အိပ်နေရင်းနဲ့ပဲ သန်းချီတဲ့ လူတွေရဲ့ စိတ်ဝင်စားမှုကို ရခဲ့တဲ့ Streamer ကောင်လေး

www.facebook.com/marniesaez

အင်တာနက် သုံးစွဲနေတယ်ဆိုတာ လူတိုင်း အတွက် ပုံမှန် ပါပဲ။ ပိုစ့်တွေ တင်မယ်၊ ပုံတွေ တင်မယ်၊ ဗီဒီယိုတွေ တင်မယ် စသဖြင့် ကိုယ့်ဆန္ဒအတိုင်း လုပ်ကြတာပါ။ ဒီလိုဆိုပေမယ့် အင်တာနက်သုံးစွဲသူအချင်းချင်းဆီက စိတ်ဝင်စားမှုတွေကို အိပ်ရင်းနဲ့ ယူသွားတဲ့သူတစ်ယောက်ကတော့ အရမ်းကို နာမည်ကြီးနေပါတယ်။ ဒါကြောင့် သူတို့နိုင်ငံရဲ့ ပြည်တွင်းသတင်းဌာနတွေကပါ စိတ်ဝင်စားခဲ့ကြပါတယ်။

NEWS 5 LETS GO! THANK YOU PO SA LAHAT NG SUPPORT!

Posted by Marnie Saez on Friday, August 7, 2020

သူကတော့ Marnie Saez ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ Cavite မြို့မှာ နေထိုင်သူ ဖြစ်ပါတယ်။ သူကတော့ အပျော်တမ်း ဂိမ်းstreamer တစ်ယောက် ဖြစ်ပါတယ်။ ဂိမ်း streaming လုပ်တဲ့ page တစ်ခုလည်း ရှိပါတယ်။ သူကတော့ အိပ်တဲ့အခါ live လွှင့်ထားပြီး အိပ်နေတာ ရက်ပိုင်းတော့ ရှိပါပြီ။ ၅ နှစ်လောက်တွဲလာတဲ့ လက်တွဲဖော်ချစ်သူနဲ့ ပြတ်တော့မယ့် အခြေအနေကို ကြုံနေရတာကြောင့် စိတ်ဓာတ်ကျပြီး စိတ်ညစ်နေတဲ့အချိန်လည်း ဖြစ်နေပါတယ်။

Korynne Gatdula

Posted by Marnie Saez on Saturday, July 25, 2020

Live လွှင့်ပြီး စအိပ်တဲ့ ပထမနှစ်ရက်မှာတော့ သူ့ကို သိပ်ပြီး သတိမထားမိကြပါဘူး။ သုံးရက်မြောက်နေ့မှာတော့ မထင်မှတ်ပဲ လူအများကြီးကနေ သူ့အိပ်နေတာကို Live ကနေ လာကြည့်ပြီး ရယ်မောခဲ့ကြပါတယ်။ သူကတော့ လူ ၂သန်းလောက် သူ့ကို ကြည့်နေတာကို လုံးဝ မသိပဲ အေးအေးချမ်းချမ်း အိပ်မောကျနေခဲ့တာပဲ ဖြစ်ပါတယ်။

Time to sleep nga beshy tara sama kayo

Posted by Marnie Saez on Thursday, August 6, 2020

အခုလို လူတွေရဲ့ မှတ်ချက်တွေ၊ သူ့ကို လာရယ်ကြတာတွေကို သူပြန်တွေ့တဲ့ အခါမှာတော့ သူက သူ့ကို အခုလို စိတ်ဝင်တစား လာကြည့်လို့ ပျော်ကြောင်းနဲ့ သူ စိတ်ဓာတ်ကျနေတဲ့ ကာလမှာ အခုလို ပျော်ရွှင်စေလို့ ကျေးဇူးတင်ကြောင်းကို သတင်းမီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

Thankyouu

Posted by Marnie Saez on Sunday, August 9, 2020

အခုညတွေမှာတော့ အိပ်တဲ့အခါတိုင်း live လွှင့်ထားဆဲ ဖြစ်ပြီး သူအိပ်တာကို သေချာစောင့်ကြည့်ကြတဲ့သူတွေလည်း ရှိနေပါတယ်။ ဇွန်လတုန်းကလည်း သူ့ရဲ့ streaming လုပ်တဲ့ ပေ့ခ်ျမှာ live လွှင့်ထားပြီး အိပ်ခဲ့ပါသေးတယ်။

READ
ကလေးဘဝတုန်းက မမြင်နိုင်ခဲ့တဲ့ ကစားကွင်းထဲက တစ်မျိုးထင်စရာ အလွဲများ

Kham

SHARE