ထီပေါက်ပြီးမှ ထီလက်မှတ်ပျောက်ခဲ့တဲ့ အမျိုးသားတစ်ယောက်ရဲ့ ဖြစ်ရပ်

[email protected] Ventimiglia

လောကကြီးမှာ ခံစားရတာဆိုးရွားတဲ့ ခံစားချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ထီပေါက်တဲ့ အချိန်မှာ ထီလက်မှတ်ပျောက်သွားရတဲ့ ခံစားချက်ပါပဲ။ အဲဒီလိုအဖြစ်အပျက်မျိုးတွေဟာ ပြင်ပလောကမှာ တစ်ကယ်ရှိတဲ့ အဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်။ အခုပြောပြချင်တဲ့ အမျိုးသားတစ်ယောက်ရဲ့ ဖြစ်အင်ကလည်း အဲဒီလိုပါပဲ။ အဆိုပါ အမျိုးသားဟာ ပေါင် ၂၂,၀၀၀(မြန်မာငွေ သိန်း ၄၀၀ ကျော်) တန်တဲ့ ထီလက်မှတ်တစ်စောင်ကို ထီပေါက်ပြီးမှ အဆိုပါထီလက်မှတ်ပျောက်ဆုံးနေကြောင်း သိခဲ့ရတာပဲဖြစ်ကြောင်း thesun.co.uk သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဲဒီအမျိုးသားကတော့ Italy မြို့၊ Genoa မြို့မှာ နေထိုင်တဲ့ Leonardo Ventimiglia အမည်ရ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Lenonardo ဟာ သူရဲ့ထီလက်မှတ်ဟာ ပေါင် ၂၂,၀၀၀ ပေါက်မှန်း လုံးဝမသိခဲ့ပဲနဲ့ သူရဲ့ အမေဖြစ်သူ ဖုန်းဆက်ပြောမှ သိခဲ့ရတာပါ။ အဲဒီလို သိသိချင်းမှာ အဆိုပါ ထီလက်မှတ်ကို လိုက်ရှာခဲ့ပေမယ့် လုံးဝရှာမတွေ့ခဲ့ပါဘူး။ ဒီလိုနဲ့ Leonardo တစ်ယောက် သေချာပြန်စဉ်းစားကြည့်တဲ့ အခါမှာတော့ နောက်ဆုံးအနေနဲ့ သူအဲဒီထီလက်မှတ်ကို သူငယ်ချင်းတွေနဲ့ ဘားမှာ အရက်သွားသောက်တုန်းက စားပွဲခုံပေါ်တင်လိုက်တာကို သတိပြန်ရမိပြီး အဲဒီ Bar ဆီကို အလျင်အမြန်သွားခဲ့ပါတယ်။

READ
(၁၉.၁.၁၉) မှ (၂၅.၁.၁၉)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

အကြောင်းကတော့ Bar မှာရှိတဲ့ အမှိုက်တွေထဲမှာ သူ့ရဲ့ထီလက်မှတ်လေးများ ပြန်တွေ့လိုပြန်တွေ့ငြားရှာချင်တာကြောင့်ပါပဲ။ ဒါပေမယ့် Bar ရောက်တဲ့ အချိန်မှာတော့ ဝိတ်တာရဲ့ ပြောစကားကြောင့် Leonardo တစ်ယောက် အတော်လေး ရင်မောသွားခဲ့ရပါတယ်။ အဲဒါကတော့ သူတို့ဆိုင်မှာရှိတဲ့ အမှိုက်တွေအကုန်လုံးကို လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက အမှိုက်ကားပေါ် တင်ပေးလိုက်ပြီဆိုတာပါပဲ။

[email protected] Ventimiglia

“အမေကတော့ ကျွန်တော့်ကို အရမ်း ဒေါသထွက်နေတာပါ။ ဘာကြောင့်လဲဆိုတော့ နှစ်သစ်ကူးညက မိသားစုဝင်တိုင်းကို အမေက ထီလက်မှတ် တစ်ယောက်တစ်စောင်စီ လက်ဆောင်ပေးထားတာကြောင့်ပါပဲ။ ဒါ့ကြောင့်လည်း ကျွန်တော်ထီလက်မှတ်က ပေါင် ၂၂,၀၀၀ ပေါက်မှန်း အမေက တန်းသိလို့ ဖုန်းဆက်ခဲ့တာပါ။ အရမ်းကို နှမြောဖို့ကောင်းပါတယ်။ အခုလက်ရှိတော့ ရဲဌာနကိုပဲ ထီလက်မှတ်ပျောက်သွားတဲ့အကြောင်းကို အမှုဖွင့်ထားပါတယ်”လို့ Leonardo က ပြောကြားခဲ့ပါတယ်။

READ
Pokemon Go ကစားသူ အချင်းအချင်း အကောင်ဖမ်းရင်း ထိုးကြိတ်ခဲ့တဲ့ ဖြစ်ရပ်
[email protected] Ventimiglia

Pyi Hein Kyaw

SHARE