ပုံမှန် ဆူရှီ (၉) ခုနဲ့ အစာပြန်သွပ်ထားတဲ့ ဧရာမဆူရှီလိပ်ကြီး

via Ito-Yokado

ပုံမှန်ဆူရှီတစ်လိပ်က အလျား (၆)လက်မလောက်သာရှိပြီး အနံ(အထူ)က ၁ လက်မကျော်ကျော်လောက်ပဲရှိတာပါ။ ဒါပေမယ့် ဂျပန်နိုင်ငံရှိ စူပါမားကပ်တစ်ခုကတော့ ပုံမှန်အရွယ်အစားဆူရှီ ၉ လိပ်နဲ့ အစာသွပ်ထားတဲ့ ဧရာမဆူရှီကြီးတစ်ခုကို ပြုလုပ်ရောင်းချနေကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

via Ito-Yokado

Ito-Yokado လို့ အမည်ရတဲ့ ဂျပန်နိုင်ငံရှိ စူပါမားကပ်တစ်ခုဟာ လွန်ခဲ့တဲ့ ဖော်ဖော်ဝါရီလ ၃ ရက်နေ့ကစပြီး ဧရာမဆူရှီလိပ်ကြီးကို ပြုလုပ်ရောင်းချခဲ့ပါတယ်။ အဆိုပါ ဖော်ဖော်ဝါရီလ ၃ ရက်နေ့ဟာ Setsubun ပွဲတော်နေ့ ဖြစ်ပြီး ထိုပွဲတော်နေ့အထိမ်းအမှတ်အတွက် အခုလို ဧရာမဆူရှီလိပ်ကြီးကို စတင်ပြုလုပ်ရောင်းချခဲ့ပါတယ်။ အဆိုပါဆူရှီလိပ်ကိုတော့ ဂျပန်လို Goka Kenran လို့ခေါ်ပြီး လာမယ့် ဂျပန်နှစ်သစ်ကူးနေ့အတွက်လဲ ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

READ
McDonald က အသစ်ထုတ်လုပ်လိုက်တဲ့ Minionမီနူး
via Ito-Yokado

အဆိုပါဆူရှီလိပ်ကြီးဟာ ပုံမှန်အရွယ်အစားရှိတဲ့ ဆူရှီလိပ် ၉ ခုနဲ့ ပြုလုပ်ထားတာကြောင့် အရသာတော့ တော်တော်တွေ့စေမှာ ဖြစ်ပါတယ်။ ဆူရှီတစ်ခုဟာ ၃ လက်မခွဲရှိပြီး အဆိုပါဆူရှီထဲမှာ ပါဝင်တဲ့ ပစ္စည်း တန်ဆာပလာအမျိုးပေါင်းဟာ ၂၀ ကျော်နီးပါးရှိကြောင်း SoraNews24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ဆူရှီအလိပ်လိုက်ကြီးကတော့ တစ်လိပ်ကို အမေရိကန်ဒေါ်လာ ၄၉.၆၂ ကျသင့်မှာဖြစ်ပြီး တစ်ဝက်ပဲ ယူမယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ ၂၄.၉၁ ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲတော်ရက်တွေအတွက်မှာယူမယ်ဆိုရင်တော့ လက်ရှိအချိန်မှာ Pre order ပိတ်သွားပြီဖြစ်ကြောင်း သိရပါတယ်။

via Ito-Yokado

Pyi Hein Kyaw

SHARE