ရေမြင်းကို ကိုက်ဖို့ကြိုးစားတဲ့ ခြင်္သေ့၊ ကံကောင်းလို့ မသေတဲ့အဖြစ်

ရေမြင်းတွေဟာ အလွန်ကြီးမားတဲ့ ကုန်းနေရေနေ သတ္တ၀ါတွေ ဖြစ်ကြပြီး၊ မိမိကိုယ်ကိုယ် ကာကွယ်လိုရုံမှအပ အခြားသတ္တ၀ါတွေကို ရန်ရှာတိုက်ခိုက်လေ့ မရှိပါဘူး။ ကမ္ဘာဦးကတည်းက သက်တမ်းနဲ့ မျိုးဗီဇတွေ အဆင့်ဆင့်ပြောင်းလဲပြီး ပေါက်ဖွားလာခဲ့တဲ့ သတ္တ၀ါတွေ ဖြစ်ပါတယ်။

အရွယ်ရောက်ပြီး ရေမြင်းတစ်ကောင်ဟာ တစ်နာရီကို 19 ကီလိုမီတာ အမြန်နှုန်းနဲ့ (ခရီးတို) ပြေးနိုင်သလို၊ အလေးချိန် ကတော့ 1,500 ကီလိုဂရမ် (3,310 ပေါင်) နဲ့ 1,300 ကီလိုဂရမ်  (2,870 ပေါင်) အကြားမှာ ရှိတတ်ပါတယ်။ ကျား၊ ခြင်္သေ့၊ ဆင် အစရှိတဲ့ သတ္တ၀ါတွေကတောင် ရန်ရှာခြင်း မခံရတဲ့ တိရစ္ဆာန်တွေ ဖြစ်ပါတယ်။

ရေမြင်းတစ်ကောင်ရဲ့ သွားကိုက်အားဟာ အလွန်ပြင်းထန်ပြီး၊ ခြင်္သေ့၊ ကျားတို့ထက်တောင် ပြင်းထန်ပါတယ်။ သူတို့ရဲ့ ပျမ်းမျှကိုက်အားဟာ 1821 psi ရှိပါတယ်။ (ခြင်္သေ့-600 psi /ကျား 1050 psi) ဒါကြောင့် ရေမြင်းတွေကို ရန်သွားစတဲ့ သူတွေဟာ သေပွဲဝင်ရဖို့သာ ရှိပါတယ်။

READ
အပြင်ထွက်နေတဲ့အူကိုပလတ်စတစ်အိတ်ထဲထုတ်ပြီးနေလာတာ နှစ်(၂၀)ခန့်ရှိပြီဆိုတဲ့အဖွားအို

အခုတော့ မနေနိုင် မထိုင်နိုင် ခြင်္သေ့မတစ်ကောင်ဟာ အိပ်နေတဲ့ ရေမြင်းတစ်ကောင်ကို ရန်သွားစပြီး၊ အစာအတွက် ရလေမလားလို့ သွေးတိုးစမ်းခဲ့ပါတယ်။ ခြင်္သေ့မဟာ အိပ်နေတဲ့ ရေးမြင်းအနီးကို ခြေသံလုံအောင် ချဉ်းကပ်ပြီး၊ တို့ကနန်းဆိတ်ကနန်းနဲ့ စခဲ့ပါတယ်။ ဒီမှာတင် ရေမြင်းက အိပ်နေရာမှ ထပြီး၊ ခြင်္သေ့ကို ပြန်ကိုက်ခဲ့ပါတယ်။

ရေမြင်းပါးစပ်တစ်ငုံတောင်မရှိတဲ့ ခြင်္သေ့ဦးခေါင်းဟာ ရေမြင်းပါးစပ်ထဲမှာ စုပ်စမြုပ်စပျောက်သွားခဲ့ပါတယ်။ ရေမြင်းက အရမ်းဒေါသထွက်နေတဲ့ အချိန်မဟုတ်လို့သာ သက်ညှာပေးပြီး လွှတ်ပေးလိုက်တဲ့သဘောပါ။ ခြင်္သေ့မကတော့ နောက်ကိုတောင် လှည့်မကြည့်ဘဲ တန်းပြေးပါတော့တယ်။ နောက်ဆို ဒီခြင်္သေ့မ ရေမြင်းကို စရဲမှာ မဟုတ်တော့ပါဘူး။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

source : dailystar.co.uk

SHARE