တက္ကစီကား ငှားစီးသူနဲ့ ကားမောင်းတဲ့ ဒရိုင်ဘာကြားက စိတ်ကြည်နူးဖွယ် ဖြစ်ရပ်လေးတစ်ခု

Pixabay-Free-Photos

ဒီနေ့ခေတ်ကြီးထဲမှာတော့ တက္ကစီကား ငှားစီးသူတော်တော်များများဟာ လက်တားပြီး ငှားစီးတဲ့ ခေတ်ကနေ Grab, Uber, Ola အစရှိတဲ့ တက္ကစီကားငှားစီးတဲ့ app တွေကို လူတိုင်းနီးပါး အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ ကားငှားစီးသူနဲ့ မောင်းသူကြားမှာ တစ်ခါတစ်လေကျရင် အမှတ်မထင် ကတောက်ကဆဖြစ်တာလေးတွေ တော်တော်များများ ရှိတာကို လူတိုင်း သိကြမှာပါ။ ဘာကြောင့်လဲဆိုတော့ လူတိုင်းမှာ ကိုယ့်အပူနဲ့ ကိုယ်ပါ။ တစ်ခါတလေ စိတ်အရမ်းညစ်နေတဲ့ တက္ကစီယာဉ်မောင်းတွေနဲ့ တွေ့ရင် ကားငှားစီးတဲ့လူတွေကို တမင်သက်သက် ပြသနာရှာလေ့ရှိတာမျိုးတွေလည်း ရှိပါတယ်။ အခုပြောချင်တာကလည်း အဲဒီလို ကတောက်ကဆ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကနေ စိတ်ကြည်နူးဖွယ် ဖြစ်ရပ်ဖက်ကို ကူးပြောင်းသွားတဲ့ အဖြစ်အပျက်လေးတစ်ခုပဲ ဖြစ်ပါတယ်။

[email protected]

အိန္ဒိယနိုင်ငံက အမျိုးသားတစ်ယောက်ဟာ  ပြီးခဲ့တဲ့ အင်္ဂါနေ့(၅.၄.၂၀၂၁) တုန်းက ရှော့ပင်းစင်တာမှာ ဈေးသွားဝယ်ဖို့ Uber ကားတစ်စီးကို ဖုန်းကနေ အချိန်တော်တော်ကြာအောင် ငှားလိုက်ရပါတယ်။ ဒီလိုနဲ့ တော်တော်ကြာပြီးတဲ့ အချိန်မှာတော ငှားထားတဲ့ ကားဟာရောက်လာခဲ့ပြီး အဆိုပါ အမျိုးသာူကို ခေါ်ဆောင်သွားပါတယ်။ ဒီလိုနဲ့ ကားပေါ်မှာတော့ ကားမောင်းဆရာဟာ အိမ်ကမိန်းမနဲ့ ဖုန်းထဲမှာ တောက်လျှောက်ရန်ဖြစ်ပြီး ဒေါသတွေထွက်နေခဲ့ပါတယ်။ဒီလိုနဲ့ အဆိုပါ အမျိုးသားလည်း ဒီအတိုင်းလေကောင်းလေသန့်ရှုချင်လို့ ကားမှန်ကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ ကားမောင်းဆရာဟာ သူ့ကားမှန်ကို ဖွင့်ရမလားဆိုပြီး ပြသနာရှာခဲ့ပြီး အရွဲ့တိုက်တဲ့အနေနဲ့ ချိုင့်တွေခွက်တွေရှိတဲ့ ကားလမ်းကိုပဲ ရွေးမောင်းကာ ပညာပြခဲ့ပါတယ်။ ဒီလိုနဲ့ ဈေးဝယ်စင်တာ ရောက်တဲ့အခါမှာတော့ အဆိုပါ အမျိုးသားဟာ ကားမောင်းဆရာကို ကားမောင်းနေတဲ့ အချိန်မှာ ဒေါသလေးတွေ လျှော့စေချင်ကြောင်းပြောကာ သာယာတဲ့ နေ့တစ်နေ့ဖြစ်ဖို့ ဆုတောင်းပေးခဲ့ပြီး ကောင်းကောင်းမွန်မွန် ပြောကြားခဲ့ပါတယ်။ ဒီလိုနဲ့ တက္ကစီဆရာလည်း အဆိုပါ အမျိုးသားကို ပြုံးပြပြီး ထွက်သွားပါတော့တယ်။

READ
စားသောက်ဆိုင်ထဲ တကူးတက ခိုးဝင်ပြီးမှ ထမင်းချက်စားခဲ့တဲ့ အမျိုးသား(၅)ယောက်
[email protected]

ဒီလိုနဲ့ ဈေးဝယ်ပြီးတဲ့ အချိန်မှာတော့ အိမ်ပြန်ဖို့ Uber ကို ခေါ်ခဲ့ပေမယ့် busy ဖြစ်နေတာကြောင့် Ola app ကို သုံးပြီး တက္ကစီတစ်စီးကို ခေါ်ခဲ့ပါတယ်။ အံ့သြစရာကောင်းတာကတော့ ခုနက သူ့ကို လိုက်ပို့ပေးခဲ့တဲ့ အငှားကားပဲ ပြန်ရောက်လာခဲ့ပါတယ်။ အဆိုပါ တက္ကစီမောင်းဆရာလည်း အဆိုပါ အမျိုးသားကို တွေ့တဲ့ အချိန်မှာ တော်တော်လေးဝမ်းသာသွားခဲ့ပြီး သူမောင်းလာတဲ့ သက်တမ်းတစ်လျှောက်မှာ ဒီလိုမျိုး မတူညီတဲ့ app ကနေ တူညီတဲ့ ခရီးသည်တစ်ယောက်ကို အသွားအပြန်လိုက်ပို့ရတာ ဒီတစ်ကြိမ် ပထမဆုံးဖြစ်ကြောင်း၊ အဆိုပါ အမျိုးသားဟာ သူ့အတွက် တော်တော်လေးကံကောင်းတဲ့ လူတစ်ယောက်ဖြစ်ကြောင်း ပြုံးရွှင်စွာ ပြောကြားခဲ့ပါတယ်။ ဒီလိုနဲ့ အဆိုပါ အမျိုးသားရဲ့ အိမ်နားရောက်တဲ့ အချိန်မှာတော့ နောက်ထပ် ခရီးတစ်ကြောင်း ထပ်ပေါ်လာပါတယ်။ အဲဒါကတော့ Mumbai မြို့အပြင် ခရီးတစ်ခုကို လိုက်ပို့ရမှာဖြစ်ပြီး Night allowance အဖြစ် ရူပီး ၁,၂၀၀ ရရှိမယ့် ခရီးဖြစ်ပါတယ်။ အဲဒီအချိန်မှာ တက္ကစီယာဉ်မောင်းဆရာဟာ ဝမ်းသာအားရနဲ့ အနောက်ကို လှည့်ကြည့်ပြီး သူ့အနေနဲ့ အဆိုပါ အမျိုးသားကို tip money ပေးချင်ကြောင်း လှည့်ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်လေးကို အဆိုပါ အမျိုးသားဟာ လူအများအတွက် heart warming ဖြစ်စေဖို့ Reddit မှာ post တင်ခဲ့တာ ဖြစ်ပါတယ်။

READ
မိခင်ဆန္ဒကို ဖြည့်ဆည်းဖို့ ထိုင်ဝမ်အမြင့်ဆုံးတောင်ကို တက်ခဲ့တဲ့ ကလေးငယ်
Reddit

 

Pyi Hein Kyaw

SHARE