နံနက်ခင်းတိုင်း ဇနီးသည်ကို ရယ်မောပျော်ရွှင်အောင် လုပ်ပေးလေ့ရှိတဲ့ အမျိုးသားကြီး

Facebook-Joanne Sterling

အချစ်ဆိုတဲ့အရာဟာ အသက်အရွယ်ကြီးတာတွေ၊ငယ်တာတွေ၊ ဝတာတွေ၊ ပိန်တာတွေနဲ့ မဆိုင်ပါဘူး။ တစ်ယောက်နဲပတစ်ယောက် နောက်ဆုံးအချိန်အထိ ချစ်နေဖို့ပဲ လိုတာပါ။ အခုလဲ Jim လို့ အမည်ရတဲ့ အမျိုးသားကြီးတစ်ယောက်ဟာ သူ့ရဲ့ ဇနီးသည် Joanne ကို မနက်ခင်းတိုင်းမှာ ခုတင်ပေါ်က ခေါင်းအုံးတွေကို တစ်နေ့တစ်မျိုး မရိုးအောင် လှလှပပလေးစီရီဖန်တီးကာ ဇနီးသည်ကို ရယ်မောအောင်လုပ်နေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Joanne Sterling

ရုတ်တရက် စဉ်းစားကြည့်ရင်တော့ Jim တစ်ယောက်ဟာ တော်တော်ကြောင်တောင်တော်နိုင်တယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် သူ့လိုလိုက်လုပ်ကြည့်ပါ။ တော်ရုံတန်ရုံလူတစ်ယောက်ကတော့ ဒီလိုမနက်ခင်းတိုင်းမှာ ကိုယ်အိပ်တဲ့အိပ်ရာကို တစ်နေ့တစ်မျိုးမရိုးအောင် အလှဆင်ဖို့ဆိုတာ တော်တော်ခက်ခဲ့ပါတယ်။

After 45 years Jim is in charge of making the bed every morning. I don’t think he knows what to do with the extra pillows 😂

Posted by Joanne Sterling on Saturday, May 9, 2020

အမေရိကန်နိုင်ငံ၊ Washington ပြည်နယ်၊ Manson မြို့မှာ နေထိုင်တဲ့ Joanne လို့အမည်ရတဲ့ အမျိုးသမီးကြီးဟာ မေလ ၁၀ ရက်နေ့က facebook ပေါ်မှာ ပို့စ်တစ်ခုတင်ခဲ့ပါတယ်။ အဲဒီပို့စ်မှာတော့ အိမ်ထောင်သက် ၄၅ နှစ်ကျော်ကြာပြီးနောက်ပိုင်းမှ သူ့အမျိုးသား Jim ဟာ မနက်တိုင်းအိပ်ရာကို ခေါင်းအုံးလေးတွေနဲ့ တစ်နေ့တစ်မျိုး မရိုးအောင် အလှဆင်တတ်ပြီး ဘာရည်ရွယ်ချက်နဲ့ ဒီလိုမိုးတွေ လုပ်နေတာ မသိကြောင်း ရေးသားခဲ့ပါတယ်။

READ
ရှီဘာခွေးလေးတွေရဲ့ ရယ်စရာ ချစ်စရာအကောင်းဆုံး အခိုက်အတန့်လေးများ
Joanne Sterling
Joanne Sterling

“ကျွန်တော့်ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ ကျွန်တော် ဒီလိုလုပ်ထားလေ့ရှိတဲ့ အရာတွေကိုကြည့်ရင်း သူ့ကို ရယ်မောစေချင်တာပါ။ အခုဆိုရင် ကျွန်တော်က အလုပ်ကနေ အနားယူခဲ့ပြီးပါပြီ။ ကျန်ရှိနေသေးတဲ့ အချိန်မှာ ကျွန်တော်ရဲ့ ဇနီးသည်နဲ့ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောလေး နေသွားချင်တာပါ။ အရင်တုန်းကဆိုရင် ကမန်တော် အလုပ်သွားတိုင်း ကျွန်တော့်ဇနီးက အိပ်ရာ သိမ်းရပါတယ်။ အခုကျွန်တော်အိမ်မှာ အမြဲရှိပြီး တစ်နေ့ကျွန်တော် အိပ်ရာ သိမ်းနေတုန်း ဒီစိတ်ကူးလေးရခဲ့တာပါ။ ကျွန်တော့် မိန်းမကို ခေါ်ပြလိုက်တော့ ကလေးတစ်ယောက်လိုပဲ ရယ်မောနေတာ။ အဲဒီအပြုံးလေးတွေကို နေ့တိုင်းမြင်ချင်လို့ အခုလို တစ်နေ့တစ်မျိုးမရိုးအောင် ကျွန်တော်လုပ်နေတာပဲ ဖြစ်ပါတယ်” လို့ Jim က ပြောကြားခဲ့ပါတယ်။

Joanne Sterling

Pyi Hein Kyaw

SHARE