တစ်ချိန်က အပြစ်ပေးရန်အသုံးပြုခဲ့ပေမဲ့ ယနေ့တွင်ကျယ်လာတဲ့ အပြေးလေ့ကျင့်စက်

ကမ္ဘာကြီးဟာ နေ့စဉ်နဲ့ အမျှပြောင်းလဲနေသလို တစ်ချိန်က သတ်မှတ်ခဲ့တဲ့ တန်ဖိုး စံတွေလည်း နေစဉ်နဲ့ အမျှပြောင်းလဲ လာနေပါတယ်။ဒီလိုပဲ ကျွန်တော်တို့ ယနေ့ကျယ်ပြန့်စွာတွေမြင်နိုင်တဲ့ အပြေးလေ့ကျင့်စက်တွေ ဟာလည်း တစ်ချိန်က နှိပ်စက်စရာပစ္စည်း တစ်ခုအဖြစ် အသုံးချခဲ့တာ ဖြစ်ပါတယ်။

” ကျွန်မ အတွက် ဒီအပြေးလေ့ကျင့်စက်မရှိရင် မဖြစ်ဘူး။အပြင်မှာ နှင်းတွေကျနေမယ် ဒါမှမဟုတ် ကလေးတွေ အိမ်မှာရှိနေမယ်ဆိုရင် ကျွန်မ အပြင်ကို ထွက်ပြီး အပြေးလေ့ကျင့်လို့မရ ပါဘူး။ ” လို့ အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဂေတီစဘတ်ဂ်ျမြို့မှ အသက် ၃၈ နှစ်ရှိသူ မစ္စဖိုးမန်း ကဆိုပါတယ်။ အမေရိကန်နိုင်ငံ Sports & Fitness Industry Association (SFIA)ရဲ့ ၂၀၁၆ ခုနှစ်မှာ စာရင်းကောက်ယူချက်အရ အမေရိကန်နိုင်ငံသား သန်း ၅၀ ကျော်ဟာ တစ်နှစ်ကို အပြေးလေ့ကျင့်စက်တစ်လုံးကို ၀ယ်ယူသုံးစွဲကြပါတယ် လို့ ဆိုပါတယ်။

READ
အရည်ပျော်သွားခြင်းမရှိတဲ့ ကမ္ဘာ့အကြီးဆုံးရွှေတုံးကြီး (၅)တုံးအကြောင်း

we-misfits0041388683992

ဒီလို အပြေးလေ့ကျင့် စက်ကြီးအပေါ်မှာပဲ ပြေးရတာဟာ စိတ်ပျက်စရာကြီးလို့ ခံစားရတဲ့ သူတွေရှိပေမဲ့ ဒီအပြေးလေ့ကျင့်စက်ကို စတင်တီထွင်ခဲ့တာလည်း နှိပ်စက်ဖို့ ရည်ရွယ်ချက်နဲ့တီထွင်ခဲ့တာ ဖြစ်ပါတယ်။ဒီယနေ့ခေတ်မြင်တွေ့နေရတဲ့ အပြေးလေ့ကျင့်စက်တွေကို ၁၈၀၀ ပြည့်နှစ်တစ်ဝိုက်မှာ အင်္ဂလန်နိုင်ငံအကျဉ်းထောင်တွေမှာ ပျင်းရိနေတဲ့အကျဉ်းသားတွေကို ဒီအပြေးလေ့ကျင့် စက်ပေါ်ကို တက်ပြေးခိုင်းပြီး ပင်ပန်းအောင်နှိပ်စက်ခဲ့တာ ဖြစ်ပါတယ်။နောက်ပိုင်း ကန့်ကွက်သံတွေ ဆူညံလာတဲ့အတွက် အင်္ဂလန်အစိုးရက အကျဉ်းထောင်တွေမှာ ဒီလိုနှိပ်စက်ခြင်းကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

100_1449_0001

ဒီလိုနိုပ်စက်ရာမှ အသုံးပြုခဲ့တဲ့ အပြေးလေ့ကျင့်စက်ဟာ ယနေ့ခေတ် မြောက်အမေရိက တိုက်မှာတော့ စုစုပေါင်း ဈေးကွက်က ဒေါ်လာ ၃.၅ ဘီလီယံရှိနေတာဖြစ်ပါတယ်။ဒီအပြေးလေ့ကျင့်စက်တွေရဲ့ တန်ဖိုးဟာ ဒေါ်လာ ၃၀၀ တန်မှသည် ဒေါ်လာ ၁၀၀၀၀ တန်အထိ အစားအစားရှိတာ ဖြစ်ပါတယ်။ဒီအပြေးလေ့ကျင့် စက်တွေ ဟာ စက်မှုတော်လှန်ရေးကြီးရဲ့ အကျိုးသက်ရောက်မှုတစ်ရပ်ဖြစ်ပါတယ်။

စက်မှုတော်လှန်ရေးမတိုင်မှီက လူသားတိုင်းနီးပါးဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆက်နွယ်နေတဲ့ လူတွေဖြစ်ပြီး ကိုယ်ကာယဆိုင်ရာ လှုပ်ရှားမှုတွေ ရှိတဲ့အတွက် လေ့ကျင့်ခန်းကို တကူးတက လုပ်ဆောင်နေစရာမလိုခဲ့ပါဘူး။ဒါပေမဲ့ စက်မှုတော်လှန်ရေးကြီး ဖြစ်ပွားပြီးတဲ့ အခါမှာ လူသားတိုင်းနီးပါးဟာ အထိုင်များတဲ့ အလုပ်တွေကို လုပ်ဆောင်ရပြီး ထို သူများအတွက် ဒီလိုအပြေးလေ့ကျင့်စက်တွေဟာ နှိပ်စက်ခြင်းအစား ချမ်းသာသူတွေ စတင်သုံးစွဲလာတဲ့ ပစ္စည်းတစ်ခုဖြစ်လာတယ် ” လို့ အင်္ဂလန်နိုင်ငံ ကန့် တက္ကသိုလ်မှ ပါမောက္ခ ခရီဂန် ရိဒ် ပြောခဲ့ပါတယ်။

READ
ကမ္ဘာတစ်ဝှမ်းမှာ တကယ်ရှိတယ်လို့ လူအချို့ယုံကြည်ကြတဲ့ သွေးစုပ်ဖုတ်ကောင် (၁၀)မျိုး

alter g hi res pint1383770101

ယနေ့ခေတ်ဆိုရင် အားကစားလေ့ကျင့်ရေးရုံတိုင်းမှာ အပြေးလေ့ကျင့်စက်ဟာ မပါမဖြစ်ဖြစ်လာပြီး အပြေးလေ့ကျင့်စက်တွေမှာ သီချင်းနားထောင်နိုင်၊TV ကြည့်ရှုနိုင်၊စာဖတ်လာနိုင်ပြီး တစ်ချို့စက်တွေမှာ ဆိုရင် Wifi တောင်ဖမ်းယူနိုင်တဲ့ အထိတိုးတက်လာပါပြီ။” ဒီအပြေးလေ့ကျင်စက်တွေဟာ အပြင်မှာ အရမ်းလူများလွန်းနေရင်၊သင်အပြင်ထွက်လို့မရရင်၊အရမ်းမှောင်နေရင် သင်အပြေးလေ့ကျင့်ဖို့အတွက် အကောင်းဆုံး အဖြေတစ်ခု ဖြစ်လာနိုင်ပါတယ် ” လို့ သုံးစွဲသူတစ်ဦးက ဆိုပါတယ်။

Lumos  (Shwemom)

Ref : Washington Post

SHARE