Quarantine ၁၄ ရက်စည်းမျဉ်းကိုချိုးဖောက်ပြီး ကလပ်သွားခဲ့လို့အဖမ်းခံခဲ့ရတဲ့အမျိုးသား

Asia Wire

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါဟာ ဒီ ၂၀၂၀ခုနှစ်မျာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကပ်ရောဂါဆိုးကြီးတစ်ခုပဲ ဖြစ်ပါတယ်။ အခုချိန်အထိတော့ COVID-19 ကပ်ရောဂါကို ထိန်းချုပ်နိုင်တဲ့ ဆေးဝါးဆိုတာလဲ မည်မည်ရရ မပေါ်သေးပါဘူး။ ဒါ့ကြောင့်အကောင်းဆုံးကတော့ ကိုယ့်အသိစိတ်ဓာတ်နဲ့ ရောဂါကို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာအကောင်းဆုံးပါပဲ။

အကြောင်းကြောင့် ပြည်ပကနေ ကိုယ့်နိုင်ငံကို ပြန်လာတယ်ဆိုရင်လည်း ကိုယ့်တိုင်းပြည်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတာက အကောင်းဆုံးပါပဲ။ ဒါပေမယ့် ထိုင်ဝမ်အမျိုးသားတစ်ယောက်ကတော့ ပြည်ပကနေပြန်လာတဲ့အချိန်မှာ Quarantine ၁၄ ရက် ကို လိုက်မနာဘဲ နိုက်ကလပ်သွားခဲ့တာကြောင့် ထိုင်ဝမ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး ငွေဒဏ်ရိုက်ခဲ့ကြောင်း Lad Bible သတင်းဌာနရဲ့ တင်ပြချက်အရ သိရှိရပါတယ်။

Weibo

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Mr Huang လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ မတ်လ ၁၈ ရက်နေ့က ကမ္ဘောဒီယားနိုင်ငံကနေ သူ့နိုင်ငံဖြစ်တဲ့ ထိုင်ဝမ်ကို ပြန်လာခဲ့ပါတယ်။ ဒီလိုပြန်လာတဲ့အချိန်မှာ ထိုင်ဝမ် တာဝန်ရှိသူတွေက Mr Huang ကို အိမ်မှာ ၁၄ ရက်နေပြီး Quarantine လုပ်ဖို့ နဲ့ ဧပြီ ၂ ရက်နေ့ကျော်မှ အိမ်အပြင်ထွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါကို Mr Haung က လည်း သဘောတူလက်မှတ်ရေးထိုးခဲ့သလို အိမ်မှာပဲ နေမှာဖြစ်ကြောင်း ကတိပေးပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် မတ်လ ၂၂ ရက်နေ့မှာ ထိုင်ဝမ်တာဝန်ရှိသူတွေက လူထုကြားရှောင်တခင် ကျန်းမာရေးစစ်ဆေးမှုကို နိုက်ကလပ်တစ်ခုမှာ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

READ
ဝက်ခြံပျောက်ဖို့ဆိုပြီး မသတီစရာအရည်ကိုတောင် သောက်သုံးခဲ့တဲ့အမျိုးသမီး
Weibo

အဲဒီကလပ်မှာတော့ သူတို့တွေ့ခဲ့တဲ့သူက Mr Haung ဖြစ်နေတာပါပဲ။ နောက်ဆုံးမှာတော့ ထိုင်ဝမ်တာဝန်ရှိသူတွေက Mr Haung ကို ဖမ်းဆီးခဲ့ပြီး ပေါင် ၂၈,၀၀၀ ဒဏ်ကြေးရိုက်ခဲ့ပါတယ်။ “ ကျွန်တော်တို့ အစကတည်းက အသိပေးပြီးမှ လုပ်တာပါ။ ပြည်ပက ပြန်လာတဲ့လူတွေကို အိမ်မှာ Quaratine ၁၄ ရက်နေခိုင်းတယ်။ အဲဒီ ၁၄ ရက်အတွင်း အပြင်မှာတွေ့ရင်တော့ ဒဏ်အရိုက်ခံရမှာပဲ” လို့ ထိုင်ဝမ်မြို့တော်ဝန် Hou Yu-ih က ပြောကြားခဲ့ပါတယ်။ ပေါင် ၂၈,၀၀၀ ဆိုတဲ့ ငွေပမာဏက မြန်မာငွေ သိန်း ၅၀၀ ကျော်နဲ့ ညီမျှတာကြောင့် နည်းတဲ့ငွေပမာဏတော့ မဟုတ်ပါဘူး။

Weibo

Pyi Hein Kyaw

SHARE