ရိုလာကိုစတာ စီးချင်လွန်းလို့ ကိုယ်အလေးချိန် ပေါင်(၁၉၀)လောက် လျှော့ချခဲ့တဲ့ အမျိုးသား

[email protected] JARED REAM

အဝလွန်နေတဲ့ လူတစ်ချို့ဟာ များသောအားဖြင့် သူတို့အရမ်းဝနေတဲ့အတွက်ကြောင့် စိတ်ဓာတ်ကျလေ့ ရှိပါတယ်။ ဒါပေမယ့် အဝလွန်နေတိုင်း စိတ်ဓာတ်ကျစရာ မလိုပါဘူး။ ငါဘယ်တော့မှ ဝိတ်ချနိုင်တော့မှာ မဟုတ်ပါဘူးဆိုတဲ့စိတ်မျိုး မဝင်မိပါစေနဲ့။ အဓိကကတော့ ကိုယ်အရမ်းလုပ်ချင်၊ ကိုယ်အရမ်းဖြစ်ချင်တဲ့ အရာတစ်ခုအပေါ်မှာ စိတ်နှစ်လိုက်တာနဲ့ အဲဒီအရာပေါ်မှာ အရမ်းရူးသွပ်သွားပြီး ဝိတ်ကျချင်နေပါလိမ့်မယ်။

[email protected] JARED REAM

ဒါကို သက်သေပြသွားတဲ့ လူကတော့ အမေရိကန်နိုင်ငံ၊ Ohio ပြည်နယ်ရှိ အသက် ၃၅ နှစ်အရွယ် Jared Ream လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Jared ဟာ အရပ် ၆ ပေ ၉ လက်မရှိပြီး ကိုယ်အလေးချိန်ပေါင် ၄၃၀ အထိရှိနေတဲ့ အဝလွန်အမျိုးသားတစ်ယောက်ပါ။ သူဟာ ဒီခကိုယ်အလေးချိန်မဖြစ်ခင်ကတည်းက ရိုလာကိုစတာစီးရတာ အရမ်းကြိုက်နှစ်သက်ခဲ့ပါတယ်။ ဒါပေမယ့် ပေါင် ၃၀၀ ကျော်ရှိလာခဲ့တဲ့ နောက်ပိုင်းမှာတော့ Jared တစ်ယောက် ရိုလာကိုစတာ စီးခွင့်မရတော့ပါဘူး။ ဒါ့ကြောင့် အခုဆိုရင် Jared ဟာ ရိုလာကိုစတာစီးဖို့ ပေါင် ၁၉၀ အထိ လျှော့ချနိုင်ခဲ့ပြီဖြစ်ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
3D မိတ်ကပ်ပညာနဲ့ အမိုက်စားဖန်တီးမှုတွေ လုပ်ပြနေတဲ့ အမျိုးသား မိတ်ကပ်ပညာရှင်
[email protected] JARED REAM

Jared ဟာ ရိုလာကိုစတာစီးရတာကို အင်မတန်ကြိုက်တဲ့ လူတစ်ယောက်ဖြစ်ပြီး ပိတ်ရက်တိုင်းလိုလို Ohio ပြည်နယ်၊ Mason မြို့ရှိ Kings Island ကစားကွင်းကို သွားရောက်ပြီး ရိုလာကိုစတာ စီးလေ့ရှိတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး Jared တစ်ယောက်ဟာ ပေါင် ၃၀၀ ကျော်အထိကိုယ်အလေးချိန် တိုးလာပြီးနောက်ပိုင်းမှာတော့ ရိုလာကိုစတာ စီးလို့မရတော့ပါဘူး။ ဒီလိုနဲ့ သူဝလာတဲ့အပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပြီး တစ်နေ့တေစ်နေ့ စားလိုက် အိပ်လိုက်နဲ့ပဲ ပေါင် ၄၃၀ အထိဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ ရိုလာကိုစတာ ပြန်စီးချင်တဲ့ စိတ်တစ်ခုတည်းနဲ့ ပေါင် ၁၉၀ အထိလျှော့ချခဲ့ပြီး အခုဆိုရင် ပေါင် ၂၄၀ လောက်သာ ရှိတော့ကြောင်း သိရပါတယ်။

[email protected] JARED REAM

“ကျွန်တော် အရင်တုန်းက သွားစီးနေကျ Kings Island ကစားကွင်းမှာရှိတဲ့ ရိုလာကိုစတာအသစ်ကြီးက တော်တော်ခမ်းနားပြီး တော်တော်စီးလို့ကောင်းမယ့် ပုံပါပဲ။ ဒါ့ကြောင့် ဒီရိုလာကိုစတာကြီးကို စီးချင်တဲ့ စိတ်တစ်ခုတည်းနဲ့ ဝိတ်ကို အသားကုန်ချခဲ့တာပါ။ အခုဆိုရင်တော့ ဘယ်နေရာက ရိုလာကိုစတာမဆို ပြန်စီးနေနိုင်ပါပြီ။ တော်တော်ပျော်ဖို့ကောင်းတယ် ဗျာ” လို့ Jared က ပြောကြားသွားခဲ့ပါတယ်။

Ride of a lifetime: Ohio man loses nearly 200 pounds to ride new roller coaster

Seven years ago, Jared Ream had given up on what he loves: roller coasters. Weighing in at 430 pounds, he couldn't fit on the rides.https://bit.ly/3fMvllu

Posted by KOMO News on Friday, July 24, 2020

Pyi hein Kyaw

SHARE