ကလေးတွေ ဖုန်းမသုံးအောင် နေ့စဉ်သုံးပစ္စည်းတွေနဲ့ ဂိမ်းစက်တွေ ထွင်ပေးနေတဲ့ ဖေဖေ

South China Morning Post

တရုတ်နိုင်ငံ ဟီနန်ပြည်နယ်က ဖခင်တစ်ဦးဟာ ကတ်ထူပုံးတွေလို နေ့စဉ်သုံးပစ္စည်းတွေကနေ ချစ်စရာလည်းကောင်းပြီး အသုံးလည်းဝင်တဲ့ ဂိမ်းအရုပ်စက်တွေကို တီထွင်နေကြောင်း SCMP သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အခုဆိုရင် အဆိုပါအမျိုးသားဟာ တရုတ်ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်ပေါင်း (၂) သန်းကျော် ရှိနေပါပြီ။

သူဟာ ကလေးတွေကို ဖုန်းသိပ်မသုံးစေချင်တာရယ်၊ သားသမီးတွေအနေနဲ့ ကလေးဘ၀ကို ပျော်ပျော်ပါးပါး ခံစားတတ်စေအောင် ရည်ရွယ်ပြီး အခုလို ဂိမ်းစက်တွေကို ဖန်တီးခဲ့တာပါ။ ထိုအမျိုးသားက သူဟာ ငယ်စဉ်ကလေးဘ၀ကတည်းက ပစ္စည်းကိရိယာလေးတွေကို တီထွင်ရတာ ၀ါသနာပါကြောင်း ဆိုခဲ့ပါတယ်။ ဒါကြောင့်လည်း သမီးဖြစ်သူအတွက် အရုပ်တွေတောင် ၀ယ်ပေးစရာမလိုပဲ သူ့ဘာသာသူ အရုပ်စက်တွေကို တီထွင်ပေးခဲ့တာ ဖြစ်ပါတယ်။

South China Morning Post

ဒါ့အပြင် အခုလို ဂိမ်းစက်တွေနဲ့ ကလေးကို ကစားစေတာမှာ ကလေးရဲ့ အာရုံစူးစိုက်မှုစွမ်းအားဟာ ပိုကောင်းလာကြောင်းလည်း ထိုအမျိုးသားက ဆိုပါတယ်။ ဒါ့အပြင် ကလေးဟာ သူမဖခင်က အရုပ်စက်လေးတွေ ဆောက်လုပ်နေစဉ်အတွင်းမှာလည်း အကြံဥာဏ်ပေးကြောင်း သိရပါတယ်။ ပထမတော့ ၄င်းအမျိုးသားဟာ ကလေးအတွက်ပဲ ရည်ရွယ်ပြီး ဂိမ်းစက်လေးတွေကို လုပ်ခဲ့ပေမယ့် နောက်ပိုင်းအားပေးသူတွေ များလာတဲ့အခါ DIY package လေးတွေအဖြစ်နဲ့ ရောင်းချခဲ့ပါတယ်။

READ
တစ်နှစ်အတွင်း အရုပ်ကောက်စက်များမှ အရုပ်ပေါင်း (၇၀၀၀)ကျော်ကောက်နိုင်ခဲ့တဲ့အမျိုးသမီး
South China Morning Post

၎င်းအမျိုးသားက “ကျွန်တော့် ရည်ရွယ်ချက်က ကျွန်တော့်တီထွင်မှုတွေကို အလုပ်အဖြစ်နဲ့ ပြောင်းချင်တာပါ။ ကျွန်တော့်ပစ္စည်းလေးတွေက DIY ပစ္စည်းလေးတွေ နှစ်ခြိုက်တဲ့ မိဘတွေအတွက်ရော၊ ကလေးတွေနဲ့ အတူတူရှိနေချိန်နည်းတဲ့ မိဘတွေအတွက်ရော အဆင်ပြေစေမှာပါ။ အရုပ်တွေဟာ ကလေးတွေနဲ့ အချိန်ကုန်တာများတဲ့အတွက် သူတို့ဆော့တဲ့ အရုပ်တွေက ကလေးတွေရဲ့ နေ့စဉ်ဘ၀တွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်….” လို့လည်း ပြောပြခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE