တိုင်ဖွန်းမုန်တိုင်းအပြီး လမ်းရှင်းလင်းရေးလုပ်ငန်းတွေကို လုပ်ကိုင်ပေးနေတဲ့ ချောင်ယွန်ဖတ်

အက်ရှင်မင်းသား ဒေါ်နယ်ချောင် တစ်ဖြစ်လဲ ချောင်ယွန်ဖတ်ဟာ အာရှမှာ နာမည်ကျော်ကြားတဲ့ ဟောင်ကောင်မင်းသားကြီးတစ်လက်ပါ။ သူဟာ သရုပ်ဆောင်ပညာကြောင့် နာမည်ကြီး ထင်ရှားရုံတင်မဟုတ်ပဲ အပြင်မှာလည်း သဘောကောင်းသူ၊ ရင်းနှီးဖော်ရွေတတ်သူ လူတစ်ယောက်အဖြစ် လူသိများပါတယ်။ အခုဆိုရင်တော့ ချောင်ယွန်ဖတ်ဟာ အသက်(၆၃) နှစ်ရှိနေပါပြီ။

မကြာသေးမီက ဟောင်ကောင်နဲ့ မကာအိုကို တိုင်ဖွန်း ဟာတို ၀င်ရောက်သောင်းကျန်း သွားခဲ့ပါတယ်။ မုန်တိုင်းအပြီးမှာ လမ်းတွေပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေး ထိခိုက်တာကြောင့် လူတွေဟာ လမ်းပေါ်မှာ တင်ကျန်နေတဲ့ အပျက်အစီး အမှိုက်သရိုက်ေတွကို ဖယ်ရှားနေခဲ့ကြပါတယ်။

The Epoch Times

ထိုလမ်းရှင်းနေတဲ့သူတွေထဲမှာ ရုပ်ရှင်မင်းသားကြီး ချောင်ယွန်ဖတ်လည်း ပါဝင်လုပ်ပေးနေတာကို လူတစ်ယောက်က တွေ့မြင်ပြီး ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ ပရိသတ်တွေက “Brother Fat” လို့ သိကြတဲ့ ချောင်ယွန်ဖတ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ(၂၄) ရက် နေ့လည်(၂) နာရီအချိန်လောက်မှာ တိုင်ဖွန်းကြောင့် အပျက်အစီးတွေနဲ့ ပိတ်နေတဲ့ ၀ါတာလူးလမ်းမကြီးပေါ်မှာ လမ်းရှင်းပေးနေခဲ့တာပါ။

READ
အိမ်မှာမွေးစားမယ့်ကြောင်လေးကို ဂေဟာကနေကိုယ်တိုင်ကိုယ်ကျရွေးချယ်ခဲ့တဲ့ခွေးမလေး
Shanghaiist

ဓာတ်ပုံရိုက်ကူးခဲ့တဲ့ လူက ချောင်ယွန်ဖတ်ကို အမှတ်မထင် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သာမန်လူတွေ ၀တ်စားနေကြအတိုင်း အနက်ရောက်ခေါင်းစွပ်အင်္ကျီနဲ့ အနက်ရောင် ကတ်ဦးထုပ်ကို ဆောင်းထားပါတယ်။ လမ်းပေါ်မှာ ပြန့်ကျဲနေတဲ့ သစ်ကိုင်းခြောက် အတိုအစတွေနဲ့ အမှိုက်တွေကို မင်းသားကြီးက ကူရှင်းပေးနေတာဖြစ်ပါတယ်။ ဓာတ်ပုံတွေ အွန်လိုင်းပေါ် တက်လာပြီးနောက် Apple Daily က ချောင်ယွန်ဖတ်ကို ဆက်သွယ်မေးမြန်းခဲ့တဲ့အခါမှာတော့ သူက အခုလိုပြောပြပါတယ်။

သူဟာ ကနေဒါ ရိုက်ကွင်းတစ်ခုကနေ ဟောင်ကောင်ကို ပြန်လာတာပါ။ ကားမောင်းနေရင်းနဲ့ လမ်းမှာအခုလို လမ်းတွေပိတ်နေတာတွေ့တော့ ကြုံကြိုက်တာနဲ့ ၀င်အကူအညီပေးဖြစ်တာပါလို့ ဆိုပါတယ်။ နာမည်ကျော်မင်းသားတစ်လက်ဖြစ်နေပေမယ့် မောက်မာတာမျိုးမရှိပဲ တတ်အားသရွေ့ လုပ်အားအကူအညီ အလှူပေးခဲ့တဲ့ ချောင်ယွန်ဖတ်ကိုတော့ စိတ်ထားပြည့်ဝသူမင်းသားရယ်လို့ အွန်လိုင်းမှာ ချီးကျူးနေကြပါတယ်။

Shanghaiist

လင်းလင်း (ShweMom)

Ref: worldofbuzz

SHARE