Halloween အပြင်အဆင်ကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေတဲ့ အိမ်ကြီး

[email protected]

Halloween ပွဲတော်ကို ကျွန်တော်တို့နိုင်ငံတွေမှာ တကူးတက ကျင်းပလေ့ မရှိပေမယ့် အနောက်နိုင်ငံတော်တော်များများမှာတော့ Halloween ပွဲတော်ကို သေသေချာချာ တကူးတကကို ကျင်းပလေ့ ရှိပြီး ဒီ ၂၀၂၀ ခုနှစ်ရဲ့ Halloween ပွဲတော်ရက်ဟာလည်း မကြာခင်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ဟာ ဒီ ၂၀၂၀ ခုနှစ်ရဲ့ Halloween ပွဲတော်ရက်ဖြစ်တာကြောင့် အနောက်နိုင်ငံသားတော်တော်များများဟာ အဆိုပါပွဲတော်ကို ကျင်းပဖို့ ယခုအချိန်ထဲက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ရင်း တာဆူနေကြပြီး ဖြစ်ပါတယ်။ အခုလည်း အမေရိကန်နိုင်ငံရှိ အိမ်တစ်လုံးရဲ့ Halloween အပြင်အဆင်ဟာ တော်တော်လေးကိုောကာက်ဖို့ကောင်းပြီး ထူးခြားလွန်းတာကြောင့် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေကြောင်း Fox News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

@eastauroranyAnd that’s on living in a town full of toy designers. ##eastaurorany ##ghostmode ###halloween2020♬ original sound – East Aurora, New York

အဆိုပါ အိမ်ကြီးဟာ အမေရိကန်နိုင်ငံရှိ East Aurora ကျေးရွာမှာ တည်ရှိနေတာဖြစ်ပြီး အဆိုပါ အိမ်ရဲ့ Halloween အပြင်အဆင်ကို David Moomaw အမည်ရ အမျိုးသားက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ David ဟာ အရုပ်ဖန်တီးတဲ့ ပညာရှင်တစ်ယောက် ဖြစ်တာနဲ့အညီ Halloween ပွဲတော်အတွက် သူ့ရဲ့နေအိမ်ကို သေသေချာချာလေး ကြောက်အောင် ပြင်ဆင်ထားတဲ့ ပုံစံပါပဲ။

READ
သားကြီးကို ပေါင်(၂,၅၀၀) တန် ၀ိုင်ပုလင်းဝယ်တိုက်ခဲ့တဲ့ ဗစ်တိုးရီးယားဘက်ခမ်း

 

@eastaurorany##halloween2020 ##eastaurorany ##fyp♬ Halloween – Main Title Theme – Best Movie Soundtracks

ဗီဒီယိုထဲမှာတွေ့ရတဲ့ အတိုင်း အိမ်ရှေ့မြက်ခင်းကြီးတစ်ခုလုံးကို ပင့်ကူကြီးတစ်ကောင်ရဲ့ အသိုက်ပုံစံ ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ ပင့်ကူအိမ်ဟာဆိုရင်လည်း David ရဲ့ နေအိမ်ထဲတောင် တော်တော်လေးကို ကြီးမားနေပြီး ပင့်ကူကြီးဟာဆိုရင်လည်း တော်တော်လေးကို ကြီးမားတဲ့ ပင့်ကူကြီးတစ်ကောင်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပင့်ကူကြီးဟာ သူ့ရဲ့ ပင့်ကူအိမ်ကနေ အပေါ်တက်လိုက်၊ အောက်ဆင်းလိုက် လုပ်နေတဲ့ ပုံစံက တော်တော်လေးကို အသည်းယားဖို့ကောင်းပြီး ရုတ်တရက် အနားရောက်မှ တွေ့လိုက်ရသူတစ်ယောက်အဖို့ တော်တော်လေးကို သွေးပျက်စရာပါပဲ။ David ဟာ သူ့ရဲ့ Halloween ဖန်တီးမှုကို Tiktok ပေါ်တင်ခဲ့ပြီး အဆိုပါ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာပေါ်မှာ ကြည့်ရှု့သူ ၈ သန်းခဲ့ရှိခဲ့ပြီး လူတိုင်းက David ရဲ့ လက်ရာကို ချီးကျူးနေခဲ့ကြပါတယ်။

READ
Spicy ramen စားပြီး အိမ်သာတက်ရာ သွေးပါလာတဲ့အတွက် ဆေးရုံတင်ခဲ့ရ

 

“ဒီနှစ်က COVID 19 ကပ်ရောဂါကြောင့် လူတိုင်း အိမ်တွင်းအောင်းနေရတဲ့ အချိန်လေ။ ဒါ့ကြောင့် Halloween ကို အစက ဒီအတိုင်း ရိုးရိုးလေးပဲ ပြုလုပ်ဖို့ စဉ်းစားခဲ့ပေမယ့် အိမ်မှာပဲ နေနေရမယ့်အတူတူ မထူးဘူးဆိုပြီး သေသေချာချာ လုပ်ဖြစ်ခဲ့တာပါ။ အခုလို တော်တော်များများက ကျွန်တော့်ရဲ့ လက်ရာလေးကို ကြိုက်ကြလို့ ကျွန်တော်အနေနဲ့လည်း တော်တော်ပျော်ပါတယ်”လို့ David က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE