ချစ်သူအထင်ကြီးအောင်ဆိုပြီး လုပ်ပြကာမှ အရှက်ဗြန်းဗြန်းကွဲခဲ့တဲ့အမျိုးသား

Twitter- Drew Randall

ယောက်ျားလေးတော်တော်များများဟာ သူတို့ချစ်သူကောင်မလေးတွေဆီက အထင်ကြီးခံရဖို့ နည်းမျိုးစုံနဲ့ ကြိုးစားလေ့ရှိပါတယ်။ ကိုယ်စိတ်ကူးထားတဲ့အတိုင်း ဖြစ်လာရင်တော့ အကောင်းပေါ့။ ဒါပေမယ့် ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်မလာရင်တော့ တစ်ခါတစ်လေ့ အရှက်ကွဲတတ်ကြပါတယ်။ အခုလည်း အဲဒီလိုပါပဲ။ အမျိုးသားတစ်ယောက်ဟာ သူ့ချစ်သူကောင်မလေးဆီက အထင်ကြီးတာခံရဖို့ ကိစ္စတစ်ခုလုပ်လိုက်တဲ့အချိန်မှာ မထင်မှတ်ထားနဲ့ ကြုံခဲ့ရပြီး အရှက်ကွဲခဲ့ကြောင်း Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Twitter- Drew Randall

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး Pete Pritchard လို့အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ချစ်သူဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် Drew Randall နဲ့ Gloucestershire ပြည်နယ်ရှိ သစ်တောအုပ်တစ်ခုထဲကို ဖော်ဝါရီလ ၁၆ ရက်နေ့က ခွေးကျောင်းရင်း လမ်းလျှောက်ထွက်လာခဲ့ပါတယ်။ ဒီလိုလမ်းလျှောက်ထွက်လာခဲ့ရင်းနဲ့ တောအုပ်အလယ်မှာ စမ်းချောင်းလေးတစ်ခုအနားရောက်လာခဲ့ပါတယ်။ Randall က အခြားလမ်းက သွားဖို့ပြောခဲ့ပေမယ့် Pete ဟာ သူစမ်းချောင်းပေါ်ကနေ ခုန်နိုင်ကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် သူခုန်တာကို ဗီဒီယိုရိုက်ထားဖို့တောင် Randall ကို ပြောခဲ့ပါသေးတယ်။ ဒီလိုနဲ့ Pete ဟာ အရှိန်နဲ့ ပြေးရင်း စမ်းချောင်းကို ကျော်ခါနီးလေးမှာ ဟန်ချက်ပျက်ပြီး ရေထဲ နောက်ပြန်ကြီးကျသွားပါတော့တယ်။

READ
ဈေးဝယ်တာကြာနေတဲ့သခင်ကို စိတ်မရှည်တော့လို့ ဟွန်းသံရှည်ဆွဲပြီးခေါ်နေခဲ့တဲ့ ခွေးလေး
Drew Randall

“သူ့ကို ကျွန်မတားပါသေးတယ်။ ပြောစကားမှ နားမထောင်တာကိုး။ သူလဲလဲကျချင်း ရယ်ချင်တာကို တော်တော်ထိန်းထားရတယ်။ ရေထဲကျပြီး ပြန်ထထလာချင်း ကျွန်မကို လှမ်းကြည့်မှပဲ ဝါးလုံးကွဲအောင် ရယ်မိခဲ့တာပါ။ ရေကလဲတော်တော်အေးတယ်လေ။ သူ့တစ်ကိုယ်လုံးရေတွေ စိုရွှဲနေပြီး ကားထဲရောက်တော့ အေးပြီး မျက်နှာက ပြာနှမ်းနေလို့ အပူပေးစက်တောင် ဖွင့်ရသေးတယ်။ အိမ်လဲရောက်ရော ရေနွေးဖွင့်ပြီး ရေတန်းချိုးတော့တာပဲ” လို့ Randall က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE