ပိုက်ဆံလာလုတဲ့ဓားပြကို လက်ဗလာနဲ့ခြောက်လွှတ်ခဲ့တဲ့ ပင်စင်စားဖိုးဖိုးကြီး

South Wales Police Cardiff

ပိုက်ဆံလုသူတွေ တော်တော်များများဟာ သူတို့ပိုက်ဆံလုတော့မယ်ဆိုရင် များသောအားဖြင့် အားနွဲ့တဲ့ မိန်းကလေးတွေနဲ့ အသက်ကြီးတဲ့သူတွေကို ပစ်မှတ်ထားတာ များပါတယ်။ ဒါမှလည်း သူတို့ဟာ ပိုက်ဆံကို အခြားသူဆီကနေ အလွယ်တကူ လုယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Cardiff မြို့မှာ လုယက်ဖို့ကြိုးစားခဲ့တဲ့ သူခိုးတစ်ယောက်ကတော့ ကံမကောင်းရှာပါဘူး။ ဘာကြောင့်လဲဆိုတော့ သူပစ်မှတ်ထားပြီး ပိုက်ဆံလုယက်ဖို့ကြိုးစားခဲ့တဲ့ အဖိုးအိုတစ်ဦးဟာ ပိုက်ဆံကို မပေးခဲ့တဲ့အပြင် သူ့ကိုပါ ပြန်ချခဲ့လို့ပဲဖြစ်ကြောင်း Unlaid သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

CCTV မှတ်တမ်းအရဆိုရင်တော့ Wales နိုင်ငံ၊ Cardiff မြို့မှ ပင်စင်စားအဖိုးအိုတစ်ဦးဟာ ဖေဖော်ဝါရီလ မနက် ၆ နာရီလောက်တုန်းက ATM စက်မှ ပိုက်ဆံထုတ်ဖို့ စတိုးဆိုင်တစ်ခုရှေ့မှာ ကားရပ်ပြီး ATM စက်မှ ပိုက်ဆံထုတ်ခဲ့ပါတယ်။ ပိုက်ဆံထုတ်ပြီး ကားဆီပြန်လျှောက်လာတဲ့အချိန်မှာ လူတစ်ယောက်ဟာ ရုတ်တရက် အဆိုပါအဖိုးအိုနားရောက်လာပြီး သူ့ကိုထုတ်လာတဲ့ ပိုက်ဆံတွေပေးဖို့ တောင်းဆိုခဲ့ပါတယ်။

READ
အမျိုးသားအင်္ဂါနဲ့တူနေတဲ့ ထူးဆန်းတဲ့ဘရားဇီးမြွေ

အဖိုးအိုက မပေးနိုင်ကြောင်း ငြင်းဆိုလိုက်တဲ့အချိန်မှာ အဆိုပါလူက အဖိုးအို အင်္ကျီထဲကို အတင်းနှိုက်ပြီး ပိုက်ဆံအိတ်ကို လုပါတော့တယ်။ အဲဒီအချိန်မှာ အဖိုးအိုကလည်း ခေသူတစ်ယောက်တော့ မဟုတ်ပါဘူး။ အဆိုပါလုယက်နေတဲ့သူကို လက်သီးနဲ့တစ်ချက်တောင် ပိတ်ထိုးခဲ့ပါသေးတယ်။ နှစ်ယောက်ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အချိန်မှာ အဖိုးအိုက ပတ်ဝန်းကျင်ကို အော်ဟစ်ပြီး အကူအညီတောင်းလိုက်ပါတယ်။ အဲဒီအချိန်မှာမှ ပိုက်လုတဲ့သူဟာ လက်လျှော့ပြီး ထွက်ပြေးသွားပါတော့တယ်။

South Wales Police Cardiff

“အဖိုးက တော်တော်သတ္တိရှိတယ်ဗျ။ အသက်ကြီးနေပေမယ့် လူဆိုးကိုတောင် ပြန်ထိုးနိုင်သေးတယ်။ အဲဒီလူဆိုးကိုတော့ ကျွန်တော်တို့ဆီမှာရှိတဲ့ ပြစ်မှုမှတ်တမ်းထဲက လူတွေနဲ့ တိုက်စစ်ပြီး စုံစမ်းမှုတွေ လုပ်နေပါပြီ။ ပြည်သူတွေလဲ အဲဒီလူဆိုးကို လမ်းမှာတွေ့ရင် ကျွန်တော်တို့ရဲတပ်ဖွဲ့ကို သတင်းပေးပြီး ကူညီပေးပါဦး” လို့ Cardiff ရဲတပ်ဖွဲ့ ကပြောကြားခဲ့ပါတယ်။

South Wales Police Cardiff

Pyi Hein Kyaw

SHARE