ရန်လိုနေတဲ့ခွေးကို ရှေ့သွားကျိုးတဲ့အထိ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တဲ့ အမျိုးသား

(Picture: North News / NNP)

အင်္ဂလန်နိုင်ငံ နော့သ်ရော့ခ်ရှိုင်းယားနေ အသက် (၅၅) နှစ်အရွယ် မာတင်ဖလက်ချာဆိုသူ အမျိုးသားဟာ rottweiler အမျိုးအစား ခွေးတစ်ကောင်ကို အပြင်းအထန်ကိုက်ခဲ့ရာမှ သွားတစ်ချောင်းကျိုးသွားခဲ့ကြောင်း metro သတင်းစာမျက်နှာအရ သိရပါတယ်။

ဖြစ်ပုံမှာ မာတင်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နေ့လည်တုန်းက သူ့ရဲ့ Jack Russells အမျိုးအစား ခွေးနှစ်ကောင် ဘန်နဲ့ ဂျယ်ရီတို့ကို ခေါ်ပြီး လမ်းလျှောက်ထွက်လာပါတယ်။ တစ်နေရာမှာတော့ rottweiler ခွေးတစ်ကောင်ဟာ ပြေးလာပြီး မာတင်ရဲ့ ခွေးနှစ်ကောင်စလုံးကို ကိုက်ပါတော့တယ်။ Rottweiler ခွေးက မာတင်ရဲ့ခွေးတွေကို သေအောင် လိုက်ကိုက်နေတာ ဖြစ်ပါတယ်။ မာတင်က လိုက်ဆွဲလိုက်ရိုက်လည်း မရပါဘူး။

Facebook/Jack Russells

ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မာတင်က “ကျွန်တော့်ခွေးတွေကို ကျွန်တော်အတင်း ဆွဲတယ်။ မရဘူး။ အဲ့ကောင်က အကောင်သေးလေးကို ခဲထားတာ။ အဲ့ကောင်ပါးစပ်ထဲမှာ ကျွန်တော့်ကောင်လေးက သေသလား ရှင်သလားလည်း မသိရဘူး။ ကျွန်တော့်ခွေးကို ခဲထားတာကနေလွှတ်အောင် အမျိုးမျိုးလုပ်တယ်။ မရဘူး။ ဒါနဲ့ ကြံရာမရတဲ့အဆုံး ကျွန်တော် အဲ့ခွေးကို ပြန်ကိုက်လိုက်တယ်။ သိပ်မကြာဘူး။ rottweiler ခွေးပိုင်ရှင်ရောက်လာတယ်။ သူ့ခွေးကိုသူ ခွေးချည်တဲ့ သိုင်းကြိုးနဲ့ရိုက်တယ်။ ကျွန်တော်လည်း ခွေးပါးစပ်ထဲ ကျွန်တော့်လက်ထည့်ပြီး နားရွက်ကို အတင်းကိုက်ထားတာ။ နောက်ဆုံးတော့ ခွေးကို သူ့သခင်က သိုင်းကြိုးနဲ့ချည်ပြီး ပြန်ခေါ်သွားတယ်….”

READ
တရုတ်နိုင်ငံမြစ်ထဲက ရေထဲမြောနေတဲ့ (၅)ထပ်တိုက်အဆောက်အဦး
Facebook/Jack Russells

“ကျွန်တော် အရမ်းလန့်သွားတယ်။ Rottweiler ခွေးရဲ့ နားရွက်ကို အတင်းဖိကိုက်ထားတာ။ ကျွန်တော့်ပါးစပ်လည်း ဟလိုက်ရော ရှေ့သွားတစ်ချောင်းက အလိုလို ထွက်ကျလာတယ်။ ဘန်ရဲ့ ကိုယ်မှာဆိုတာ သွေးတွေ အများမှ အများကြီးပဲ။ ကျွန်တော် ဦးထုပ်ချွတ်ပြီး ကြည့်လိုက်တော့ rottweiler ခွေးပိုင်ရှင်က ထွက်သွားပြီ။ ကျွန်တော့်တစ်ကိုယ်လုံးလည်း သွေးတွေနဲ့ ရွှဲလို့….”

ထို့နောက်မှာတော့ မာတင်ဟာ သူ့ရဲ့ခွေးနှစ်ကောင်ကို တိရစ္ဆာန်ဆရာဝန်ဆီ ခေါ်သွားပြရာမှာ ဘန်ကတော့ အရေးပေါ်အော်ပရေးရှင်းလုပ်ရပြီး (၃၆) ချက် ချုပ်ခဲ့ရပါတယ်။ ပေါင် (၈၀၀) လောက် ကုန်သွားပါတယ်။ ဂျယ်ရီက ကျောနဲ့ လည်ပင်းတွေမှာ ဒဏ်ရာရပြီး ဘန်ကတော့ ကျော၊ ၀မ်းဗိုက်၊ လည်ပင်းနဲ့ ရှေ့ခြေတို့မှာ ဒဏ်ရာတော်တော်များများ ရသွားခဲ့ပါတယ်။ မာတင်ကတော့ သူ့အနေနဲ့ မပြောမဆိုထွက်သွားတဲ့ rottweiler ခွေးပိုင်ရှင်ကို ပြန်မြင်ရရင်တော့ မှတ်မိမှာဖြစ်ပြီး ခုလို ဖြစ်ရပ်တစ်ခါမှ မကြုံဖူးကြောင်းလည်း ဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ ဂျယ်ရီလေးဟာ သက်သာနေပြီဖြစ်ပြီး ဘန်ကတော့ အနာတွေနဲ့ ချုပ်ရိုးတွေ ကျန်နေသေးကြောင်း သိရပါတယ်။

READ
Tiktok မှာ အရမ်းပေါ်ပြူလာဖြစ်နေတဲ့ စင်္ကာပူက ကြက်ဆီထမင်းသည်လေး
Facebook/Jack Russells

လင်းလင်း (ShweMom)

SHARE