ငယ်ငယ်က သိမ်းထားတဲ့ Pokemon ကဒ်တွေကို ပေါင်(၃)သောင်းခွဲနဲ့ ရောင်းခဲ့တဲ့ အမျိုးသား

Richard Winterton Auctioneers

Pokemon ကဒ်တွေဟာ ကျွန်တော်တို့ ငယ်ဘဝမှာ အရမ်းကြိုက်ခဲ့ရပါတယ်။ ရှားပါးတဲ့ Pokemon ကဒ်လေး တစ်ကတ်နှစ်ကတ်လောက်များ ကိုယ့်လက်ထဲမှာရှိနေတဲ့အချိန် ကျောင်းသွားရတာ ခြေထောက်နဲ့ မြေကြီးမထိပဲ လမ်းလျှောက်နေရသလိုကို ထင်ရတာပါ။ ဒီကြားထဲမှာမှ အဲဒီရှားပါးကဒ်တွေစာ ရောင်ပြန်ကဒ်လေးများ ဖြစ်နေလိုက်ရင်တော့ ဘော်ဒါတွေ ကြားထဲမှာ အကောင်ပါပဲ။ အခုလည်း အမျိုးသားတစ်ယောက်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်က သူစုထားတဲ့ Pokemon ကဒ်တွေဟာ အခုအချိန်မှာ ပေါင် ၃,၅၀၀၀(မြန်မာငွေ သိန်း ၆၀၀ ကျော်) လောက် တန်ဖိုးရှိတာကို သိခဲ့ရကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ အမျိုးသားကတော့ အင်္ဂလန်နိုင်ငံ၊ Sutton Coldfield မြို့မှာ နေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် Nigel Brookes လို့ အမည်ရတဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။ Nigel မှာ ငယ်ငယ်လေးကတည်းက သိမ်းထားတဲ့ Pokemon ကဒ်တွေထားတဲ့ ကတ်ထူစာအုပ်ကြီး ရှိပါတယ်။ အဆိုပါ Pokemon သဒ်တွေစုတဲ့ စာအုပ်ကြီးကို ဝယ်ပေးခဲ့တာကတော့ Nigel ရဲ့ မိခင်ပဲ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းက Nigel ရဲ့ ညီဖြစ်သူ Jeremy ကို အခြားကလေးတစ်အုပ်က အနိုင်ကျင်းပြီး Jeremy ဆီက Pokemon ကဒ်တွေကို လုနေတာမြင်လို့ Nigel က ဝင်ရောက်တားဆီးဖြေရှင်းခဲ့ပါတယ်။ ဒါကို Nigel အမေဖြစ်သူ သိတဲ့အချိန်မှာ Nigel ကို Pokemon ကဒ်စုတဲ့ စာအုပ်ကြီးတစ်အုပ် ဝယ်ပေးခဲ့ပါတယ်။

READ
ရုပ်ဆိုးမ ဆိုပြီး သိမ်ငယ်စိတ်ဝင်နေတဲ့ ကလေးမလေးကို နှစ်သိမ့်ပေးခဲ့တဲ့ Michelle Obama
Richard Winterton Auctioneers

ဒါပေမယ့် Nigel က Pokemon ကဒ်တွေ သိပ်မကြိုက်ပေမယ့် ဒီအတိုင်း Pokemon ကဒ်တွေကို အဆိုပါစာအုပ်ကြီးနဲ့ အပြည့်စုဆောင်းခဲ့ပါတယ်။ အသက်ကြီးလာတဲ့အချိန်မှာတော့ အဆိုပါ Pokemon ကဒ်တွေ စုထားတဲ့ စာအုပ်ကြီးကို သူ့သမီးဖြစ်သူက ခဏခဏယူဆော့ပြီး ကစားခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ Sutton Coldfield မြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သူ့သမီးထံမှ အဆိုပါ Pokemon ကဒ်စာအုပ်ကြီးကို ၆ ပေါင်နဲ့ ဝယ်ယူချင်ကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ ဒါ့ကြောင့် Nigel လည်း Richard Winterton Auctioneers ဆိုတဲ့ လေလံအဖွဲ့အစည်းက သိရှိနားလည်သူတွေထံမေးကြည့်တဲ့အခါမှာတော့ အဆိုပါ Pokemon ကဒ်တွေ စုဆောင်းထားတဲ့ စာအုပ်ကြီးဟာ ပေါင် ၃၅,၀၀၀ တန်ဖိုးရှိကြောင်း သိခဲ့ရပါတယ်။

READ
ဝမ်းနည်းကြေကွဲဖွယ်ရာ အသက်မဆုံးရှုံးမီ နောက်ဆုံးဖြစ်ခဲ့ရတဲ့ အမှတ်တရဓာတ်ပုံများ
Richard Winterton Auctioneers

“အဲဒီကဒ်တွေအကုန်လုံးကို ပေါင် ၃၅,၀၀၀ နဲ့ လေလံတင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒီကဒ်တွေဟာ နောက်ထပ် ၁၀ နှစ်လောက်ကြာရင် အနည်းဆုံး လက်ရှိ ပေါက်ဈေးထက် ၂ ဆလောက်ရမယ်လို့တော့ တော်တော်များများ ပြောကြပါတယ်။ ဒါပေမယ့်လည်း အခုလက်ရှိအချိန်က အသေချာဆုံးမို့လို့ အခုအချိန်ပဲ ရောင်းလိုက်ပါတယ်။ အခုအဲဒီပိုက်ဆံနဲ့ ကျွန်တော်တို့ မိသားစု ခရီးတစ်ခုထွက်ဖြစ်မှာပါ။ ကျန်တဲ့ ပိုက်ဆံတွေကိုတော့ သားသမီးတွေ နောင်ရေးအတွင် စုထားပါတယ်” လို့ Nigel က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE