လူနာခရီးသည်တွေကို အခမဲ့ပို့သပေးခဲ့လို့ ဆေးရုံကဂုဏ်ပြုခဲ့တဲ့ တက္ကစီသမားကြီး

လက်ရှိအချိန်ကတော့ လူတော်တော်အျားများရဲ့ စားဝတ်နေရေးတော်တော်ကြပ်တည်းတဲ့အချိန်ပါပဲ။ တစ်ချို့အလုပ်တွေဟာ အိမ်ကနေပြီးတော့ လုပ်လို့ရသလို တစ်ချို့အလုပ်တွေကျပြန်တော့လည်း လူကိုယ်တိုင်အပြင်ထွက်မှ လုပ်လို့ရတဲ့ အလုပ်မျိုးတွေပါ။ ဒီလိုအလုပ်တွေထဲမှာ တက္ကစီ မောင်းတဲ့အလုပ်ကတော့ တော်တော်အဆိုးရွားဆုံးလို့တောင် ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းနီးပါးအပြင်မထွက်ကြတော့တဲ့ ဒီရက်ပိုင်းတွေမှာ တက္ကစီမောင်းနေတဲ့သူတော်တော်များများအတွက် အိမ်မက်ဆိုးမက်စေတဲ့ နေ့ရက်တွေပါပဲ။

Pixabay-MichaelGaida

တက္ကစီကုမ္ပဏီတော်တော်များများရဲ့ ရှယ်ယာဈေးတွေဟာ ၈၀ ရာခိုင်နှုန်းလောက်ထိကျသွားသလို တစ်ချို့တက္ကစီကုမ္ပဏီတွေဆို ဒေဝါလီပါခံသွားကြပြီဖြစ်ပါတယ်။ အခုပြောချင်တာကတော့ စပိန်နိုင်ငံက တက္ကစီမောင်းတဲ့ အမျိုးသားကြီးတစ်ယောက်အကြောင်းပါ။ အဆိုပါအမျိုးသားကြီးဟာ မက်ဒရစ်မြို့မှာ တက္ကစီမောင်းနေတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အဆိုပါတက္ကစီသမားကြီးကို မက်ဒရစ်မြို့ရှိ ဆေးရုံတစ်ခုကတော့ ဂုဏ်ပြုပွဲလေးတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။ အကြောင်းအရင်းကတော့ အဆိုပါအမျိုးသားကြီးဟာ ဆေးရုံသွားဖို့ လူနာတွေဆို အယုတ်အလတ်အမြတ်မရွေး ဆေးရုံတွေကို အခမဲ့ပို့ဆောင်ပေးနေလို့ပဲ ဖြစ်ကြောင်း Indepandent သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

ဗီဒီယိုမှာတွေ့ရတဲ့အတိုင်း ဆေးရုံရှိဝန်ထမ်းတွေဟာ တက္ကစီမောင်းတဲ့အမျိုးသားကြီး ဆေးရုံထဲဝင်ဝင်လာချင်း ၁ မိနစ်နီးပါး လက်ခုပ်တီးကာ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။ တက္ကစီမောင်းတဲ့အမျိုးသားကြီးခမျာမှတော့ သူ့လုပ်ရပ်အတွက် ဂုဏ်ယူပီတိဖြစ်နေသလို တစ်ဖက်မှာလည်း သူ့ကို အခုလို ဂုဏ်ပြုကြလို့ အံ့သြဝမ်းသာဖြစ်နေပါတယ်။ ခဏကြာမှာတော့ ဆေးရုံက ဆရာဝန်တစ်ဦးဟာ တက္ကစီသမားကြီးကို စာအိတ်နှစ်အိတ်ကို ပေးခဲ့ပါတယ်။ ပထမတစ်အတ်ကတော့ သူ့ရဲ့ ဆေးစစ်ချက်အဖြေဖြစ်ပါတယ်။ COVID 19 ရောဂါပါတဲ့သူတွေကိုလည်း သူ့ရဲ့တက္ကစီကားလေးနဲ့ ဆေးရုံကို ပို့ပေးနေကြမို့လို့ သူ့အတွက်ဆေးရုံက အခမဲ့ဆေးစစ်ပေးထားတဲ့အဖြေဖြစ်ပါတယ်။ ဆေးစာအဖြေကတော့ COVID 19 ရောဂါပိုး Negative ပဲ ဖြစ်ပါတယ်။ နောက်ထပ်စာအိတ်တစ်အိတ်ကတော့ သူ့အတွက် ဂုဏ်ပြုငွေတွေပဲ ဖြစ်ပါတယ်။

READ
(၂၄)နှစ်နဲ့ Lamborghini  ကားသစ်ကြီး ၀ယ်လိုက်တဲ့ စင်ကာပူ Influencer မ လေး
[email protected]

“သူက ဒီလိုဂုဏ်ပြုငွေနဲ့ ကောင်းကောင်းကြီးထိုက်တန်ပါတယ်။ သူ့ကို ဒီထက်ကြီးကျယ်တဲ့ အခမ်းအနားမျိုးနဲ့ ဂုဏ်ပြုချင်တာပါ။ တကယ်ကို စိတ်ကောင်းရှိတဲ့လူပါပဲ။ သူ့ကြောင့် လူနာတော်တော်များများဆေးရုံကို အချိန်မှီရောက်လာရတာပါ” လို့ အဆိုပါဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောကြားခဲ့ပါတယ်။

[email protected]

Pyi Hein Kyaw

SHARE