေတွဲရိုက်ထားတဲ့ ဓာတ်ပုံအယ်လ်ဘမ်ကိုတော့ ဘယ်လ်ဂျီယံနိုင်ငံမှာရှိတဲ့ ငွေချေးလုပ်ငန်းအသင်းတစ်ခုဆီကနေ အခန်းရှင်းရင်းတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ “ ကျွန်တော်တို့စုံစမ်းကြည့်လိုက်တော့ Maria ဟာ ၂၀၁၆ ခုနှစ်၊ အသက် ၈၇ နှစ်မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ အခုတော့ အဲဒီဓာတ်ပုံ အယ်လ်ဘမ်ကို သူ့သမီးဆီ ဆက်သွယ်ထားပြီး ပြန်ပေးဖို့ စီစဉ်နေပါတယ်” လို့ အဆိုပါအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ယောက်က ပြောပြခဲ့ပါတယ်။ အောက်မှာ Maria နဲ့ ဟောလီးဝုဒ်စတားတွေ ဓာတ်ပုံတွဲရိုက်ထားတာကို ကြည့်ရှု့နိုင်ပါတယ်။

READ
လမ်းမပေါ်က ခြေထောက်ပျက်ကြီးကြောင့် ရဲတပ်ဖွဲ့ပင် တုန်လှုပ်ခဲ့ရတဲ့အဖြစ်

Bruce Willis ကြီးနဲ့

Benoit De Freine

Nicolas Cage ကရုပ်တည်ကြီးနဲ့

Benoit De Freine

Bon Jovi နုနယ်စဉ်အခါက

Benoit De Freine

မသိရင် Kevin Bacon နဲ့ Tom Hanks က ကိုယ်ရံတော်တွေလိုလို

Benoit De Freine

Elijah Wood လေးနဲ့လဲ ရိုက်တာပဲ

Benoit De Freine

Kate Winslett လေးလဲ ချစ်စရာလေး

Benoit De Freine

ဝါရှင်တန်ကြီးကတော့ ငယ်ရုပ်ကို မပျောက်တာ

Benoit De Freine

Fresh Prince မင်းသားလေး

Benoit De Freine

Jolie လဲ လှချက်ပဲ

Benoit De Freine

Johnny Depp ကြီးတော်တော်ငယ်သေးတာပဲ

Benoit De Freine

Pyi Hein Kyaw

SHARE