ကိုယ်အကြိုက်ဆုံး Golfer ကို ထူးထူးခြားခြား နည်းလမ်းနဲ့ အားပေးခဲ့တဲ့ ပရိသတ်

[email protected] philmickelson

အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး Golfer တစ်ဦးဖြစ်တဲ့ Phil Mickelson ကိုတော့ အားကစားပရိသတ်တော်တော်များများ သိကြပြီးဖြစ်မှာပါ။ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ Phil ဟာ Gold ရိုက်တဲ့အခါမှာ ဘယ်သန်တစ်ယောက်ဖြစ်တာကြောင့် ဒီမှာဆိုရင်တော့ Golf ပရိသတ်တော်တော်များများက ဘယ်ကျော်ကြီးလို့ လူသိများလှပါတယ်။ Phil ဟာ ပြီးခဲတဲ့ နှစ်တွေက ၆ ကြိမ်တိုင်တိုင် US Open မှာ ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပေမယ့် ဒီနှစ်မှာတော့ US Open ရဲ့ ချန်ပီယံတစ်ယောက်ဖြစ်ဖို့ တွန်းအားတစ်ခုရှိလာခဲ့ပါပြီ။

 

 

View this post on Instagram

 

Mood heading into the weekend 😎

A post shared by Phil Mickelson (@philmickelson) on

အမည်ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသားတစ်ယောက်ဟာ ဒီနှစ် US Open မှာ Phil တစ်ယောက် ချန်ပီယံဖြစ်မယ်လို့ ယုံကြည်ခဲ့ပြီး Phil ဖက်ကနေပြီးတော့ အမေရိကန်ဒေါ်လာ ၄၅,၀၀၀ ကို လောင်းခဲ့ပါတယ်။ ရှုံးရင်တော့ ပိုက်ဆံပြန်ရတော့မှာ မဟုတ်သလို နိုင်ခဲ့ရင်တော့ လောင်ကြေးတန်ဖိုးရဲ့ ၇၅ ဆ(အမေရိကန်ဒေါ်လာ ၃.၃ သန်း)ကို ရရှိမှာပဲ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ စက်တင်ဘာ ၂၀ ရက်နေ့အထိ အမေရိကန်နိုင်ငံ၊ New York မြို့ရှိ Winged Foot Golf Club မှာ ကျင်းပမယ့် US Open ဂေါ့ဖ်ပြိုင်ပွဲကတော့ တော်တော်လေးကို စိတ်လှုပ်ရှားဖို့ ကောင်မှာတော့ အမှန်ပါပဲ။

READ
အမေရိကန်မှာ ပစ္စည်းပြတ်တဲ့အထိ ရောင်းအားကောင်းနေတဲ့ Bane မျက်နှာဖုံး

 

ဒီအကြောင်းကိုသိသွားတဲ့ Phil ဟာ သူ့ရဲ့ Twitter အကောင့်ကနေပြီးတော့ အဆိုပါအမျိုးသားအကြောင်းကို နောက်ပြောင်ပြီး ရေးသားခဲ့ပါသေးတယ်။ “ကျွန်တော်ကတော့ အတတ်နိုင်ဆုံး ကြိုးစားပြီးရိုက်မှာပါ။ ကျွန်တော့်ကို ဒီလိုမျိုး ယုံကြည်တဲ့လူ ရှိတဲ့အတွက်ကြောင့်လည်း ကျွန်တော့်အနေနဲ့ ဝမ်းသာမိပါတယ်။ လက်ရှိအချိန်အထိတော့ ဗိုလ်စွဲမစွဲဆိုတာ တပ်အပ်ကြီး မပြောနိုင်ပါဘူး။ အရင်နှစ်တွေကတော့ ဒုတိယနေရာနဲ့ပဲ အမြဲကျေနပ်နေရတော့ ဒီနှစ်တော့ ဗိုလ်စွဲချင်ပါတယ်”လို့ Phil က Insider သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

READ
အိုင်ယာလန် ပြိုင်ကားကြယ်ပွင့်ရဲ့ ရှားပါး Ferrari ခိုးယူခံရမှုဖြစ်ပွား....

 

Pyi Hein Kyaw

SHARE