မလေးရှားနိုင်ငံရေဲ့ ဆးရုံတွေမှာ စိုးရိမ်တုပ်ကွေး လူနာတွေနဲ့ ပြည့်နှက်နေကြောင်း သိရ

Twitter/Gambar Bernama

စိုးရိမ်ရတဲ့ တုပ်ကွေရောဂါတစ်မျိုးဖြစ်တဲ့ Influenza A လူနာတွေဟာ မလေးရှားနိုင်ငံမှာ အဖြစ်များလာတာကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေက အတော်လေး စိတ်ပူနေပါတယ်။ Klang Valley ဒေသအတွင်းမှာရှိတဲ့ အစိုးရဆေးရုံနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာတော့ ခုတင်မလုံလောက်သည်အထိ လူနာတွေနဲ့ ပြည့်နှက်နေလို့ နောက်တိုးလူနာတွေ လက်ခံဖို့ မဖြစ်နိုင်တော့ပါဘူးတဲ့။

အထူးသဖြင့် Selangor နဲ့ Penang က ကျောင်းများ ပိတ်ထားရသည်အထိ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဆေးရုံတွေမှာ ဆေးဝါးပြတ်လပ်မှုတွေနဲ့အတူ လူနာဦးရေဖောင်းပွမှုတွေ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ FMT သတင်းဌာနရဲ့အဆိုအရတော့ ဆေးရုံအများစုဟာ လူနာတွေကို လက်ခံဖို့မဖြစ်နိုင်တော့ဘူးလို့ သိရပါတယ်။

Assunta Hospital နဲ့ Thomson Medical Centre ဆေးရုံတွေကလည်း FMT သတင်းဌာနထံ ၎င်းတို့မှာ လူနာခုတင် မလုံလောက်တော့ဘူးလို့ အတည်ပြုခဲ့ပါသတဲ့။ ဒီလိုပဲ Damansara Specialist Hospital ဆေးရုံကလည်း သူတို့ဆီမှာ အစိုးရဘက်က ထောက်ပံ့မယ့် ဆေးဝါးတွေကို စောင့်ဆိုင်းနေကြောင်း ထုတ်ပြန်ထားပါတယ်။

Twitter/Gambar Bernama

Sungai Buloh Hospital ဆေးရုံကတော့ သူတို့ဆီမှာ လူနာတွေ လက်ခံလို့ရနေသေးတယ်လို့ ဆိုပါတယ်။ ပညာရေးဝန်ကြီးဌာနကတော့ ကျောင်းတွေကို အရေးပေါ်သတိပေးမှုတွေ ပြုလုပ်ထားပြီး ကူးစက်မြန် Influenza A ကို အထူးသတိထားဖို့ နှိုးဆော်ထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီး ဒေါက်တာ Lee Boon Chye က အစိုးရဆေးရုံတွေမှာ ဆေးဝါးထောက်ပံ့မှု အပြည့်ပေးထားပြီး၊ ပုဂ္ဂလိက ဆေးရုံတွေမှာလည်း ဆေးဝါးဆိုင်ရာ ပြန်လည်ဖြည့်ဆည်းမှုတွေ ပြုလုပ်ပေးနေတယ်လို့ ပြောပါတယ်။ Influenza A တိုက်ဖျက်ရေးဆေးဝါးတွေကို အသုံးပြုရာမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုနဲ့ (၅)နှစ်အောက်ကလေးတွေကို ဦးစားပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် အဝလွန်သူများ၊ ဆီးချိုနဲ့ ကျောက်ကပ်ရောဂါရှိသူများ၊ ကင်ဆာဝေဒနာသည်များကိုလည်း ဦးစားပေးဖို့ တိုက်တွန်းထားပါတယ်။

နောက်ပြီး တုပ်ကွေးသမားတွေအနေနဲ့ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေကို ရှောင်ရှားဖို့နဲ့ ဆေးဝါးတွေက ထိရောက်ခြင်းမရှိဘူးဆိုပါက ဆေးရုံဆေးခန်းတွေမှာ ထပ်မံပြသဖို ဒုဝန်ကြီး ဒေါက်တာ Boon က အသိပေးခဲ့ပါတယ်။ ဆေးဝါးတွေ ပြတ်လပ်နေတယ်ဆိုခြင်းကို မလေးရှားကျန်းမာရေးဝန်ကြီးကိုယ်တိုင် ပြီးခဲ့တဲ့ တနင်္လာနေ့က ငြင်းဆိုခဲ့ပါသေးတယ်။

လင်းသူရိန်

SHARE