ရေချိုးကန်လိုချင်တဲ့ ချစ်သူရဲ့ဆန္ဒကို တစ်ဖက်လှည့်နဲ့ ဖြည့်ဆည်းပေးခဲ့တဲ့ အမျိုးသားကြီး

[email protected] Eastwood

အမျိုးသမီးတော်တော်များများဟာ ရေချိုးရင်  Bath-tub လို့ခေါ်တဲ့ ရေချိုးဇလုံ ကြွေကန်ကြီးထဲမှာ တစ်ကိုယ်လုံးကို ရေစိမ်ရင်း ရေကို စိမ်ပြေနပြေချိုးခြင်ကြပါတယ်။ အခုလည်း အမျိုးသမီးတစ်ယောက်ဟာ သူ့ချစ်သူဖြစ်သူ အမျိုးသားကြီးကို ရေချိုးဇလုံထဲမှာ ရေချိုးချင်တဲ့အကြောင်း ပူဆာနေတာ ၂ နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်တဲ့အတွက်ကြောင့် နောက်ဆုံးမှာတော့ အဆိုပါအမျိုးသားကြီးဟာ သူ့ချစ်သူရဲ့ ဆန္ဒကို တစ်ဖက်လှည့်နဲ့ ဖြည့်ဆည်းပေးလိုက်တော့မှ အဆိုပါအမျိုးသမီးလည်း ကျေနပ်သွားကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Eastwood

အင်္ဂလန်နိုင်ငံ၊ Yorkshire ပြည်နယ်မှာနေတဲ့ Dave Eastwood လို့ အမည်ရတဲ့ အမျိုးသားကြီးနဲ့ သူ့ချစ်သူ Helen Kettleborough တို့ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက သူတို့နှစ်ယောက်လုံး စိတ်ကူးထားတဲ့ အိမ်ကလေးကို တည်ဆောက်နေတာ ကြာပါပြီ။ ဖြစ်ချင်တော့ COVID 19 ဖြစ်တဲ့ ကာလနဲ့တိုးသွားပြီး ရေချိုးခန်းကလွဲလို့ ကျန်တဲ့အခန်းတွေက အကုန်အပြီးသတ်ပြီး ဖြစ်ပါတယ်။ အဲဒီအချိန်မှာ Helen တစ်ယောက်ဟာ Dave ကို စပြီး နားပူတိုက်ပါတော့တယ်။

READ
တခြားသူလက်ထဲက ရေခဲမုန့်ကို မသိအောင်ခိုးစားနိုင်ခဲ့လို့ နာမည်ကြီးနေတဲ့အမျိုးသား
[email protected] Eastwood

Helen ရဲ့ အမြဲတမ်းမက်ခဲ့ရတဲ့ အိပ်မက်က ရေချိုးဇလုံောကွကန်ကြီးထဲမှာ တစ်ကိုယ်လုံးစိမ်ထားပြီး ဝိုင်သောက်ဖို့ပါပဲ။ ဒါပေမယ့် လက်ရှိ COVID 19 ဖြစ်နေတဲ့ ကာလမှာ ရေချိုးခန်းအပြီးသတ်ပေးမယ့် အလုပ်သမားတွေလည်း မရှိတော့သလို ဆောက်လုပ်ရေးပစ္စည်းဆိုင်တော်တော်များများကလည်း ပိတ်လိုက်တာကြောင့် Dave တို့အတွဲဟာ ရေချိုးခန်းကို အပြီးမသတ်နိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာ Helen ရဲ့ နားပူနားဆာလုပ်နေတဲ့ အသံတွေကို မကြားချင်တော့တဲ့ Dave ဟာ မြေသယ်ကားအရှေ့က လက်တံကို ရေချိုးပုံစံပြောင်းကာ ရေအပြည့်ဖြည့်၊ ဆပ်ပြာရေတွေထည့်ပြီး Helen အတွက် ရေချိုးကန်အဖြစ် ဖန်တီးပေးခဲ့ပါတယ်။

[email protected] Eastwood

နောက်ဆုံးမှာတော့ Helen တစ်ယောက် စိတ်ချမ်းသာသွားသလို စိတ်လည်း ကျေနပ်ခဲ့ရပါတယ်။ အခုဆိုရင် အချိန်တိုင်းလိုလို ခြံထဲက မြေသယ်ကားပေါ်မှာ ဝိုင်တစ်ခွက်ကိုင်ပြီး ရေစိမ်နေတဲ့ Helen ကို နေ့တိုင်းလိုလို မြင်တွေ့နေရပြီပဲ ဖြစ်ပါတယ်။ Helen အတွက် ပိုပြီး ကျေနပ်စရာကောင်းတဲ့ အချက်ကတော့ Dave ကို မြေသယ်ကားမောင်းခိုင်းပြီး ရေချိုးကန်ထဲမှာ ၀ိုင်သောက်ရင်း Helen တစ်ယောက် သွားလိုရာသွားလို့ ရနေတာပဲ ဖြစ်ပါတယ်။

READ
Single နဲ့ Relationship ဘဝ ကွာခြားပုံ

Pyi Hein Kyaw

SHARE