နှစ်သစ်ကူးညမှာ မီးရှုးမီးပန်းဖောက်ဖို့ ကြိုးစားရင်း ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ အမျိုးသား

Facebook_Mike Cooperman

နှစ်သစ်ကူးညနဲ့ ပွဲတော်ညတော်တော်များများဟာ လူတိုင်းအတွက်ပျော်ဖို့လဲ ကောင်းသလို အန္တရာယ်လဲတော်တော်များလွန်းပါတယ်။လူတိုင်းလိုလိုဟာ အဲဒီလိုညတွေမှာ သောက်စားမူးယစ်နေကြတာများပါတယ်။ဒါ့ကြောင့်လည်း မလိုလားအပ်တဲ့ ဖြစ်ရပ်တွေဖြစ်ပြိး အသက်တွေဆုံးရှုံးနေရတာပဲ ဖြစ်ပါတယ်။

အခုလဲ ထိုင်းနိုင်ငံမှာ ဗြိတိန်အမျိုးသားတစ်ဦးဟာ သူရဲ့စေ့စပ်ထားတဲ့အမျိုးသမိးတစ်ဦးနဲအတူတူ နှစ်သစ်ကူးညမှာ  မီးရှုးမီးပန်းဖောက်ဖို့ကြိုးစားရာမှ အမှတ်မထင်ပေါက်ကွဲခဲ့ပြီး အသက်သေဆုံးတဲ့ထိ ဖြစ်ပွားခဲ့ကြောင်း DailyMail သတင်းစာက ဖော်ပြခဲ့ပါတယ်။

Facebook/Mike Cooperman

Corbyမြို့ Northamptionshireပြည်နယ်မှာနေထိုင်တဲ့ Gary McLarenဆိုတဲ့ အမျိုးသားဟာ ဒီဇင်ဘာ၃၁ရက်နေ့ညမှာ ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တရားကမ်းခြေရှိ Miami A Go Go လို့အမည်ရတဲ့ ဘားတစ်ခုမှာ သူစေ့စပ်ထားတဲ့ ထိုင်းအမျိုးသမီးရယ်၊သူ့သူငယ်ချင်းတွေရယ်နဲ့ အတူတူ နှစ်သစ်ကို ကြိုဆိုဖို့ အဆင်သင့် ရှိနေခဲ့ကြပါတယ်။

Facebook/Mike Cooperman

ဒီလိုနဲ့ ၁၂နာရီထိုးခါနီးအချိန်မျာ McLarenဟာ နှစ်သစ်ကိုကြိုဆိုဖို့အတွက် မီးရှုးမီးပန်းတွေဖောက်ဖို့ ဘားအရှေ့ကိုထွက်လာခဲ့ပါတယ်။ပြီးတော့လဲ မီးရှုးမီးပန်းတွေကို မီးညှိခဲ့ပါတယ်။ပထမတစ်ကြီမ်မှာ မီးဟာရုတ်တရက်မလောင်ခဲ့ပဲ ငြိမ်းခဲ့တာကြောင့် ဒုတိယအကြိမ် မီးညှိတဲ့အချိန်မှာ မီးရှုးမီးပန်းတွေဟာ ရုတ်တရက် McLarenရဲ့ မျက်နှာနားမှာ ပေါက်ကွဲခဲ့ပြီး McLarenလဲ မြေကြီးပေါ်ကို လဲကျသွားခဲ့ပါတယ်။

READ
ဆေးလိပ်ဖြတ်လိုက်ရင် ဒီကောင်းကျိုး(၁၀)မျိုးကို ရရှိမှာပါ

ကယ်ဆယ်ရေးသမားတွေ ရောက်လာတဲ့အချိန်မှာတော့ McLarenရဲ့ ဇနီးလောင်းဖြစ်တဲ့ Jasmineဟာ အသက်မဲ့နေပြီဖြစ်တဲ့ McLarenရဲ့ ခန္ဓာကိုယ်ကြီးကို လမ်းမပေါ်မှာ ပွေ့ဖက်ငိုကြွေးနေတာကို မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ဒါ့အပြင် McLarenဟာမျက်နှာမှာ  မီးလောင်ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ လဲကျသေဆုံးနေကြောင်း သိရှိရပါတယ်။

Twitter/Royal Thai Police

Pyi Hein Kyaw

SHARE