နယ်ခြားဂိတ်အတုလုပ်ပြီး ခရီးသည်တွေဆီက ဂိတ်ကြေးကောက်နေတဲ့ အမျိုးသား

shutterstock/J_UK

ရုရှားအာဏာပိုင်တွေဟာ ရုရှား-ဖင်လန် နယ်ခြားစောင့်ဂိတ်အတုလုပ်ကာ ခရီးသွားတွေကို ပိုက်ဆံကောက်နေတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း insider သတင်းအရ သိရပါတယ်။ အဆိုပါ အမျိုးသားကို အရှေ့တောင်အာရှသား ခရီးသည်(၄) ယောက်ကို ဒေါ်လာ (၁၁,၀၀၀) ကျော် လိမ်လည်ကောက်ခံမှုနဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။

ထိုသူဟာ နယ်ခြားဂိတ်တွေမှာ တွေ့ရလေ့ရှိတဲ့ ဆိုင်းဘုတ်တွေနဲ့ သတိပေးစာသားတွေကို အတုလုပ်ပြီး ရုရှားအနောက်ပိုင်း ဗီဘော့ဂ်မှာ စိုက်ထူထားတာပါ။ အဲ့ဒီနေရာကို ရုရှားနဲ့ ဖင်လန်နှစ်နိုင်ငံရဲ့ နယ်နိမိတ်ဆိုပြီးတော့ သူ့ဘာသာသူ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဗီဘော့ဂ်မှာ ပြုလုပ်ထားတဲ့ နယ်ခြားဂိတ်အတုဟာ ရုရှား-ဖင်လန်တို့ရဲ့ နယ်ခြားဂိတ်အစစ်နဲ့ (၁၅) မိုင် အကွာမှာ ရှိပါတယ်။

Google Maps/Insider

အဆိုပါ အမျိုးသားဟာ သူအတုလုပ်ထားတဲ့ နယ်ခြားစောင့်ဂိတ်တစ်လျှောက် ခရီးသည်တွေကို လမ်းညွှန်ဂိုက်ဒ်အဖြစ် လုပ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ အရှေ့တောင်အာရှသား ခရီးသည် (၄) ဦးကတော့ အဖြစ်မှန်ကို မသိပဲ နယ်ခြားဂိတ်အတုကို အီးယူနယ်နိမိတ်ထဲ ရောက်နေပြီလို့ ထင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ အပတ်ကမှ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိမှာ နယ်ခြားစောင့်ဂိတ်ကို ဖြတ်သန်းဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား(၄) ဦးနဲ့ ဂိတ်အတုလုပ်ထားတဲ့ အမျိုးသားကို ဖမ်းဆီးခဲ့ပါတယ်။

READ
ကိုယ့်စံချိန်ကို ဖျက်ပြီး စံချိန်အသစ်ကိုပါ ထပ်တင်လိုက်တဲ့ GOT စတား လူသန်ကြီး

ဖင်လန်နိုင်ငံထဲ တရားမ၀င်ခိုးဝင်ဖို့ ကြိုးစားတဲ့ အမျိုးသား(၄) ဦးကိုတော့ ရုရှားနိုင်ငံထဲ ထပ်မံပြည်ဝင်ခွင့်ပိတ်ပင်ခဲ့ပြီး ငွေဒဏ်ဆောင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ ဂိတ်အတုလုပ်တဲ့ အမျိုးသားကိုတော့ လိမ်လည်မှုနဲ့ စွဲချက်တင်ထားပါတယ်။ ရုရှားထဲ ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့တဲ့ အမျိုးသား(၄) ဦးတို့ရဲ့ မူရင်းနိုင်ငံတွေနဲ့ သူတို့အနေနဲ့ ဘာကြောင့် အီးယူထဲ ၀င်ချင်ရတာလဲဆိုတဲ့ အကြောင်းပြချက်ကိုတော့ မဖော်ပြထားပါဘူး။

လင်းလင်း (ShweMom)

SHARE