အိမ်တစ်ခုလုံး မီးဟုန်းဟုန်းတောက်နေတာတောင် ခွေးကိုရအောင်သွားကယ်ခဲ့တဲ့ အမျိုးသား

ကယ်လီဖိုးနီးယားပြည်နယ်နေ အမျိုးသားတစ်ဦးဟာ အိမ်မီးလောင်နေတဲ့ကြားက သူ့ရဲ့ခွေးလေးကို မရရအောင် သွားကယ်လာခဲ့ပါတယ်။ အိမ်ဟာ အရှိန်ပြင်းပြင်းနဲ့ တောက်လောင်နေပြီး မီးသတ်ရဲဘော်တွေကတော့ အိမ်ပြင်ကနေ မီးငြိမ်းသတ်ပေးနေပါတယ်။ ၄င်းအမျိုးသားဟာ မီးကြီးနေတာကိုတောင် အမှုမထားပဲ မီးသတ်ရဲဘော်တွေကို အတင်းဖြတ်ကာ အိမ်ထဲ ၀င်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

youtube

၎င်းဖြစ်ရပ်ဟာ ကယ်လီဖိုးနီးယားနိုင်ငံ ဆန်ဒီယေးဂိုးမြို့မှာ ဖြစ်ပွားခဲ့တာပါ။ အိမ်ပိုင်ရှင်အမျိုးသားနာမည်ကတော့ ဂျို့ဇ်ဂက်ဇ်မန်းဆိုသူဖြစ်ပါတယ်။ ဂျို့ဇ်ဟာ မီးသတ်ရဲဘော်တွေက မသွားဖို့ တောင်းပန်တိုးလျှိုးနေတဲ့ကြားက ဂရုမစိုက်ပဲ အိမ်ထဲအတင်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။ အပြင်မှာ ကျန်ခဲ့တဲ့ မီးသတ်ရဲဘော်တွေကတော့ ဂျို့ဇ်နောက်ပဲ လိုက်သွားရင်ကောင်းမလား၊ အပြင်မှာပဲ ဆက်ပြီး မီးငြိမ်းသတ်ရင်ကောင်းမလားတောင် တွေဝေနေခဲ့ကြပါတယ်။

ကံကောင်းထောက်မစွာနဲ့ပဲ တအောင့်လောက်ကြာတဲ့အခါ ဂျို့ဇ်ဟာ သူ့ရဲ့ အချစ်တော် ခွေးလေး ဂါဘာနာနဲ့ မီးလောင်နေတဲ့ အိမ်ထဲက ပြန်ထွက်လာနိုင်ခဲ့ပါတယ်။ မီးကြီးနေတဲ့ကြားထဲက ဇွတ်ရွတ်ပြီး အိမ်ထဲဝင်သွားတဲ့ ဂျို့ဇ်ဟာ လက်မောင်းမှာ အပူလောင်ခဲ့ရုံက လွဲလို့ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရခဲ့ပါဘူး။

READ
သခင်ဒုက္ခတွေ့နေတယ်ထင်ပြီး ကယ်ဖို့ အပြေးအလွှားသွားခဲ့တဲ့ ဆင်လိမ္မာလေး
youtube

မီးလောင်နေတာကို အိမ်ပြင်မှာ ရပ်ကြည့်နေကြတဲ့ အိမ်နီးချင်းတွေကလည်း ရှိနေပါတယ်။ အိမ်နီးချင်းတွေကတော့ မီးလောင်နေပါတယ်ဆိုမှ အသက်ကိုအမှုမထားပဲ ခွေးကို ပြန်ဝင်ခေါ်ရဲတဲ့ ဂျို့ဇ်ရဲ့ သတ္တိကို အံ့သြနေကြပါတယ်။ အိမ်မီးလောင်မှုမှာတော့ ဂျို့ဇ်ဟာ သူ့ရဲ့ ဂါဘာနာက လွဲလို့ တခြားဘာကိုမှ မယူဆောင်နိုင်ခဲ့ပဲ အားလုံးမီးထဲ ပါသွားကြောင်း သိရပါတယ်။ ဂျို့ဇ်ဟာ ၄င်းအိမ်မှာ ဇနီးသည်၊ သမီးနှစ်ယောက်တို့နဲ့ နေထိုင်လာတာ (၂) လကြာပဲ ရှိပါသေးတယ်။ လူတွေ အားလုံး မီးဘေးလွတ်ခဲ့ပေမယ့် ကားနှစ်စီးနဲ့ ပိုင်ဆိုင်သမျှ အတွင်းပစ္စည်းတွေတော့ မီးထဲ ပါသွားခဲ့ပါတယ်။

မီးသတ်အဖွဲ့ကတော့ လူတွေကို နောက်တစ်ခါ မီးလောင်နေတဲ့ အဆောက်အဦးထဲ လက်လွယ်စပါယ် ပြေးဝင်တာမျိုးမလုပ်ဖို့ တိုက်တွန်းထားပါတယ်။ ဂျို့ဇ်အနေနဲ့တော့ ကံကောင်းလို့ အထိအခိုက်မရှိပဲ ဂါဘာနာကို ပြန်ခေါ်လာနိုင်ခဲ့တာ ၀မ်းသာစရာပဲ ဖြစ်ပါတယ်။ မီးလောင်တုန်းကတော့ ဂါဘာနာကိုအရမ်းစိတ်ပူသွားကြောင်းနဲ့ ဂါဘာနာဟာ သူတို့ရဲ့ မိသားစုဝင်တစ်ဦးမို့လို့ အခုလို သွားကယ်ရတာဖြစ်ကြောင်းလည်း ဂျို့ဇ်က ပြောပြခဲ့ပါတယ်။

READ
အတိဒုက္ခရောက်နေတဲ့ အိမ်ရာမဲ့တွေကို ခိုလှုံရာဖြစ်စေခဲ့တဲ့ ဘုရားကျောင်း

လင်းလင်း (ShweMom)

Ref: Unilad

SHARE