Twitter က follower တွေကို ဒေါ်လာ(၉)သန်းကျော် ပေးခဲ့တဲ့ ဂျပန်ဘီလီယံနာတစ်ဦး

Twitter/Yusaku Maezawa

ဒီဘက်ခေတ်မှာ လူတော်တော်များများဟာ ပိုက်ဆံကို ကုန်းရုန်းရှာနေကြရတာပါ။ ဒီလို ကုန်းရုန်းပြီးရှာဖွေနေရတာတောင်မှ တစ်လတစ်လ လစာထုတ်တာနဲ့ အကြွေးဆပ်၊ ၀ယ်စရာရှိတာလေးဝယ်၊ ဟိုပေးဒီပေး ဟိုသုံးဒီသုံးနဲ့ နောက်တစ်လ လစာထုတ်တဲ့ အချိန်ပြန်စောင့်နဲ့ လုံးလည်ချာလည်လိုက်နေတာပါ။ ဒီလို ခေတ်ကြီးထဲမှာ လူတစ်ယောက်က အခြားသူတွေကို ဒေါ်လာ ၉သန်း (မြန်မာငွေ သိန်းပေါင်း တစ်သိန်းကျော်) အလကားပေးလိုက်ရင် သင်ယုံနိုင်ပါမလား။

 

ဂျပန်က ဘီလီယံနာတစ်ဦးဟာ Twitter ပေါ်က သူ့ကို follow လုပ်ထားတဲ့ လူတစ်ထောင်ကျော်ကို အမေရိကန်ဒေါ်လာ ၉သန်းကျော် အလကားပေးခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ရိုးရှင်းပါတယ်။ သူအဲဒီလိုပေးလိုက်ရင် လူတွေ ဘယ်လောက်ပျော်သွားမလဲ သူသိချင်ရုံ သက်သက်ပါပဲတဲ့။

READ
၈နှစ်အရွယ်သားလေးမီးထဲပါသွားတာကြောင့် ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တဲ့မိခင်

CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ Yusaku Maezawa လို့အမည်ရတဲ့ ဘီလီယံနာတစ်ယောက်ဟာ ဒေါ်လာ ၉သန်းကျော်အား လူအယောက်တစ်ထောင်ကျော်ကို အလကားပေးမှာ ဖြစ်ကြောင်း သူ့ရဲ့ Twitter မှတစ်ဆင့် ကြေညာခဲ့ပါတယ်။ လိုက်နာရမယ့် အချက်တွေကတော့ ရိုးရှင်းပါတယ်။ သူ့ကို  Twitter မှ folloe လုပ်ထားပြီး သူ့ပို့စ်အောက်မှာ retweet ပြန်လုပ်ပေးထားရုံပါပဲ။ Retweet ပြန်လုပ်တာကိုတော့ ဇန်န၀ါရီလ ၇ရက်နေ့ည သန်းခေါင်မတိုင်ခင်အထိ သတ်မှတ်ထားကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Pyi Hein Kyaw

SHARE