င်္Face Mask ထည့်ပြီး ပစ်ရတဲ့ သေနတ်ကို တီထွင်ခဲ့တဲ့ Youtuber

[email protected] sufficientlyadvanced

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတဲ့ အချိန်ဖြစ်တာကြောင့် လူတိုင်းနီးပါး အပြင်ထွက်တာနဲ့ Mask ကို မဖြစ်မနေတပ်ရမယ့် အချိန်ပါပဲ။ လူထူထပ်တဲ့နေရာတွေဖြစ်တဲ့ စူပါမားကပ်တွေ၊ ဘူတာရုံတွေ၊ လေဆိပ်တွေ အစရှိတဲ့ အများပြည်သူ သွားလာတဲ့ နေရာတွေကို သွားတိုင်း Mask ကို သေသေချာချာ တပ်သွားသင့်ပါတယ်။ ဒါပေမယ့် လူတစ်ချို့ကတော့ အခုအချိန်အထိ COVID 19 ကပ်ရောဂါကို အကြောက်အလန့် မရှိပဲ နေရာအနှံ့ကို Mask မတပ်ပဲ လျှောက်သွားနေဆဲပါပဲ။ ဒီလိုလူတွေတွေ့တာနဲ့ မျက်နှာကို သေနတ်နဲ့ ပစ်နိုင်တဲ့ သေနတ်တစ်မျိုး ထွက်ရှိလာပါပြီ။ ဒါပေမယ့် အဲဒီသေနတ်ဟာ ကျည်ဆံမထွက်ပဲ လူတစ်ယောက်ရဲက မျက်နှာကို သူ့လိုလို အုပ်သွားပေးမယ့် Face mask ပဲ ထွက်လာမှာဖြစ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

Me emerging from quarantine 2022

A post shared by Allen Pan (@sufficientlyadvanced) on

အဆိုပါ Mask သေနတ်ကို တီထွင်ခဲ့တဲ့ အမျိုးသားကတော့ Allen Pan လို့ အမည်ရတဲ့ အမျိုးသား Youtuber တစ်ယောက်ပဲ ဖြစ်ပါတယ်။ Allen ဟာ လက်ရှိအချိန် သူနေထိုင်နေတဲ့ အမေရိကန်နိုင်ငံမှာ လူတော်တော်များများဟာ Mask မတပ်ပဲ အပြင်မှာ ဒီအတိုင်းလျှောက်သွားနေတာကို သတိထားမိနေတာ တော်တော်ကြာပါပြီ။ ဒါ့အပြင် စူပါမားကပ်တော်တော်များများမှာလည်း ဈေးလာဝယ်တဲ့ လူအများစုဟာ Mask မတပ်ပဲ လာဝယ်ကြတာကြောင့် နေ့တိုင်းလိုလို စူပါမားကပ်ရဲ့ လုံခြုံရေးဝန်ထမ်းတွေနဲ့ ဈေးဝယ်သူတွေဟာ ခဏခဏ စကားများနေကြရပါတယ်။

READ
ဒူဘိုင်းမြို့ဝန်းကျင်မှာ စတင်ပြေးဆွဲပေးမယ့် မောင်းသူမဲ့ ကြက်ဥပုံစံ တက္ကစီဒရုန်းယာဉ်

 

ဒါ့ကြောင့် Allen ဟာ Mask မတပ်ထားတဲ့သူတွေကို အတင်းကြီး Mask တပ်ခိုင်းနေမယ့်အစား ကိုယ်ကိယ်တိုင် သူများကို တပ်ပေးနိုင်မယ့် နည်းလမ်းကို စဉ်းစားရင်း Mask သေနတ်ကို တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုတီထွင်တဲ့အချိန်မှာလည်း Allen ဟာ စမ်းသပ်မှုပေါင်း များစွာလုပ်ပြီး နောက်ဆုံးမှာမှ Mask သေနတ်ကို တီထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

What am I making? Wrong answers only.

A post shared by Allen Pan (@sufficientlyadvanced) on

“ကျွန်တော်တောင် ကျွန်တော်ထွင်ထားတဲ့ သေနတ်ကို ကျွန်တော်အနေနဲ့ တော်တော်လေး အားရကျေနပ်မှု ရှိပါတယ်။ နောက်ဆုံးလက်စသတ်စရာ တစ်ခုပဲ ကျန်ပါတော့တယ်။ အဲဒါကတော့ သေသေချာချာ ချိန်နိုင်အောင် လုပ်ဖို့ပါပဲ။ ကိုယ်ပစ်လိုက်တဲ့အချိန်ကျရင် လူတစ်ယောက်ရဲ့ နှာခေါင်းနဲ့ ပါးစပ်ကို ကျိန်းသေအုပ်သွားအောင် ပစ်နိုင်ဖို့ပါပဲ” လို့ Allen က ပြောကြားခဲ့ပါတယ်။

READ
အပြန်အလှန်စကားပြောပေးနိုင်မယ့် Robotရည်းစားကောင်မလေး

Pyi Hein Kyaw

SHARE