ထူးခြားတဲ့ စန္ဒယားလက်သံကြောင့် ရှေးဟောင်းစန္ဒရားကြီး လက်ဆောင်ရခဲ့တဲ့ လူငယ်လေး

[email protected] CLEANOUTS

စန္ဒယားဆိုတာမျိုးက ဂီတတူရိယာတွေထဲ ဈေးမြောက်တဲ့အထဲမှာ ပါတယ်လို့ ပြောရပါမယ်။ ရိုးရိုးစန္ဒယားတစ်လုံးဆိုရင်တောင်မှ ပျမ်းမျှဈေးက သိန်းနှစ်ဆယ်အထက်မှာရှိပြီး ကောင်းတဲ့စန္ဒယားဆိုရင် သိန်းရာဂဏန်းကနေ ထောင်ဂဏန်းကြားမှာရှိပါတယ်။ ရှေးဟောင်းစန္ဒရားကြီးတစ်လုံးဆိုရင်တော့ တော်ရုံတန်ရုံ အဖိုးမဖြတ်နိုင်ပါဘူး။ အခုလည်း အဟောင်းဆိုင်ပိုင်ရှင်အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ဆိုင်မှာ မကြာမကြာ စန္ဒယားလာတီးနေတဲ့ လူငယ်တစ်ယောက်အား သူတီးနေကျ ရှေးဟောင်း စန္ဒယားကြီးကို အလကားပေးပစ်ခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Young man asked permission to play and I asked permission to post the video. It’s a great day here at the mill! Come on down!

Posted by ReMARKable Cleanouts on Saturday, 11 July 2020

အဆိုပါရှေးဟောင်းအရောင်းဆိုင်ဟာ အမေရိကန်နိုင်ငံ၊ Massachusetts ပြည်နယ်မှာ ရှိတဲ့ Mark Waters ဆိုတဲ့ အမျိုးသားကြီး ပိုင်တဲ့ ရှေးဟောင်းအရောင်းဆိုင်ပဲ ဖြစ်ပါတယ်။  Thomas ရဲ့ဆိုင်မှာ တန်ဖိုးအလွန်ကြီးတဲ့ ရှေးဟောင်းစန္ဒရားကြီးတစ်လုံးရှိပြီး Thomas ကိုယ်တိုင်ကလည်း အဆိုပါစန္ဒယားကြီးကို တန်ဖိုးထားလွန်းလို့ အဆိုပါစန္ဒယားပေါ်မှာ မကိုင်ရ၊ မထိရဆိုတဲ့ စာတန်းကို ကပ်ထားပါတယ်။

READ
ကြွက်တွေဟာ တူတူပုန်းတမ်းကစားနည်းကိုနားလည်ကြောင်း တွေ့ရှိ
[email protected] CLEANOUTS

ဒီလိုနဲ့တစ်နေ့မှာ John Thomas လို့ အမည်ရတဲ့ လူငယ်လေးတစ်ယောက်ဟာ Mark ရဲ့ ဆိုင်ကိုရောက်ရှိလာပြီး ရှေးဟောင်းပစ္စည်းတွေ လှည့်လည်ကြည့်ရှု့ခဲ့ပါတယ်။ ဒီလိုနဲ့ အဆိုပါ ရှေးဟောင်း စန္ဒယားကြီးအရှေ့ရောက်မှာတော့ John ရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားခဲ့ပါတယ်။ John တစ်ယောက် အဆိုပါစန္ဒရားကြီးကို တီးချင်ပေမယ့် စန္ဒရာအပေါ်မှာကပ်ထားတဲ့ စာတန်းကြောင့် လက်တွန့်သွားခဲ့ရပါတယ်။ ဒီလိုနဲ့နောက်ဆုံးမှာတော့ ဆိုင်ရှင် Mark ကို ပွင့်ပွင့်လင်းလင်းပြောပြီး စန္ဒယားတီးခွင့် တောင်းခဲ့ပါတယ်။ ဒီလိုနဲ့ Mark လည်း လူငယ်လေးကို စန္ဒယားတီးခွင့်ပေးခဲ့သလို လူငယ်လေးရဲ့ စန္ဒယားလက်သံကို တော်တော်ကြိုက်နှစ်သက်ခဲ့ပါတယ်။

😁

Posted by ReMARKable Cleanouts on Wednesday, July 15, 2020

“သူစပြီးတီးတဲ့ သီချင်းက Journey အဖွဲ့ကဆိုထားတဲ့ Don’t Stop Believein သီချင်းဗျ။ ကျွန်တော်ရဲ့အကြိုက်ဆုံးသီချင်းဆိုလဲ မမှားဘူး။ John ရဲ့ လက်သံက တော်တော်လေးကို နားထောင်လို့ကောင်းတယ်။ ဒါ့ကြောင့် ကျွန်တော်လည်း John ကိုပြောခဲ့တယ်။ ဒီစန္ဒယားကြီးကို မင်းကြိုက်တဲ့အချိန်မရွေးလာတီးပါလို့။ နောက်ပိုင်းလည်း သူအားတဲ့နေ့တိုင်း ကျွန်တော့်ဆိုင်မှာ စန္ဒယားလာလာတီးဖြစ်ပါတယ်။ သူ့အိမ်မှာတီးဖို့အတွက် ကီးဘုတ်ပဲရှိတယ်တဲ့။ ဒါနဲ့နောက်ဆုံးမှာ ကျွန်တော်စိတ်ဆုံးဖြတ်ပြီး ဒီရှေးဟောင်းစန္ဒယားကြီး John ကို အလကားပေးပစ်လိုက်တာပဲ။ John ကတော့ တော်တော်ပျော်သွားရှာတယ်ဗျ” လို့ Mark က ပြောကြားခဲ့ပါတယ်။

READ
ဒေါ်နယ်ထရမ့်ရဲ့MuslimBanမူဝါဒကို အမေရိကန်တစ်ဝှမ်း ဆန္ဒပြသူပေါင်းများစွာ ကန့်ကွက်နေ

Pyi Hein Kyaw

SHARE