အမိုက်စားဖျော်ဖြေရေး အပြည့်နဲ့ ကိုယ်ပိုင်မြေအောက်ကမ္ဘာကို တည်ဆောက်ခဲ့သူ

[email protected] Furze

လက်ရှိဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် အိမ်မှာအချိန်ပြည့်နေနေရလို့ လူတော်တော်များများတော့ ပျင်းနေလောက်ကြပါပြီ။ ဘာကြောင့်လဲဆိုတော့ နေ့တိုင်း ဒီအိမ်ထဲမှာပဲ နေနေရတဲ့အတွက်ကြေငြ့် မြင်ကွင်းတွေက ရိုးလာရင် ပျင်းတတ်ကြတာ လူတွေရဲ့ သဘာဝပါပဲ။ ဒါပေမယ့် Colin Furze လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ကတော့ ပျင်းမယ့်ပုံမပေါ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Colin ဟာ လွန်ခဲ့တဲ့ ၆ နှစ် (၂၀၁၅ ခုနှစ်)ကတည်းက သူ့စိတ်ကူးနဲ့သူ ကိုယ်ပိုင်မြေအောက်ကမ္ဘာတစ်ခုကို တည်ဆောက်ခဲ့လို့ဖြစ်ကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Furze

Youtuber တစ်ဦးဖြစ်တဲ့ Colin ဟာ ဒီလို မြေအောက်ကမ္ဘာတစ်ခုကို စတင်တည်ဆောက်ခဲ့တာကတော့ ၂၀၁၅ ခုနှစ်ကတည်းကဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် မြေအောက်ကမ္ဘာလေးကတော့ တကယ်ကို မိုက်ပါတယ်။ ဂိမ်းစက်မျိုးစုံရှိတဲ့အပြင် Sky Box ကောရှိပါတယ်။ ဂိမ်းဆော့တာချည်းနဲ့ပဲ ပျင်းလာရင်တော့ ဒရမ်တီးလို့ရအောင် Drum Set လိုက်ရှိပါတယ်။ ဒါ့အပြင် အချိန်မရွေး ကြိုက်တာချက်စားလို့ရအောင် အသားငါး၊ ရိက္ခာအစို အခြောက်တွေအပြင် အသားဘူးတွေပါ ရှိပါသေးတယ်။ ဒါတွေကို အဆင့်သင့် ချက်စားနိုင်အောင် Microwave၊ ထမင်းပေါင်းအိုးအပြင် ဘေစင်ပါ ရှိပါတယ်။ စားပြီးရင် အဆင့်သင့် ထမင်းလုံး စီနိုင်အောင် အိပ်ရာအကောင်းစားကလည်း ရှိပါသေးတယ်။ အကောင်းဆုံးကတော့ လျှပ်စစ်မီးအတွက်ပါ စိတ်ချရအောင် ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားပေးစက်တစ်လုံးပါ ရှိပါသေးတယ်။

READ
အရှိန်လွန်ပြီး ထရပ်ကားအောက်ဝင်သွားပေမယ့် အသက်မသေခဲ့တဲ့ ဆိုင်ကယ်သမား
[email protected] Furze

“ ကျွန်တော် ဟိုးငယ်ငယ်လေးကတည်းက စိတ်ကူးယဉ်ခဲ့တာပါ။ ကျွန်တော့်အိမ်နောက်ဖက်မှာ ကိုယ်ပိုင်မြေအောက်ကမ္ဘာတစ်ခုဆောက်မယ်ဆိုတာ။ စပြီး foundation ချဖြစ်တာတို့၊ structure ဆွဲတာတို့ကတော့ ၂၀၁၅ ခုနှစ်ကတည်းက လုပ်ဖြစ်တာ။ မကြာသေးခင်ကမှ အကုန်အပြီးသတ်သွားတာ။ လက်ရှိမှာလဲ ဖြစ်နေတဲ့ COVID 19 ကူးစက်ရောဂါနဲ့တော့ ကွက်တိဖြစ်သွားတာပေါ့” လို့ Colin က ပြောကြားခဲ့ပါတယ်။

[email protected] Furze

 

Pyi Hein Kyaw

SHARE