လကမ္ဘာကို အတူသွားဖို့ အမျိုးသမီး လက်တွဲဖော်ရှာနေတဲ့ ဂျပန်ဘီလီယံနာသူဌေးကြီး

Business insider India

ယောက်ျားလေးတော်တော်များများက မိန်းကလေးတွေနဲ့ ပထမဆုံးဒိတ်ကြရင် စားသောက်ဆိုင်ကောင်းကောင်းတို့၊ ရုပ်ရှင်ရုံတို့၊ ရှော့ပင်းစင်တာတို့ မှာ ဒိတ်လုပ်ကြတာပဲများပါတယ်။ အကယ်လို့ သင်ဟာ မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုရင် လကမ္ဘာပေါ်မှာ ဒိတ်ဖို့ စိတ်ကူးဖူးလား။ အကယ်လို့ စိတ်တောင်မကူးဖူးဘူးဆိုရင် ဒီစာကို ဖတ်ပြီးတဲ့အချိန်မှာ စတင်စိတ်ကူးလို့ ရပါပြီ။

[email protected] Maezawa

Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ အသက်၄၄နှစ်ရှိပြီဖြစ်တဲ့ Yusaku Maezawa လို့ အမည်ရတဲ့ ဂျပန်ဘီလီယံနာသူဌေးကြီးတစ်ဦးဟာ SpaceX အမည်ရှိ အာကာသယာဉ်နဲ့ လကမ္ဘာပေါ်ကို သွားမယ့် ခရီးစဉ်မှာ သူနဲ့အတူလိုက်ပါဖို့ ဘ၀လက်တွဲဖော်တစ်ဦးကို ရှာဖွေနေကြောင်း သိရပါတယ်။ Yusaku ဟာ ကမ္ဘာပေါ်ကနေ လကမ္ဘာကို သွားတဲ့ အာကာသယာဉ်မှာ ပထမဦးဆုံး စီးနင်းလိုက်ပါမယ့် ခရီးသည်ဖြစ်ပြီး အာကာသယာဉ်ဟာ ၂၀၂၃ ခုနှစ်မှာ ထွက်ခွာမှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

READ
ဘီယွန်းဆေးသီချင်းကိုအသားကပ်ဝတ်စုံဝတ်ပြီးသမီးတွေနဲ့အပြိုင်ကခဲ့တဲ့ဖခင်

 

Yusaku ရဲ့ အရင်ရည်းစားဟောင်းတစ်ဦးဖြစ်တဲ့ အသက်၂၇နှစ်အရွယ် ဂီတပညာရှင်တစ်ဦးဖြစ်တဲ့ Ayame Goriki နဲ့ ပြတ်သွားပြီးနောက်ပိုင်းမှာ Yusaku ဟာ တစ်ဟေယာက်တည်း အထီးကျန်ပြီး အသည်းကွဲဝေဒနာကို ခံစားနေရတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လကမ္ဘာကို သွားတဲ့ခရီးစဉ်မှာ ပျော်ရွှင်စွာ ခရီးသွားချင်ပြီး သူ့ရဲ့ဘ၀မှာ လက်တွဲဖော်တစ်ဦးလဲ လိုအပ်နေတာကြောင့် အခုလို တရားဝင် ထုတ်ပြန်ခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။

READ
သွားဆရာဝန်မလေးကို မြင်လိုက်တာနဲ့ သွားကိုက်ဝေဒနာတောင် မေ့သွားရမယ့်အဖြစ်
Unsplash/TMF

“ ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်းအထီးကျန်ဆန်နေတာကြာပါပြီ။ သေသေချာချာ ကိုယ့်စိတ်ကို ဆန်းစစ်ကြည့်တော့ နောက်ထပ်လက်တွဖော်တစ်ယောက် ကျွန်တော်ဘ၀မှာ လိုအပ်နေပြီး အဲဒီမိန်းကလေးကို ကျွန်တော့်ဘ၀ကြီးတစ်ခုလုံး ပုံပေးပြီး ချစ်ချင်တာပဲ။ ကမ္ဘာ့အပြင်ဘက်ကနေ အကျယ်ကြီး အော်ချင်တဲ့စိတ်ကူးရှိရင် ကျွန်တော်သူမနဲ့အတူတူလိုက်အော်ပေးပါ့မယ်” လို့ Yusaku ကပြောပြခဲ့ပါတယ်။ အဆုပါမိန်းကလေးဟာ အသက်၂၀ကျော် ၊ အိမ်ထောင်မ၇ှိသူ၊ အာကာသခရီးကို စိတ်ပါဝင်စားတဲ့သူဖြစ်တာနဲ့ သူ့လက်တွဲဖော်ဖြစ်နိုင်ကြောင်း သိရှိရပါတယ်။

Pyi Hein Kyaw

SHARE