Disney ကာတွန်းဇာတ်ကောင်တွေနဲ့ ပျော်ပါးနေတဲ့ Photoshop ပညာရှင်အမျိုးသား

[email protected] samuelmb1991

Disney ဆိုတာ လူတိုင်းရဲ့ ငယ်ဘဝတွေမှာ ပါဝင်ပတ်သတ်ခဲ့တဲ့ အမှတ်တရတစ်ခုဆိုတာ လူတိုင်းလက်ခံမယ်လို့ ထင်ပါတယ်။ Disney က ဖန်တီးတဲ့ ကာတွန်းတွေကို ငယ်ရွယ်တဲ့ ကလေးဘဝတွေမှာတင် မဟုတ်ပဲ အရွယ်ရောက်တဲ့အထိကို ကြိုက်နှစ်သက်နေကြတဲ့ လူတွေ အများကြီးပါပဲ။ အဲဒီအထဲမှာတော့ Samuel MB လို့ အမည်ရတဲ့ အမျိုးသားဟာလည်း Disney ရဲ့ ကာတွန်းဇာတ်ကောင်တွေကို အရူးအမူးကြိုက်နှစ်သက်တဲ့ လူတွေထဲက တစ်ယောက်ပါပဲ။

 

အပေါ်မှာတွေ့ရတဲ့ ပုံကတော့ Samuel အကြိုက်ဆုံး Disney ကာတွန်းဇာတ်ကောင် Simba ကို Photoshop နဲ့ ပြုလုပ်ထားပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတစ်ပုံပဲ ဖြစ်ပါတယ်။ Samuel ဖန်တီးထားတာ ဒီတစ်ပုံတည်း မဟုတ်ပါဘူး။ Disney က ထွက်ရှိပြီးသားဖြစ်တဲ့ ကာတွန်းဇာတ်ကောင်တွေကို တစ်ကယ့်လက်တွေ့ဘဝမှာ သူနဲ့ အတူတူရှိနေတဲ့ပုံစံကို Photoshop နဲ့ ပြုပြင်ဖန်းတီးခဲ့တာပဲ ဖြစ်ပါတယ်။

 

Samuel ဟာ ဆယ်ကျော်သက်ဘဝကတည်းက Photoshop ကို သူ့အဖေဆီက သင်ယူခဲ့တာပဲ ဖြစ်ပါတယ်။ သူ့အဖေကလည်း Samuel ရဲ့ စိတ်အားထက်သန်မှုကို တွေ့ရှိခဲ့တာကြောင့် Samuel ကို ကလေးဘဝကတည်းက Photoshop ပညာကို သင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ Samuel တစ်ယောက် တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့ အခါမှာတော့ သူအရမ်းရူးသွပ်တဲ့ Disney ကာတွန်းဇာတ်ကောင်တွေကို Photoshop နဲ့ ပြုပြင်ဖန်တီးပြီး တစ်ကယ့်လက်တွေ့ဘဝမှာ သူနဲ့အတူတူ ရှိနေသယောင် ပြုပြင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီပုံတွေကို သူ့ရဲ့ Instagram အကောင့်မှာ တင်တဲ့ အခါကျပြန်တော့လည်း လူတိုင်းက သူ့ရဲ့ လက်ရာတွေကို ကြိုက်နှစ်သက်ခဲ့ကြပါတယ်။

READ
ရပ်ကွက်တွင်း လူကြိုက်အများဆုံး စာအုပ်တွေကို နံရံပန်းချီပြန်ဆွဲခဲ့တဲ့ ဒတ်ခ်ျအနုပညာရှင်

 

“ကျွန်တော် ကလေးဘဝတုန်းက ပထမဦးဆုံးကာတွန်းကားစကြည့်ဖူးတာက Who Framed Roger Rabbit? လို့ အမည်ရတဲ့ ဇာတ်ကားပါ။ အဲဒီဇာတ်ကားထဲမှာ တစ်ကယ့် လူသရုပ်ဆောင်တွေနဲ့ ကာတွန်းဇာတ်ကောင်တွေ အတူတူ သရုပ်ဆောင်ကြတာဗျ။ အရမ်းကို ကြည့်လို့ ကောင်းပြီး ကျွန်တော်အရမ်းကြိုက်ရတဲ့ ဇာတ်ကားပါပဲ။ တဖြည်းဖြည်း အသက်ကြီးလာတာ့မှ ကာတွန်းဇာတ်ကောင်တွေဆိုတာ အပြင်မှာ တစ်ကယ်မရှိမှန်း သိလာရတာ။ ဒါ့ကြောင့်လည်း Disney ကာတွန်းဇာတ်ကောင်တွေကို Photoshop နဲ့ ဖန်တီးပြီး အပြင်မှာ တစ်ကယ်ရှိသယောင် ပြုပြင်ဖန်တီးခဲ့တာပါ” လို့ Samuel က ပြောကြားခဲ့ပါတယ်။

READ
ကမာခွံများမှ အဖိုးတန်အနုပညာလက်ရာပစ္စည်းအဖြစ် ပြောင်းလဲခဲ့သူ

 

Pyi Hein Kyaw

SHARE