မိုးရွာသွန်းပြီးတဲ့အခါ အဆိပ်ရှိသတ္တ၀ါတွေကိုပါ သတိပြုသင့်ကြောင်း ဖော်ပြနေတဲ့ဖြစ်ရပ်

facebook/Info Kemalangan/ Kecelakaan

မိုးအရမ်းရွာသွန်းတဲ့ အချိန်တွေမှာဆို လူတွေအနေနဲ့ ရေကြီးရေလျှံတဲ့ ဒုက္ခအပြင် နောက်ထပ်သတိပြုစရာ အန္တရာယ်ကလည်း ရှိနေပြန်ပါတယ်။ အဲ့ဒါကတော့ မိုးတွေရွာ၊ ရေတွေကြီးတဲ့အတွက် ခိုလှုံစရာနေရာလိုက်ရှာနေတဲ့ အဆိပ်ရှိသတ္တ၀ါတွေရဲ့ အန္တရာယ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိုးအရမ်းရွာတဲ့အခါ ၄င်းအဆိပ်ရှိသတ္တ၀ါတွေ ခိုလှုံနိုင်တဲ့နေရာမျိုးတွေကို သတိပြုမိကြစေဖို့ အောက်ပါဖြစ်ရပ်လေးကို worldofbuzz သတင်းဌာနကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

facebook/Info Kemalangan/ Kecelakaan

ဖေ့စ်ဘုတ်ဂရုပ်တစ်ခုဖြစ်တဲ့ Info Kemalangan/ Kecelakaan ထဲမှာ ဇက်ဇိုင်အမည်နဲ့ လူတစ်ယောက်က အီမန်ဆူဖီအမည်ရတဲ့ မလေးကလေးငယ်တစ်ယောက်ရဲ့ ဓာတ်ပုံတွေကို တင်ထားပါတယ်။ အီမန်လေးရဲ့ ဆေးရုံရောက်နေတဲ့ဓာတ်ပုံဖြစ်ပြီး ဆေးရုံတက်ရတဲ့အကြောင်းရင်းက ကလေးကို မြွေကိုက်လိုက်လို့ ဖြစ်ပါတယ်။ မြွေဟာ ကလေးရဲ့ဖိနပ်ထဲမှာ ၀င်ခိုနေတာဖြစ်ပြီး အီမန်လေးက ဒါကို မသိပဲ ဖိနပ်စီးဖို့လုပ်စဉ်မှာ အဆိပ်ရှိမြွေတစ်ကောင် အကိုက်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။

READ
အရေးပေါ်အချိန်တွေမှာ အရမ်းအသုံးဝင်မယ့် နေ့စဉ်သုံးပစ္စည်း (၆) မျိုး
facebook/Info Kemalangan/ Kecelakaan
facebook/Info Kemalangan/ Kecelakaan

လက်ရှိမှာတော့ ဆေးရုံတက်နေရတဲ့ အီမန်လေးကို အမြန်ဆုံးကျန်းမာစေဖို့ မျှော်လင့်ရတာပါပဲ။ မိုးရာသီအချိန် အပြင်မှာ ရေတွေလျှံ၊ စိုစွတ်နေတဲ့အတွက် မြွေတွေဟာ သူတို့ကိုယ်သူတို့ နွေးနွေးထွေးထွေးနဲ့ အနားယူနိုင်အောင် လူ့အသုံးအဆောင်ပစ္စည်းတွေနဲ့ အိမ်တွေထဲ ၀င်ခိုအောင်းတာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် အီမန်လေးလို မြွေဆိုးအန္တရာယ်နဲ့ မကြုံရအောင် စာဖတ်သူတွေအနေနဲ့ ကလေးတွေကို သတိထားသင့်ပါတယ်။

facebook/Info Kemalangan/ Kecelakaan

ဇက်ဇိုင်က မြွေဟာ အပြင်မှာ ရာသီဥတုအေးတဲ့အတွက် အနွေးဓာတ်ရဖို့အလိုငှာ ကလေးဖိနပ်ထဲ ၀င်အောင်းနေတာ ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ခုလို အဖြစ်မျိုး မဖြစ်ပွားရလေအောင် ဖိနပ်တွေကို အမြဲတမ်းအိမ်ထဲ ထည့်သိမ်းထားသင့်တဲ့အကြောင်းလည်း ဇက်ဇိုင်က သတိပေးခဲ့ပါသေးတယ်။

facebook/Info Kemalangan/ Kecelakaan

လင်းလင်း (ShweMom)

SHARE