ကားမောင်းရင်းအရယ်လွန်ကာထရပ်ကားကို ဝင်တိုက်မိပြီးဆေးရုံရောက်ခဲ့တဲ့အမျိုးသား

Pixabay-Pexels,NettoFigueiredo

မြန်မာစကားပုံတစ်ခုရှိပါတယ်။ ရယ်ရလွန်းရင်ငိုရတတ်ပါတယ်ဆိုတဲ့ စကားပုံပါ။ အခုလဲ အဲဒီစကားပုံထဲက အမျိုးသားတစ်ယောက်ဟာ ကားမောင်းရင်း အရယ်လွန်ပြီး ထရပ်ကားတစ်စီးကို နောက်မှ ဝင်တိုက်မိကာ ဆေးရုံရောက်သွားကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-Pexels

Shaun Kelly လို့ ခေါ်တဲ့ အမျိုးသားတစ်ဦးဟာ 4KQ ရေဒီယိုလိုင်းက Breakfast Show တစ်ခုက အစီအစဉ်တစ်ခုကို နားထောင်ရင်း ကားတိုက်မိပြီး ဆေးရုံရောက်ခဲ့ရပါတယ်။ အဲဒီ Breakfast Show မှာ စကားပြောနေတဲ့သူတွေကတော့ Laurel, Mark နဲ့ Gary တို့ပဲ ဖြစ်ပါတယ်။ သူတို့စကားပြောနေတဲ့အကြောင်းအရာကတော့ အရွယ်ရောက်လာပြီး ကြီးကောင်ဝင်လာစဖြစ်တဲ့ ဆယ်ကျော်သက်အကြောင်းပါ။ အဲဒီအချိန်မှာ Lauurel ပြောလိုပ်တဲ့ ဟာသတစ်ခုကြောင့် Kelly ဟာ ကားမောင်းနေရင်း အားရပါးရရယ်မိကာ အရှိန်မထိန်းနိုင်တော့ဘဲ အရှေ့က ထရပ်ကားတစ်စီးကို ဝင်တိုက်မိခဲ့ကာ ဆေးရုံရောက်သွားကြောင်း သိရပါတယ်။

READ
ဆိုရှယ်မီဒီယာပေါ်မှာ ခေတ်စားလာနေတဲ့ ဒီဇိုင်းအမျိုးမျိုးပေါ်အောင် ကြက်စာကျွေးနည်း
4KQ Radio

“ ဒီကိစ္စကတော်တော်ရယ်စရာကောင်းတယ်ဗျ။ ကားမောင်းနေရင်းနဲ့များရယ်မိလို့ ကားတိုက်ပြီး ဆေးရုံရောက်သွားရတယ်လို့ဗျာ။ ဒီလိုဖြစ်တဲ့ကိစ္စကိုတောင်မှ 4KQ ရေဒီယိုလိုင်းက Laurel တို့ကို ဖုန်းဆက်ပြီး ပြောပြလိုက်သေးတယ်” လို့ Kelly က ပြောကြားခဲ့ပါတယ်။

Queensland က Kelly ကတော့ အရယ်လွန်ပြီး ဆေးရုံရောက်ခဲ့ပေမယ့် ကားပျက်ဆီးသွားတာကလွဲရင် လူကတော့ စိုးရိမ်ဖွယ်ရာမရှိတဲ့အပြင် ကြီးကြီးမားမားထိခိုက်မှုလည်း မရှိခဲ့ပါဘူး။ တော်သေးတာပေါ့ဗျာ..

Pyi Hein Kyaw

SHARE