
ကျွန်တော်တို့ ငယ်ငယ်တုန်းက ပိုကီမွန်ကတ်ဝယ်တဲ့အခါမျိုးပဲဖြစ်ဖြစ်၊ အရုပ်ပါတဲ့ မုန့်အိတ်လေးတွေကိုဝယ်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့အရုပ် ဒါမှမဟုတ် ကတ်မရတိုင်း အဲဒီမုန့်တွေကို မုန့်ဖိုးရတိုင်း ဝယ်လေ့ ရှိပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အရုပ်ရမှာသာ အဲဒီမုန့်ကို အချိန်တစ်ခုအထိ မဝယ်ဖြစ်တော့တာပါ။ ဂျပန်နိုင်ငံက အမျိုးသားတစ်ယောက်ကတော့ အဲဒီလို မဟုတ်ပါဘူး။ သူလိုချင်တဲ့ Demon Slayer ကီးချိန်းတစ်ခုမရမချင်း အဲဒီပါကင်ပိတ်အထုပ်လေးတွေကို တောက်လျှောက်ဖွင့်နေခဲ့တာကြောင့် နောက်ဆုံးမှာတော့ ဆိုက်ကနေ ရဲခေါ်ပြီး ဖမ်းခိုင်းခဲ့ရကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
အဆိုပါ ဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ဂျပန်နိုင်ငံ၊ Kyoto မြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ယောက်ဟာ စတိုးဆိုင်ထဲ ဝင်လာပြီးတော့ ကီးချိန်းပါတဲ့ အိတ်လေးတွေရှိရာကို သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါ အမျိုးသားဟာ ဘာမှမပြောပဲ ပါကင်ပိတ်အိတ်တစ်ခုကို ရွေးပြီး ဖွင့်ဖောက်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဆိုင်ဝန်ထမ်းတွေကလည်း သူဖောက်တဲ့ အိတ်တွေကို သူရှင်းမယ်ထင်ပြီး ဘာမှတားဆီးခြင်း မရှိခဲ့ပါဘူး။ ၄ ခုမြောက် ဖောက်ပြီးတဲ့ အချိန်မှာတော့ အဆိုပါ အမျိုးသားဟာ အဲဒီအိတ်ကိုပဲ ငွေရှင်းဖို့ ကြိုးစားခဲ့ပြီး တစ်ခြားအိတ်တွေကို ငွေရှင်းဖို့ ငြင်းဆန်ခဲ့ပါတယ်။
大人買いするにはちょっと厳しい価格?そこを気にしないのが真の大人買いのような気もするが。→「商品は1点660円だった」 #マネジメント 《ニュース》「胡蝶しのぶが欲しくて」男を逮捕 「鬼滅の刃」袋破った疑い|京都新聞 https://t.co/RhptL7xjWw pic.twitter.com/TzbLuqAWGj
— 中小企業診断士 佐々木孝@神楽坂 (@sasabizu) November 16, 2020
အဲဒီအိတ်တွေဟာလည်း အခြားတော့မဟုတ်ပါဘူး။ Demon Slayer အရုပ်တွေပါတဲ့ ကီးချိန်းတွေပါပဲ။ အဆိုပါ ပါကင်ပိတ်အိတ်ထဲမှာ ပါဝင်တဲ့ Demon Slayer ကီးချိန်းတွေဟာ Random တွေ ဖြစ်တာကြောင့် အထဲမှာ ဘယ် character ပါမလဲဆိုတာကို ကြိုမသိနိုင်ပဲ ကံစမ်းရတဲ့ သဘောပါပဲ။ အဆိုပါ အမျိုးသားဟာ Demon Slayer ထဲက နာမည်ကြီး ဇာတ်ကောင်ဖြစ်တဲ့ Shinobu Kocho ကီးချိန်းကို လိုချင်တာကြောင့် အခုလို လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဆိုင်ဝန်ထမ်းတွေဟာ ရဲကိုအကြောင်းကြားခဲ့ပြီး ရဲတွေက အဆိုပါ အမျိုးသားကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။
Pyi Hein Kyaw