ကိုဗစ်တိုက်ဖျက်ရေး အတွက် ရူပီး ၉၀,၀၀၀ ကျော် လှူဒါန်းခဲ့တဲ့ အိမ်ရာမဲ့အဖိုးအို

[email protected]

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတာကြောင့် လူတိုင်းလိုလို ဒုက္ခအကျပ်အတည်းတွေ တွေ့နေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဝန်ထမ်းတွေလည်း အလုပ်တွေကနား၊ အလုပ်ရှင်တွေလည်း တိုင်တွေပတ်နဲ့ တစ်ကယ့်ကို အကျဉ်းထဲအကျပ်ထဲကို ရောက်နေတဲ့ ကာလပါပဲ။ ဒီလိုအချိန်မျိုးမှာတောင်မှ အိန္ဒိယနိုင်ငံက အိမ်ရာမဲ့ အဖိုးကြီးတစ်ဦးဟာ COVID 19 ကပ်ရောဂါကြောင့် ဒုက္ခရောက်နေသူတွေကို ကယ်တင်ဖို့အတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရဆီသို့ လှူဒါန်းခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါအဖိုးကြီးကတော့ အိန္ဒိယနိုင်ငံ၊Tamil Nadu ပြည်နယ်ရှိ Madurai မြို့မှာ လှည့်လည်တောင်းရမ်းနေတဲ့ Poolpandiyan လို့ အမည်ရတဲ့ အဖိုးကြီးပဲ ဖြစ်ပါတယ်။ Poolpandiyan ဟာ COVID 19 ကပ်ရောဂါကြောင့် ဒုက္ခရောက်နေသူတွေကို ကူညီဖို့အတွက် ရူပီးငွေ ၉၀,၀၀၀ ကို Tamil Nadu ပြည်နယ်အစိုးရထံသို့ လှူဒါန်းခဲ့ပါတယယ်။ Poolpandiyan တစ်ယောက် လှူဒါန်းတာကတော့ ဒါက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် မေလတုန်းကလည်း COVID 19 ကပ်ရောဂါအတွက် ရူပီး ၁၀,၀၀၀ လှူဒါန်းခဲ့ပါသေးတယ်။

READ
ကင်ဆာကို အရည်ကျည်ဖုလို့ ထင်မြင်ခဲ့ရာမှ မျက်လုံးတစ်လုံးဆုံးရှုံးခဲ့ရသည့်အမျိုးသမီး

 

“ကျွန်တ်ေလှူဒါန်းတဲ့ ပိုက်ဆံတွေက ရိုးရိုးသားသားနဲ့ တောင်းစားပြီး ရခဲ့တဲ့ ပိုက်ဆံတွေပါ။ ကျွန်တော်ဒီလိုမျိုးလှူဒါန်းရတဲ့အတွက်လည်း တော်တော်လေးကို ပျော်ပါတယ်။ အခုဆိုရင်လည်း ပြည်နယ်ဝန်ကြီးက ကျွန်တော့်ကို လူမှုဝန်ထမ်းဆုပေးပြီး အသိအမှတ်ပြုတော့ တော်တော်လေးကို ပျော်ရပါတယ်”လို့ Poolpandiyan က ပြောကြားခဲ့ပါတယ်။

READ
ချုံပုတ်ကို အိမ်လုပ်ပြီးနေရတဲ့ အိမ်ရာမဲ့အမျိုးသားနဲ့ မေတ္တာမျှခဲ့သူအမျိုးသမီး

Pyi Hein Kyaw

SHARE