သခင်နဲ့အတူတူ သီချင်းလိုက်ဆိုနေတဲ့ Husk ခွေးကလေးရဲ့ ဗီဒီယိုဖိုင် နာမည်ကြီးနေ

[email protected]

ခွေးကလေးတွေကတော့ လူတွေရဲ့ အချစ်ဆုံးအိမ်မွေးတိရစ္ဆာန်လေးတွေ ဖြစ်ကြသလို လူတွေနဲ့ အနေအနီးဆုံး၊ လူတွေအပေါ်သစ္စာအရှိဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေဆိုလဲ မမှားပါဘူး။ အခုလို COVID 19 ဖြစ်ပွားနေတဲ့အချိန်မှာ လူတွေလဲ အိမ်မှာပဲ နေနေရသလို ခွေးကလေးတွေလည်း သူတို့သခင်တွေ အပြင်မထွက်တော့ အိမ်မှာပဲ ပျင်းရိနေကြမှာ အမှန်ပါပဲ။ ဒါပေမယ့် Kovu လို့ အမည်ရတဲ့ ခွေးကလေးတစ်ကောင်ကတော့ ပျင်းနေမှာ မဟုတ်လောက်ပါဘူး။

https://www.instagram.com/p/CATF7dLFyij/

အမေရိကန်နိုင်ငံ၊ Arizona ပြည်နယ်၊ Colorado မြို့ရှိ Kovu  လို့ အမည်ရတဲ့ Husky ခွေးကလေးတစ်ကောင်ဟာ သူ့သခင် Hegstrom အမည်ရှိ အမျိုးသားနဲ့ အိမ်မှာ နေရတဲ့ တော်တော်ပျော်နေတဲ့ ပုံပါပဲ။ ဒါ့အပြင် Kovu လေးဟာ သူ့သခင် ဂစ်တာတီးပြီး သီချင်းဆိုတိုင်း အနောက်ကနေ ဟာမိုနီပုံစံနဲ့ သီချင်းလိုက်ဆိုလေ့ရှိကြောင်း Huffingtonpost သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
ကလေးကို ဘယ်လိုထိန်းကျောင်းရမလဲဆိုတာ ပြသခဲ့တဲ့ ဆရာကျလွန်းတဲ့ မျောက်မကြီး

https://www.instagram.com/p/CAlGSoDphUQ/

အသက် ၃ နှစ်အရွယ်သာရှိသေးတဲ့ Kovu လေးဟာ အဆိုတော် Bill Withers ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Lean On Me, Jason Mraz ရဲ့ I’m Yours အစရှိတဲ့ သီချင်းတွေကို သူ့သခင်ဖြစ်သူ Hegstrom တစ်ယောက် အိမ်မှာနေပြီး ဂစ်တာတစ်လက်နဲ့ သီချင်းဆိုတိုင်း နောက်ကနေ ဟာမိုနီလိုက်ပေးလေ့ရှိပါတယ်။ Kovu လေးဟာ Hegstrom ရဲ့ လက်ပေါ်မှာပဲ ကြီးပြင်းလာခဲ့တဲ့ ခွေးကလေးတစ်ကောင်ဆိုလည်း မမှားပါဘူး။

READ
အွန်လိုင်းကနေ အသီးအရွက်တွေဝယ်တော့ အံ့သြသွားခဲ့ကြရတဲ့ အဖြစ်ပျက်များ

https://www.instagram.com/p/CAK94y8FtJg/

အခုဆိုရင်တော့ သခင်ဖြစ် Hegstrom ဟာ Kovu လေးအတွက် Instagram အကောင့်တစ်ခု ဖွင့်ပေးထားပြီး Kovu သီချင်းလိုက်ဆိုသမျှ ဗီဒီယိုလေးတွေနဲ့ Kovu ရဲ့ ဓာတ်ပုံလေးတွေကို တင်ပေးလေ့ရှိပါတယ်။ Kovu ရဲ့ Instagram အကောင့် ဖွင့်တာ သိပ်မကြာသေးခင်အချိန်မှာပဲ Kovu မှာ Follower 6,000 နီးပါးရှိနေပြီဖြစ်ပြီး ဗီဒီယိုတွေကို ကြည့်ရှု့သူဟာ အနည်းဆုံး 32k ရှိကြောင်း သိရပါတယ်။

https://www.instagram.com/p/CAGvWsDnbqZ/

Pyi Hein Kyaw

SHARE