ကားမောင်းတယ်ဆိုတာ ဒီဘက်ခေတ် အော်တိုဂီယာတွေပေါ်လာပြီးနောက်ပိုင်း တော်တော်လေးကို လွယ်ကူသွားပါပြီ။ ဒါတောင် တစ်ချို့ဇိမ်ခံကားတွေမှာ အလိုအလျောက် ကားမောင်းလို့ရတဲ့ Auto pilot ကားမောင်းတဲ့ စနစ်တွေ ပါဝင်လာနေပြီပဲ ဖြစ်ပါတယ်။ ကျိန်းသေတာကတော့ လူတစ်ယောက်အတွက် ကားမောင်းတာ လွယ်ကူပေမယ့် ပါကင်ထိုးရတာ တော်တော်ခက်ပါတယ်။ ကားပါကင်ထိုးရာမှာ အခက်ဆုံးကတော့ အလျားလိုက်ပါကင်ထိုးရတာပါပဲ။ ဒီလို အလျားလိုက်ထိုးရတဲ့ ကားပါကိုတောင် အမျိုးသားတစ်ယောက်က လူတစ်ရာမှာ တစ်ယောက်သာ ထွက်နိုင်မယ့် အလျားလိုက်ကားပါကင်ကနေ အလွယ်တကူ သာသာယာယာပဲ မောင်းထွက်ပြသွားခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ပုံမှာ တွေ့ရတဲ့ ကားပါကင်ကတော့ လူတိုင်း မထိုးနိုင်တဲ့ ကားပါကင်မျိုးပါ။ ဒီလို နေရာ ကျဉ်းကျဉ်းလေးထဲမှာ ကားကို အလျားလိုက်ပါကင်ထိုးနိုင်တဲ့ အမျိုသားရဲ့ ပါကင်ထိုးစွမ်းရည်ကတော့ တော်တော်လေးကို လေးစားဖို့ ကောင်းပါတယ်။ ပြီးတော့ ကားကလည်း ကားသေးမဟုတ်ပဲ SUV ကားအမျိုးအစားဖြစ်တာကြောင့် တော်တော်လေးကို ပါကင်ထိုးဖို့ ခက်ခဲတဲ့ ကားအမျိုးအစားပါပဲ။ အဆိုပါကားပိုင်ရှင်ပုံစံကြည့်ရတာ ကားပါကင်နေရာ မရှိလို့ လွတ်တဲ့နေရာမှာပဲ အလျင်အမြန်ကားကို ပါကင်ထိုးခဲ့ရတဲ့ ပုံပါပဲ။ နဲနဲလေး အတိမ်းအစောင်းဖြစ်တာနဲ့တင် ကားက မြောင်းထဲကျသွားမယ့် အနေအထားပါပဲ။
That’s Malayalee confidence for you. #Parking pic.twitter.com/3NF4aah83m
— Nandagopal Rajan (@nandu79) September 6, 2020
အပေါ်က ဗီဒီယိုကို တင်ခဲ့တဲ့အမျိုးသားကတော့ Nandagopal Rajan လို့ အမည်ရတဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်း အမည်ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသားတစ်ယောက်ဟာ အရမ်းကို ကျဉ်းမြောင်းလွန်းလှတဲ့ ကားပါကင်ကနေ ကားကို အပြင်ပြန်ထုတ်နေတာ ဖြစ်ပါတယ်။ ကားပါကင်ကနေ ကားကို ထုတ်နေရင်းနဲ့တောင် လက်တစ်ဖက်က ဖုန်းပြောနေခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ ကားကို သာသာယာယာပဲ မောင်းထွက်သွားခဲ့ပြပါတယ်။ အဆိုပါဗီဒီယိုဟာ ဆိုရှယ်မီဒီယာပေါ်မှာ ကြည့်ရှု့သူတစ်သန်းကျော်ရှိခဲ့တဲ့အပြင် လူတိုင်းကလည်း အဆိုပါအမျိုးသားရဲ့ ကားပါကင်စွမ်းရည်ကို ချီးမွမ်းခဲ့ကြောင်း သိရပါတယ်။
That’s Malayalee confidence for you. #Parking pic.twitter.com/3NF4aah83m
— Nandagopal Rajan (@nandu79) September 6, 2020
Pyi Hein Kyaw