ခွေးတစ်ကောင်ကို မိခင်အမှတ်နဲ့ သနားစဖွယ်တွယ်ကပ်နေတဲ့ ကိုအာလာပေါက်လေး

facebook/7NEWS Adelaide

မိခင်ပျောက်နေပုံရတဲ့ ကိုအာလာ ၀က်ဝံပေါက်လေးတစ်ကောင်ဟာ အိမ်မွေးခွေးတစ်ကောင်ကို မိခင်အမှတ်နဲ့ တွယ်ကပ်နေခဲ့ကြောင်း newshub သတင်းအရ သိရပါတယ်။ ၄င်းအိမ်မွေးခွေးလေးက တိုနီဖြစ်ပါတယ်။ တိုနီရဲ့ သခင်ဖြစ်သူ ဟင်နရီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက တိုနီ့ကို အိမ်နောက်ဖေးခြံထဲမှာ သွားဆော့ဖို့ဆိုပြီး လွှတ်ပေးလိုက်ပါတယ်။ ဒီဖြစ်ရပ်လေးဟာ သြစတေးလျနိုင်ငံ Adelaide တောင်ကုန်းတွေအနီးက Stirling မြို့လေးမှာ ဖြစ်ပွားခဲ့တာပါ။

ဒါပေမယ့် ဟင်နရီဟာ တိုနီကို ပြန်လည်းတွေ့ရရော တိုနီ့ရဲ့ ကိုယ်ပေါ်မှာ အကောင်လေးတစ်ကောင်ဟာ ကပ်ပါလာနေပါတယ်။ အဲ့ဒီအကောင်လေးကတော့ ကိုအာလာဝက်ဝံ သားပေါက်လေးပဲ ဖြစ်ပါတယ်။ ကိုအာလာ သားပေါက်လေးဟာ တိုနီကို သူ့ရဲ့မိခင်လို့ယူဆပြီး တိုနီ့ကိုယ်ပေါ်ကနေ ပြုတ်ကျမသွားအောင် အတင်းကပ်တွယ်ထားတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်လေးကိုတော့ အမှတ်တရအဖြစ် ဟင်နရီက ဗီဒီယိုရိုက်ကူးထားခဲ့တာပါ။

READ
နက်မှောင်တဲ့အသားအရည်ရဖို့မယ်လနင်ဆေးတွေအလွန်အကြူးထိုးခဲ့တဲ့ဂျာမန်လေယာဉ်မယ်
facebook/7NEWS Adelaide

တိုနီကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ပြီးတဲ့နောက် နောက်ဆုံးမှာတော့ ကိုအာလာလေးဟာ တိုနီ့ရဲ့ကိုယ်ပေါ်ကနေ ခွာပြီး နီးစပ်ရာ သစ်ပင်တစ်ပင်ပေါ်ဆီ ပြန်တက်သွားတယ်လို့ သိရပါတယ်။ ဟင်နရီရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို သြစတေးလျသတင်းဌာနတစ်ခုက ဖော်ပြခဲ့ရာကနေ ဗီဒီယိုကြည့်ရှုသူတွေက ကိုအာလာလေးအတွက် စိတ်မကောင်းဖြစ်နေကြပြီး ၀က်ဝံပေါက်လေးကို မိခင်ကြီးနဲ့အမြန်ဆုံး ပြန်လည်ဆုံတွေ့စေဖို့ ကူညီပေးသင့်တယ်လို့ တိုက်တွန်းနေကြပါတယ်။

facebook/7NEWS Adelaide

ဟင်နရီကတော့ သူတို့မြို့ထဲမှာ မကြာခဏဆိုသလို ကိုအာလာဝက်ဝံတွေကို တွေ့မြင်ရတတ်ကြောင်း ပြောပြပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ အရင်တုန်းက ခွေးတစ်ကောင်ပေါ်ကို ကိုအာလာပေါက်လေးတစ်ကောင်က လိုက်တွယ်ကပ်တာမျိုးတော့ မကြုံသေးဖူးကြောင်း ဆိုခဲ့ပါသေးတယ်။ တိုနီကို မိခင်အဖြစ်နဲ့ မရမကတွယ်ကပ်နေရှာတဲ့  ကိုအာလာပေါက်ကလေးနဲ့ ကိုအာလာလေးကို ခါချမရလို့ စိတ်ရှုပ်နေပုံရတဲ့ တိုနီတို့ရဲ့ မြင်ကွင်းကိုတော့ ချစ်ခင်သနားဖွယ်ရာ အခုလို တွေ့နိုင်ပါတယ်။

Koala joey hitches ride on Adelaide Hills man's dog

A cute case of mistaken identity in the Adelaide Hills between a koala joey and furry friend 'Tony'. Story: https://7news.link/0QtcmU #AdelHills #Koala #7NEWS

Posted by 7NEWS Adelaide on Sunday, October 6, 2019

လင်းလင်း (ShweMom)

SHARE