ပိုင်ဆိုင်သမျှ လယ်မြေတွေကို ဆင်နှစ်ကောင်အတွက် အမွေပေးခဲ့မယ်ဆိုတဲ့ အမျိုးသား

Pixabay-Sponchia

အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ သူသေဆုံးပြီးနောက်ပိုင်း သူပိုင်ဆိုင်တဲ့ လယ်ယာမြေတွေအားလုံးကို သူရဲ့ဆင်နှစ်ကောင်အတွက် ထားရစ်ခဲ့မှာဖြစ်ကြောင်း News 18 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ဒီလိုထားခဲ့တယ်ဆိုတာကလည်း အဆိုပါဆင်နှစ်ကောင်ဟာ သူ့ရဲ့ ငယ်မွေးခြံပေါက်ဖြစ်နေတဲ့အပြင် အဲဒီထဲက ဆင်တစ်ကောင်ဟာ သူ့ရဲ့အသက်ကို ကယ်တင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

[email protected]

အိန္ဒိယနိုင်ငံ၊ Janipur ပြည်နယ်မှာနေထိုင်တဲ့ အသက် ၅၀ အရွယ် Mohammad Akhtar လို့ အမည်ရတဲ့ အမျိုးသားကြီးဟာ သူသေဆုံးပြီးနောက်ပိုင်း ကျန်ခဲ့တဲ့ သူ့ပိုင်ဆိုင်မှုတွေ၊ မြေယာတွေအကုန်လုံးကို သူ့ရဲ့ အချစ်ဆုံးဆင်နှစ်ကောင်ဖြစ်တဲ့ Moti နဲ့ Rani လို့ အမည်ရတဲ့ ဆင်နှစ်ကောင်ကို လွှဲပြောင်းပေးခဲ့ပါတယ်။ Mohammad ဟာ Moti နဲ့ Rani ကို ဆင်ပေါက်စလေးဘဝကတည်းက မွေးခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၂၀ ကျော်ရှိပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Mohammad ဟာ AERAWAT(Asian Elephant Rehabilitation and Wildlife Animal Trust)ရဲ့ အကြီးအကဲတစ်ဦးလဲ ဖြစ်ပါတယ်။

“ကျွန်တော် Moti နဲ့ Rani ကို အရမ်းချစ်ပါတယ်။ ကျွန်တော့်ရဲ့ အချစ်ဆုံးမိသားစုဝင်နှစ်ဦးပါပဲ။ အခြားမိသားစုဝင်တွေကောရှိလားလို့မေးရင် လူဆိုတဲ့ခေါင်းစဉ်အောက်မှာပဲရှိပြီး လူစိတ်မရှိတဲ့ မိသားစုဝင်တစ်ချို့တော့ ရှိပါတယ်။ သူတို့နဲ့နေရတာ အရမ်းအန္တာရယ်များပြီး ပူလောင်လွန်းလို့ ကျွန်တော်ပိုင်တဲ့ မြေမှာ ကျွန်တော့်ဆင်နှစ်ကောင်နဲ့ လာနေနေရတာပါ။ ကျွန်တော့်မိသားစုဝင်တွေက ကျွန်တော်မရှိတော့ရင် ဒီဆင်နှစ်ကောင်ကို ရောင်းစားဖို့ စီစဉ်နေတာတွေ ကျွန်တော်သိရတယ်။ တစ်ရက် ကျွန်တော်အိပ်နေတုန်း ရုတ်တရက် Moti ရဲ့ အော်သံကို ကြားလိုက်ရတယ်။ ရုတ်တရက် ကျွန်တော် လန့်နိုးသွားတယ်။ အဲဒီအချိန် လူတစ်ယောက်က ကျွန်တော်ကို ပြတင်းပေါက်နေ သေနတ်နဲ့ ချိန်ထားတာ တွေ့လိုက်ရတယ်။ ဘယ်ပြောကောင်းမလဲ အသားကုန်ပြေးရတာပေါ့” လို့ Mohammad က ပြောကြားခဲ့ပါတယ်။

READ
ကလေးလေးအတိုင်း အတုလိုက်ခိုးခဲ့တဲ့ ချစ်စရာ Alaskan Malamutes ခွေးလေးများ
[email protected]

“အခုအချိန်အထိကို ကျွန်တော့်နဲ့ ကျွန်တော့်ဆင်နှစ်ကောင်ကို သူတို့တွေ လာပြီးဒုက္ခပေးမှာ ကြောင်နေရတုန်းပါ။ ဘာကြောင့်လဲဆိုတော့ မကြာသေးခင်က ကျွန်တော်ပိုင်ဆိုင်သမျှအရာတွေရယ်၊ လက်ရှိ နေထိုင်နေတဲ့ မြေ ၇ ဧကရယ်ကို Moti နဲ့ Rani နေထိုင်ဖို့ ထားခဲ့ပေးပါတယ်။ ဒီအကြောင်းကို စာချုပ်စာတမ်းနဲ့တကွ ကျွန်တော် အထက်က တော်ရိုင်းသတ္တဝါစောင့်ရှောက်ရေး ဥက္ကဌကိုကော၊ Janipur မြို့နယ် ရဲမှူးကြီးဆီပါ အကုန်ပို့ထားပြီး အသိပေးထားပါတယ်။ ကျွန်တော်သေသွားရင် Moti နဲ့ Rani စိတ်ချမ်းချမ်းသာသာနေထိုင်နိုင်အောင်ကော၊ ဘယ်သူ့ကိုမှသူတို့နှစ်ယောက်ကို ရောင်မစားနိုင်အောင်ပါ ကျွန်တော် သေသေချာချာ စီစဉ်ထားပြီးပါပြီ” လို့ Mohammad က ပြောကြားခဲ့ပါတယ်။

[email protected]

Pyi Hein Kyaw

SHARE