အခုတစ်လော တော်တော်လေးဟော့နေတဲ့ နို့ကိုလာ(Milk Coke) အကြောင်းသိပြီးပြီးလား

ထူးခြားတဲ့ အစားအသောက်တွေကို မြည်းစမ်းခံစားရတာ စိတ်ဝင်စားသူတွေအတွက် အခုတလော တော်တော်လေး ဟိုလေးတစ်ကျော်ဖြစ်နေတဲ့ နို့ကိုလာ အကြောင်းဖော်ပြပေးချင်ပါတယ်။

Twitter

ဟုတ်ပါတယ်… နို့နဲ့ ကိုလာကို ရောတာ နည်းနည်းတော့ အူကြောင်ကြောင်နို င်သလိုကြီးဖြစ်နေပါတယ်။ သောက်ဖူးလားဆိုတော့ စာရေးသူလည်း ကြောက်လို့ အခုထက်ထိတော့ မစမ်းသပ်ကြည့်ရသေးပါဘူး။ ဆေးထိုးဖို့သက်သက်တော့ မဟုတ်ဘူးဆိုတာကိုတော့ ယုံ….။

ဒီ ဇာတ်လမ်းကို စခဲ့တဲ့သူက ဟာသဇာတ်ညွှန်းရေးသူ James Felton ဆိုတဲ့ ဖြစ်ပါတယ်။ သူက သူရဲ့ ရှာဖွေတွေ့ရှိမှုကို တွစ်တာပေါ်မှာ  “ဘာမင်ဂမ်မြို့က လူတွေကတော့ သိပ်ကြိုက်” ဆိုပြီး တင်ခဲ့တာကနေ စတာပါပဲ။

twitter

တခြားသူတွေကို သွားပြီး နို့ကိုလာ သောက်ဖူးလားမေးရင် ကိုယ်ရူးနေတာပဲ ဖြစ်မယ်။ ကြားရုံနဲ့တင် တော်တော်လေးလည်း ခြောက်ခြားစရာကောင်းနေတာကိုး…။ လူများစုကတော့ နို့ကိုလာက ice cream float နဲ့ သိပ်မကွာကြောင်း ပြောနေကြတာတွေ့ရပါတယ်။ အဲ့ဒီအပြင် သောက်ကောင်းတယ်ဆိုတဲ့ သူတွေက တစ်ဖက်၊ မစမ်းသင့်ဘာ ဘာညာဆိုတဲ့ လူတွေက တစ်ဖက် နှစ်စုကွဲနေတာကိုလည်း တွေ့ရတယ်။

READ
လိမ်နေတယ်ဆိုတာကို ပြနေတဲ့ အမူအရာလက္ခဏာများ
twitter
twitter
twitter

Milk Coke ကောင်းတစ်ခွက် ရဖို့ဆို နွားနို့ ၁ ဆ၊ coke ၂ ဆ  အချိုးအစပ်က အပြည့်အစုံဆုံးပါတဲ့။ ရောစပ်တဲ့အခါမှာလည်း နို့ကို အရင်ဆုံးထည့်ရမှာ ဖြစ်ပြီး မဟုတ်ရင် နို့အချဉ်ပေါက်သွားပါလိမ့်လို့ Felton က Press Association ကို ပြောပြထားတာတွေ့ရပါတယ်။

twitter

ရောစပ်ပြီးရင်လည်း ချက်ချင်း မသောက်ဘဲနဲ့ (၁၀) မိနစ် လောက် စောင့်ရပါမယ်။ အဲ့လောက်ခြားပြီးရင် သင့်အနေနဲ့ နွားနို့နဲ့ ကိုလာကို ခွဲပြီးတောင် မသောက်ချင်တော့ဘူးဖြစ်မှာ ယုံပါဆိုပြီး Felton ကတော့ ပြောတာပါပဲ။

twitter
twitter

ဒီ သောက်စရာက ကမ္ဘာတစ်လွှား တခြားသော နာမည်များနဲ့ အသိများတယ်။ တောင်အာဖရိကမှာဆို Brown Milk ဆိုပြီး ခေါ်ကြောင်း သိရတယ်။ အဲ…. ဒါပေမယ့် ဒါက လူတိုင်းအတွက်တော့ သောက်စရာမဟုတ်ဘူးလို့ Felton က သတိပေးထားပါသေးတယ်။

READ
လေယာဉ်ပျံအဟောင်းကြီးတွေပြန်သုံးပြီး စားသောက်ဆိုင်တွေ ဖွင့်လှစ်လာကြ....

Felton ကတော့ ကလေးကတည်းက သောက်လာတာဖြစ်ပြီး၊ ကယ်လိုရီ ပါဝင်မှုကို ထိန်းဖို့ အစားချေဖျက်မှုတွေ ကောင်းစေတယ်လို့တော့ ဆိုထားကြောင်း ဖော်ပြလိုက်ရပါတယ်။ ကဲ စမ်းကြည့်ကြမလား….?

Ref: Twitter, Shared, delish

Matthew (ShweMOM)
SHARE