အကောင်းစားဇိမ်ခံဟိုတယ်မှာနေပြီးတစ်လဒေါ်လာ၂၆၀၀ကျော်ရရှိနိုင်မယ့်အခွင်အရေး

Pixabay-marijana1

ထိပ်တန်းဇိမ်ခံဟိုတယ်မှာနေပြီး တစ်လဒေါ်လာ၁၆၀၀ကျော်ရမယ်ဆိုရင်တော့ လူတိုင်းနေချင်ကြမှာပါပဲ။ အဲဒါကတကယ့်အခွင့်အရေးတစ်ခုပါ။ Insider သတင်းဌာရဲ့ ဖော်ပြချက်အရဆိုရင် ဇိမ်ခံဟိုတယ်ကြီးတစ်ခုက သူတို့ဆီမှာ လာရောက်အလုပ်လုပ်ကိုင်ဖို့ စုံတွဲတစ်တွဲကို အလိုရှိနေပါတယ်တဲ့။

Pixabay-Mariamichelle

စပိန်နိုင်ငံ၊ Ibiza မြို့ရှိ ဇိမ်ခံဟိုတယ်ကြီးတစ်ခုရဲ့ ပိုင်ရှင်တွေဟာ အတွဲတစ်တွဲကို သူတို့ဟိုတယ်မှာ အလုပ်လာလုပ်ပြီး သူတို့ဆီမှာပဲ နေထိုင်ဖို့ အလိုရှိနေပါတယ်။ အဆိုပါစုံတွဲတာဝန်ယူရမယ့် အဓိကအပိုင်းကတော့ ဟိုတယ်အခန်းတွင်းသန့်ရှင်းရေးအပိုင်းနဲ့ မနက်စာညစာချက်ပြုတ်ဖို့ပဲ ဖြစ်ပါတယ်။ အဆိုပါဟိုတယ်မှာကျင်းပတဲ့ ပိုင်ရှင်တွေရဲ့ အခမ်းအနားပွဲတွေကိုလည်း ကူညီပေးရမှာလည်း ဖြစ်ပါတယ်။

Pixabay-Mariamichelle

ဟိုတယ်ရဲ့ အလုပ်တွေအပြင် ပိုင်ရှင်တွေရဲ့ အတွင်းရေးမှူးပုံစံအဖြစ်ပါလုပ်ပေးရပါမယ်လို့ သိရပါတယ်။ လိုအပ်တဲ့အရည်အချင်းတွေကတော့ ဟိုတယ်နဲ့ ပတ်သတ်တဲ့ အတွေ့အကြုံရယ်၊ ယာဉ်မောင်းလိုင်စင်ရယ်ရှိရင် လုံလောက်ပါပြီလို့ Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ဒါ့အပြင် လာရောက်လုပ်ကိုင်ချင်တဲ့ စုံတွဲဟာ အဖွဲအစည်းနဲ့ လုပ်ကိုင်လိုစိတ်ရှိရမှာဖြစ်ပြီး ဆက်ကဆံရေးကောင်းမွန်ရင်တော့ ပိုအဆင်ပြေမှာပါ။

READ
လစာမှားယွင်းပြီးပေးခဲ့တဲ့ငွေကို သုံးပစ်ခဲ့တဲ့ ဆယ်ကျော်သက် ထောင်ဒဏ်ချမှတ်ခံရ
Pixabay-Mariamichelle

နေထိုင်ဖို့ကလည်း အဆိုပါဟိုတယ်မှာပဲ နေထိုင်နိုင်ကြောင်း၊ အကယ်လို့ ဟိုတယ်မှာ မနေချင်ဘူးဆိုရင်တော့ ဟိုတယ်အနီးအနားရှိ ပိုင်ရှင်တွေပိုင်တဲ့ ဇိမ်ခံတိုက်ခန်းမှာ နေထိုင်လို့ရပါတယ်။ ဟိုတယ်မှာ နေထိုင်မယ်ဆိုရင်တော့ ရေကူးကန်၊ ချွေးထုတ်ခန်းနဲ့ ရေချိုးကြွေဇလုံစတာတွေကိုတော့ ခံစားရမယ်ပေါ့။ လစာကတော့ တစ်လကို နှစ်ယောက်စာ USD $ 2,625 ဒေါ်လာရရှိမှာ ဖြစ်ပြီး Ibiza နဲ့ ကိုယ့်နိုင်ငံ အသွားအပြန်စရိတ် အမြဲပေးမှာပဲ ဖြစ်ပါတယ်။ ပိုင်ရှင်တွေက တော့ လာရောက်လုပ်ကိုင်ဖို့ အတွဲကို အမြန်ဆုံး အလိုရှိနေပြီး အလုပ်လျှောက်ချင်ရင်တော့ အောက်ကလင့်ခ်ထဲမှာ အခုပဲ လျှောက်နိုင်ပါတယ်နော်။

https://www.silverswanrecruitment.com/vacancy/villa-management-couple-ibiza/

Pyi Hein Kyaw

SHARE