ခွေး(၃) ကောင်ကြောင့် ရွှံ့စေးစစ်သည်တော်အဖြစ် ဘ၀ပြောင်းခဲ့ရတဲ့ အမျိုးသား

facebook/順心百貨商社

ခွေးမွေးထားသူတွေအနေနဲ့ ခွေးကျောင်းထွက်တဲ့အခါမှာ ကိုယ့်ရဲ့ခွန်အားနဲ့ ခွေးတွေရဲ့ခွန်အား မျှ၊မမျှဆိုတာကို အရင်သုံးသပ်ပြီးမှ ခွေးတွေကို အပြင်ခေါ်ထွက်သင့်ပါတယ်။ ဥပမာ ခွေးတစ်ကောင်လောက်ဆိုရင် ထိန်းရတာ ကိစ္စမရှိပေမယ့် နှစ်ကောင်၊ သုံးကောင် ဖြစ်လာတဲ့အခါ ခွေးကျောင်းသူမှာ ချွေးပြန်လာရပါတယ်။ တစ်ကောင်က ဟိုဘက်သွား၊ တစ်ကောင်က ဒီဘက်သွားနဲ့ သူတို့ကို နိုင်အောင် ထိန်းနိုင်ဖို့ဆိုတာ လုံလောက်တဲ့ အားအင်ရှိမှ ဖြစ်မှာပါ။

အခုတွေ့ရတဲ့ ဖြစ်ရပ်ကတော့ AsiaOne မှာ တွေ့မြင်ရတဲ့ တရုတ်နိုင်ငံနေ အမျိုးသားတစ်ဦးရဲ့ ရယ်စရာဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ သူက ခွေးကျောင်းဖို့ဆိုပြီး အိမ်က ခွေးကြီးသုံးကောင်ကို အပြင်ခေါ်ထွက်သွားရာမှ နောက်ဆုံး ရွှံ့စေးစစ်သည်တော်အဖြစ် ဘ၀ပြောင်းကာ အိမ်ပြန်လာခဲ့ရတာပဲ ဖြစ်ပါတယ်။ သူ့ကို ကြည့်ရတာ အက်ရှင်မင်းသား ဂျက်လီပါဝင်သရုပ်ဆောင်ထားတဲ့ The Mummy: Tomb of the Dragon Emperor ထဲက ရွှံ့စစ်သားတွေနဲ့တောင် တူနေပါသေးတယ်။ ရွှံ့တွေပေလာတဲ့ ၄င်းအမျိုးသားက ကိုယ်လုံးကိုယ်ဖန်ခပ်တောင့်တောင့်ထဲ မပါပါဘူး။ ဒါပေမယ့် သူ့ရဲ့ခွေးကြီးတွေကတော့ အကြီးကြီးတွေပါပဲ။ ဒီလိုခွေးအကြီးကြီး (၃) ကောင်ကို မနိုင်မနင်းနဲ့ အပြင်မှာ ဆွဲခေါ် ဆွဲဖမ်း ထိန်းနေရာက ခွေးတွေက အတင်းပြေးတဲ့အခါ သူဟာ ရွှံ့တွေအပြည့်ရှိနေတဲ့ ရေမြောင်းထဲ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။ လူရော ခွေးရော တစ်ကိုယ်လုံးရွှံ့တွေလူးပြီး ပေသလူးနေသူတွေရဲ့ ရယ်စရာဗီဒီယိုဖိုင်ကိုတော့ အခုလို တွေ့ရမှာ ဖြစ်ပါတယ်။

READ
တိရိစ္ဆာန်လောကထဲမှာ တွေ့ရတဲ့ တုနှိုင်းမဲ့တဲ့ မိခင်မေတ္တာ

https://www.facebook.com/sx.department/videos/459210304809100/

လင်းလင်း (ShweMom)

SHARE