သမုဒ္ဒရာကြီးနဲ့ ၀င်ရိုးစွန်းအလင်းတန်းတွေရဲ့ အလှကို ခံစားနိုင်မယ့် ဟိုတယ်အသစ်

Sky Lagoon

ဂလက်ဆီအလင်းတန်းတွေကို မြင်ဖို့ဆိုရင် များသောအားဖြင့် ရေခဲပြင်ကြီးရဲ့ နေရာအဆုံးတွေထိပါသွားမှ အဲဒီအလင်းတန်းတွေကို မြင်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ အဲဒီလိုအလင်းတန်းတွေကို မြင်နိုင်ဖို့အတွက် အရမ်းကြီး အပင်ပန်းခံပြီး သွားစရာ မလိုတော့ပါဘူး။ လာမယ့် ၂၀၂၁ ခုနှစ်ထဲ Iceland နိုင်ငံမှာ အသစ်ဖွင့်လှစ်မယ့် ဟိုတယ်ကြီးကနေပြီးတော့ ဂလက်ဆီအလင်းတန်းတွေကို မြင်နိုင်မယ့်အပြင် ပင်လယ်သမုဒ္ဒရာကြီးကိုပါ အတိုင်းအဆမရှိ မြင်တွေ့နိုင်တော့မှာဖြစ်ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Sky Lagoon

အဆိုပါဟိုတယ်အသစ်ကြီးရဲ့ နာမည်ကတော့ Sky Lagoon ပဲ ဖြစ်ပါတယ်။ အဆိုပါ ဟိုတယ်အသစ်ကြီးဟာ Iceland နိုင်ငံ၊ Kopavo gur မြို့ရှိ Karsnes ဆိပ်ကမ်းအနီးမှာ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ အခြားဟိုတယ်တွေနဲ့ မတူတဲ့အချက်ကတော့ Atlantic သမုဒ္ဒရာကြီးကို မျက်စိတစ်ဆုံး မြင်တွေ့နိုင်မယ့်အပြင် ဂလက်ဆီအလင်းတန်းတွေကို ညဖက်ကျရင် ကောင်းကင်မှာ မြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။

READ
ခရီးသွားရတာ နှစ်သက်တဲ့သူတိုင်း follow လုပ်ထားသင့်တဲ့ Instagram အကောင့်(၇)ခု
Sky Lagoon

ဟိုတယ်ကတော့ ဆောက်လုပ်ပြီးစီးသွားပေမယ့် လက်ရှိအချိန်အထိတော့ ဖွင့်လှစ်ခြင်းမရှိသေးပါဘူး။ဟိုတယ်ကို လာရောက်လေ့လာချင်သူတွေကတော့ Iceland နိုင်ငံ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ရင် လာရောက်လေ့လာနိုင်ကြောင်း သိရှိရပါတယ်။ တရားဝင်ဖွင့်လှစ်မယ့်အချိန်ကတော့ လာမယ့် ၂၀၂၁ ခုနှစ် နွေဦးရာသီအစလောက်မှာမှ ဖွင့်လှစ်မှာဖြစ်ကြောင်း သိရပါတယ်။

“ဟိုတယ်ကတော့ ကျွန်တော်တို့ အမိုက်စားပုံစံဆောက်လုပ်ထားတာပါ။ လာရောက်တည်းခိုမယ့်သူတွေကို စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်မယ်လို့လဲ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အဓိကကတော့ သဘာဝရဲ့ အရသာကို အပြည့်အဝပေးစွမ်းနိုင်မယ့်အပြင် လုံးဝဘဝမှာ တစ်ခါမှ မရဖူးတဲ့ ခံစားမှုမျိုးကို ပေးစွမ်းနိုင်မယ့် ဟိုတယ်တစ်ခုအဖြစ် ယုံကြည်ပါတယ်” လို့ Sky Lagoon ဟိုတယ်ရဲ့ GM ဖြစ်သူ Dagny Petursdottir က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE