သောင်းကျန်းလွန်းတဲ့ သူခိုးကို အရူးလုပ်ပြီး ပညာပေးခဲ့တဲ့ အသက်(၇၈)နှစ် ဖွားဖွား

Youtube-「おもちゃのお金を銀行の封筒に」 空き巣逮捕

သူခိုးဆိုတဲ့ အမျိုးကတော့ လူခြေတိတ်ချိန်တို့၊ မိသားစုဝင်နည်းတဲ့အိမ်တို့၊ လူလုံးဝမရှိတဲ့ အိမ်တွေကို ပစ်မှတ်ထားပြီး ဖောက်ထွင်းခိုးယူတတ်တဲ့ လူမျိုးတွေပါ။ ဒါပေမယ့် အခုပြောပြချင်တဲ့ သူခိုးကတော့ ဥာဏ်ပဲနည်းတာလား၊ ညမှောင်နေလို့ မမြင်ရတာလားတော့ မသိပါဘူး၊ တော်တော်လေးကို အသုံးမကျတဲ့ သူခိုးတစ်ယောက်လို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက် ၇၈ နှစ်အရွယ် အဖွားအိုတစ်ယောက်ရဲ့ အရူးလုပ်တာကို ကောင်းကောင်းကြီး ခံခဲ့ရပြီး နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရလို့ပဲဖြစ်ကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-Maccabee

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က ဂျပန်နိုင်ငံ၊ Aichi Prefectural စီရင်စုရှိ Nishio မြို့မှာ နေထိုင်တဲ့ အသက် ၄၂ နှစ်အရွယ် Asahi Shimizu လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ အသက် ၇၈ နှစ်အရွယ် အဖွားအိုတစ်ယောက်တည်းနေထိုင်တဲ့ အိမ်ထဲရှိ မီးခံသေတ္တာကို ဖောက်ထွင်းခိုးယူမှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ ဒါ့အပြင် Asahi ခိုးယူသွားတဲ့ မီးခံသေတ္တာထဲက အဖွားအိုရဲ့ ငွေယန်း ၇၀,၀၀၀ဟာ အတုတွေဖြစ်ပြီး မိုနိုပိုလီဆော့တဲ့ နေရာမှာ အသုံးပြုတဲ့ အရုပ်ပိုက်ဆံတွေပဲ ဖြစ်နေတာကြောင့်ပါ။

READ
အနီကတ်ပြတဲ့ ဒိုင်လူကြီးကို လက်သီးနဲ့သုံးလေးချက် ဆင့်ထိုးတဲ့ ဘောလုံးသမား

ဗီဒီယိုထဲမှာ တွေ့ရတာကတော့ အဆိုပါ အဖွားအိုဟာ မီးခံသေတ္တာ အရှေ့မှာ လျှို့ဝှက်ကင်မရာထောင်ထားပြီး သူခိုးခိုးတာကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး မီးခံသေတ္တာအရှေ့မှာ အဖွားအိုတစ်ယောက် လျှို့ဝှက်ကင်မရာတပ်ထားတယ်ဆိုတာကလည်း အကြောင်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ အဖွားအိုဟာ လွန်ခဲ့တဲ့အောက်တိုဘာလတုန်းကလည်း အဆိုပါမီးခံသေတ္တာထဲကနေ ဂျပန်ယန်းငွေ ၂၂၀,၀၀၀ တိတိ အခိုးခံခဲ့ရလို့ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် အဖွားအိုဟာ သူခိုးကို လက်စားချေချင်တာကြောင့် အဆိုပါ မီးခံသေတ္တာထဲကို ငွေတုတွေ ထည့်ထားပြီး နောက်ထပ်တစ်ခါ သူခိုးလာထပ်ခိုးရင် ဗီဒီယိုပါရိုက်ထားချင်လို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဆိုပါဗီဒီယိုကိုတောင် ဂျပန်သတင်းဌာနတစ်ခုကို ပေးပို့ခဲ့ပြီး သူခိုးကို ဥာဏ်နည်းတဲ့ သူခိုးအဖြစ် ဟာသလုပ်ခဲ့ပါသေးတယ်။ အခုအချိန်မှာတော့ Asahi ကို ရဲတွေကနေပြီးတော့ အောက်တိုဘာလက အဆိုပါ အဖွားအိုရဲ့ အိမ်ဖောက်ထွင်းမှုနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

READ
တွင်းတစ်ခုထဲကိုကျွံကျပြီး ဘောင်နှစ်ခုကြားမှာ ညှပ်နေရှာတဲ့ ခပ်ဝဝအမျိုးသမီး
Youtube-「おもちゃのお金を銀行の封筒に」 空き巣逮捕

Pyi Hein Kyaw

SHARE