သွားကြားထိုးတံကိုက်ပြီး အိပ်ပျော်ခဲ့ရာမှ ပန်ကရိယပြည်တည်နာဖြစ်ခဲ့တဲ့ အမျိုးသား

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်နေ အသက်(၆၉) နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သွားကြားထိုးတံကိုက်ပြီး အိပ်ပျော်မိခဲ့ရာက မမျှော်လင့်ပဲ သွားကြားထိုးတံဟာ အစာအိမ်ထဲရောက်ကာ ဒုက္ခဖြစ်ခဲ့ရကြောင်း worldofbuzz သတင်းအရ သိရှိရပါတယ်။ အဆိုပါအမျိုးသားဟာ ယခုနှစ်ဧပြီလတုန်းက အစာအိမ်အပေါ်ပိုင်းနာကျင်နေတာကို စတင်ခံစားခဲ့ရပါတယ်။

ပထမတော့ မေ့မေ့ပျောက်ပျောက်နဲ့ ဗိုက်နာတဲ့အခါကျမှ ဆေးသောက်တာမျိုး လုပ်ပါတယ်။ ဒါပေမယ့် စက်တင်ဘာကျတော့ ဗိုက်ရဲ့ အဲဒီနေရာကနေ ထပ်နာလာပြန်ပါတယ်။ ဒီအခါတော့ သူက ဆရာဝန်သွားပြပြီး အစာအိမ်ထဲကို မှန်ပြောင်းထည့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆေးစစ်ချက်ရလဒ်ထွက်လာလို့ ကြည့်လိုက်တဲ့အခါကျတော့ သူ့အစာအိမ်ထဲမှာ သွားကြားထိုးတံတစ်ချောင်းက ရှိနေတာပါ။ သွားကြားထိုးတံက အစာအိမ်နံရံကိုတောင် အပေါက်(၂) ပေါက်ဖောက်ထားပြီး ပန်ကရိယကိုတောင် သွားဖောက်ထားလို့ ပန်ကရိယမှာ ပြည်တောင်တည်နေပါပြီ။

Pexels/Syed Abdullah

ဒီတော့မှ သူပြန်စဉ်းစားလိုက်တဲ့အခါ ဧပြီလပိုင်းတုန်းက အဖြစ်အပျက်တစ်ခုကို သွားသတိရလိုက်မိပါတယ်။ အဲဒီတုန်းက သူက တီဗီကြည့်ရင်း သွားကြားထိုးတံကြီးကိုက်ပြီး အိပ်ပျော်သွားခဲ့တာပါ။ မနက်မိုးလင်းတော့ ညတုန်းက သူသွားကြားထဲ ကိုက်ထားခဲ့တဲ့ သွားကြားထိုးတံကိုရှာတာ မရှိတော့ပါဘူး။ သူထင်လိုက်တာက သွားကြားထိုးတံက ဆိုဖာကြားထဲညှပ်ပြီး အောက်ကျသွားတယ်လို့ပဲ ထင်ခဲ့တာပါ။ အမှန်တော့ သွားကြားထိုးတံက သူ့ဗိုက်ထဲကို ရောက်သွားခဲ့တာပါ။

READ
ဦးနှောက်မှ ဆိုးရွားတဲ့ မှတ်ဥာဏ်များဖျက်ပစ်နိုင်တဲ့ကုသမှုကို ဆေးပညာရှင်များတွေ့ရှိ
weibo/orientaldaily

နောက်ဆုံး ရောဂါတွေ့တော့မှ အဆိုပါအမျိုးသားဟာ ခွဲစိတ်ကုသမှုခံယူကာ သွားကြားထိုးတံကို ဖယ်ထုတ်နိုင်ခဲ့ပါတယ်။ သွားကြားထိုးတံကတော့ (၆) စင်တီမီတာလောက် ရှိပါတယ်။ တကယ်တော့ သူက ကံကောင်းသွားတာပါ။ သွားကြားထိုးတံသာ ဒီထက် အချိန်ပိုကြာပြီး ဗိုက်ထဲရှိမယ်ဆိုရင်တော့ အပေါက်ဖြစ်နေတဲ့ ပန်ကရိယဟာ ကူးစက်ပိုးဝင်ပြီး သွေးယိုစိမ့်လာနိုင်ပါတယ်။ ဒီတော့ သွေးကြောမကြီးတွေအတွက် အန္တရာယ်ရှိနိုင်တာကြောင့် အခန့်မသင့်ရင် အသက်ဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ဆရာဝန်က သတိပေးခဲ့ပါသေးတယ်။

weibo/orientaldaily

လင်းလင်း (ShweMom)

SHARE