သုဘရာဇာမဟုတ်ဘဲ သင်္ချိုင်းကုန်းက ဂူတစ်ခုမှာ ၁၅ နှစ်ကြာနေထိုင်ခဲ့သူ

သင်္ချိုင်းအုတ်ဂူ တစ်ခုမှာ ၁၅ နှစ်ကြာ နေ့ရက်တိုင်းနေထိုင်ရမဲ့ အဖြစ်ကို တွေးကြည့်ဖူးပါသလား။အုတ်ဂူတစ်ခုထဲမှာ နေထိုင်ရတာဟာ အသက်ရူရအင်မတန်ခက်ခဲမှာဖြစ်တဲ့အပြင် ပိုးကောင်များနဲ့အနံ့ဆိုးများကြောင့် ဘယ်လိုမှ နေချင်စရာမကောင်းတဲ့ နေရာမျိုးတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ ဆာဘီးယားနိုင်ငံမှ လူတစ်ယောက်ကတော့ သင်္ချိုင်းအုတ်ဂူတစ်ခုကို အိမ် တဖွယ် ၁၅ နှစ်ကြာ ပျော်ရွှင်စွာ နေထိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Bratislav Stojanovic, a homeless man

ဥရောပတိုက် အရှေ့မြောက်ဘက်ပိုင်းရှိ ဘော်လ်ကန် ကျွန်းစွယ်နိုင်ငံဖြစ်တဲ့ ဆားဘီးယား နိုင်ငံ (Serbia) နီဗီဆာ ပြည်နယ် နစ်မြို့ (Niš) မှာ နေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် ဘရတ်ဆလဂ်ျ စတိုဂျန်နိုဗစ် (Bratislav Stojanovic) ဟာ အဆောက်အဦး အလုပ်သမားတစ်ယောက်အဖြစ် အလုပ်ပြုတ်ခဲ့ပြီး အိမ်ကို အကြွေးဆုံးခဲ့စဉ်ကတည်းက သင်္ချိုင်းအုတ်ဂူတစ်ခုမှာ ၁၅ နှစ်ကျော် နေထိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ပထမဆုံး သင်္ချိုင်းအုတ်ဂူမှာ နေထိုင်စဉ်က ခေတ်အဆက်ဆက် မြှပ်သွားခဲ့တဲ့ လူအရိုးတွေကြောင်း တော်တော်ဒုက္ခရောက်ခဲ့ပေမဲ့ အခုလို ဘယ်သူမှာ နှောင့်ယှက်တဲ့ သူမရှိတဲ့ နေရာလေးမှာ နေထိုင်ရတာကို စတိုဂျန်နိုဗစ်က ပျော်ရွှင်နေတယ် လို့ဆိုပါတယ်။

READ
လောဘကြီးလွန်းလို့ ဘီစကစ်ဘူးထဲ ခေါင်းတစ်တဲ့အထိ ဖြစ်နေရှာတဲ့ ခွေးကလေး

သင်္ချိုင်းအုတ်ဂူထဲမှာ နေထိုင်ရတဲ့အဖြစ်ဟာ တခြားသော သူတွေအတွက် ကြောက်လန့်ဖို့ကောင်းနေပေမဲ့ စတိုဂျန်နိုဗစ်ကတော့ လူရှင်တွေဟာ လူသေတွေထက် ဒုက္ခပိုပေးတတ်တာကြောင့် သူရဲ့ လက်ရှိအိမ်လေးမှာ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကို ခံစားရတယ် လို့ဆိုပါတယ်။

စတိုဂျန်နိုဗစ်ဟာ သူနေထိုင်ရာ သင်္ချိုင်းအုတ်ဂူလေးကို သက်တောင့်သက်သာဖြစ်အောင် အတတ်နိုင်ဆုံးပြုလုပ်ထားပြီး ” ဒီနေရာလေးဟာ ခြောက်သွေ့နေပြီး နွေးထွေးနေပါတယ်။ါးအပြင် လမ်းတွေမှာ နေတာထက်စာရင် ဒီနေရာက ပိုနေလို့ ကောင်းပါတယ် ” လို့ပြောဆိုခဲ့ပါတယ်။

နေ့ဘက်အချိန်မှာဆို စတိုဂျန်နိုဗစ်ဟာ သင်္ချိုင်းအတွင်းမှာ ထွန်းခဲ့ကြတဲ့ ဖယောင်းတိုင်အတိုလေးများကို လိုက်လံကောက်ယူလေ့ရှိပြီး ချမ်းအေးတဲ့ နေ့တွေ့မှာဆိုရင် ဖယောင်းတိုင်ထွန်းပြီး နွေးထွေးအောင်နေတယ် လို့ဆိုပါတယ်။အစားအသောက်အတွက်ကတော့ အမှိုက်ပုံးများထဲက စားကြွင်းစားကျန်တွေကို လိုက်လံကောက်ယူစားသုံးလေ့ရှိပြီး ” လူတွေ လွှင့်ပစ်ကြတဲ့ ပစ္စည်းများဟာ အံ့ဩဖို့ကောင်းလောက်အောင် ကောင်းသေးတယ် ” လို့သူကဆိုပါတယ်။

READ
အိမ်မှာလူတွေအကုန်စုံစုံနေတာ ပျော်လွန်းလို့ အမြီးချည်းနှံ့နေခဲ့ရာမှ ဒုက္ခဖြစ်ခဲ့တဲ့ခွေးလေး

နေ့ခင်းဘက်အပြင်သွားစရာရှိရင် စတိုဂျန်နိုဗစ်ဟာ အခေါင်းဖုံးကို ဟ ကာ အပြင်ထွက်လေ့ရှိပြီး လူရှင်းမှ အပြင်ထွက်လေ့ရှိတယ်လို့ဆိုပါတယ်။သူဟာ သူ့ကို ရန်ပြုမဲ့သူတွေကို မစိုးရိမ်ပေမဲ့ သူအခေါင်းဖုံးဖွင့်ပြီး ထွက်လာတဲ့ အခါမှာ လူတွေသူ့ကို သရဲလို့ထင်ပြီး ကြောက်သွားကြမှာဆိုးတဲ့တွက် လူရှင်းမှသာ အပြင်ထွက်လေ့ရှိတယ် လို့ဆိုပါတယ်။

ဆားဘီးယား နိုင်ငံဆိုတာ ဘယ်နားမှာလဲ။

ဆားဘီးယားဟာ ဥရေပတိုက်မှာ တည်ရှိတဲ့ နိုင်ငံဖြစ်ပြီး အတိအကျပြောရရင်တော့ ဥရောပတိုင် အရှေ့တောင်ဘက်ပိုင်း မက်ဆီဒိုးနီးယားနိုင်ငံနဲ့ ဟန်ဂေရီနိုင်ငံကြားမှာရှိပါတယ်။အိမ်နီးချင်းနိုင်ငံတွေကတော့ အယ်လ်ဘေးနီးယား၊ဘောစ်နီးယား၊ဟာဇက်ဂိုဗီနား၊ဘူလ်ဂေးရီးယား၊ခရိုအေးရှား၊ဟန်ဂေရီ၊မက်ဆီဒိုးနီးယားနဲ့ ရိုးမေးနီးယားနိုင်ငံတို့ ဖြစ်ပါတယ်။

Arkar Hein (Shwemom)

Ref : Rach Feed

SHARE