အရုပ်တွေကို ရူးသွပ်လွန်းလို့ ဒေါ်လာ(၂)သိန်းဖိုးလောက် ၀ယ်စုထားခဲ့တဲ့ ကောင်လေး

[email protected]

Lego အရုပ်ကလေးတွေကိုတော့ ငယ်စဉ်ဘယတုန်းက လူတော်တော်များများ ဆော့ဖူးကြမယ်ထင်ပါတယ်။ Lego အရုပ်တွေနဲ့ အခြားအရုပ်တွေ မတူတဲ့ အချက်ကတော့ အခြားအရုပ်တွေဟာ တစ်ခါတည်းအကောင်လိုက် တန်းဝယ်လို့ ရပေမယ့် Lego ရုပ်တွေကတော့ ကိုယ်ကိုယ်တိုင် ဘူးထဲမှာပါတဲ့ အပိုင်းအစလေးတွေကို အညွှန်းကြည့်ပြီး အရုပ်တစ်ရုပ်ဖြစ်အောင် ဆက်ရတာပဲ ဖြစ်ပါတယ်။ ဒီလို ကိုယ့်အားကိုယ်ကိုးပြီး ဖြစ်လာတဲ့ အရုပ်လေးတွေနဲ့ ဆော့ရတဲ့ ခံစားချက်က အခြားအရုပ်တွေနဲ့ဆာ့ရတဲ့ ခံစားချက်ချင်း ကွာခြားပါတယ်။

အခုပြောပြချင်တဲ့ ကောင်လေးတစ်ယောက်ကတော့ အရုပ်တွေကို ငယ်စဉ်ကတည်းက ရူးသွပ်ပြီး အရုပ်တွေနဲ့ ကြီးပြင်းလာတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ အဆိုပါကောင်လေးရဲ့ နာမည်ကတော့ Trent Cucchiarelli ပဲ ဖြစ်ပါတယ်။

Trent ဟာ ငယ်စဉ်ကလေးဘဝကတည်းက အခုအချိန်ထိ Action Figure အရုပ်ပေါင်းစုံကို စုဆောင်းရတာ ဝါသနာပါတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် အခုလက်ရှိအချိန်အထိ သူပိုင်ဆိုင်တဲ့ အရုပ်တွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂ သိန်းနီးပါးရှိပြီ ဖြစ်ပါတယ်။

READ
(၄)နှစ်အရွယ် မသန်စွမ်းကလေးငယ်ကို မိဘအရင်းတွေက ရေဆိုးမြောင်းအတွင်း စွန့်ပစ်ခဲ့

Lego Master ရဲ့  Final ပွဲစဉ်အထိ တက်ရောက်ခဲ့ဖူးတဲ့ Trent ဟာ နောက်ထပ် Season တွေမှာလည်း သူ့အနေတဲ့ Lego Master ပြိုင်ကပွဲတွေကို ဝင်ပြိုင်ဖို့ အစီအစဉ်ရှိသေးကြောင်း ပြောပြခဲ့ပါတယ်။ အခုအချိန်မှာတော့ Trent ဟာ အိမ်မှာနေနေရတဲ့အချိန် သူ့အခန်းထဲက 6m x 4.8m အကျယ်အဝန်းကို အရုပ်တွေအတွက် ပြခန်းပုံစံလေးပြီးစီးသွားကြောင်း ပြောပြခဲ့ပါတယ်။

“Lego အရုပ်တွေကတော့ ကျွန်တော့်ဘဝပါပဲ။ ဒီအရုပ်တွေဟာ လူတိုင်းရဲ့ အမြင်မှာ ကလေးကစားစရာပုံစံမျိုး မြင်နေပေယ့် ကျွန်တော့်အတွက်တော့ အဖိုးတန်ရတနာပစ္စည်းတွေလိုပါပဲ” လို့ Trent က Realestate သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

READ
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုမြင့်မားနေတဲ့ ဒေသက ငွေစက္ကူတွေကို တရုတ်အစိုးရ ဖျက်ဆီးမည်
[email protected]

Pyi Hein Kyaw

SHARE