လက်ထပ်ခွင့်တောင်းနေတုန်း မထင်မှတ်ထားတဲ့ အက်ဆီဒင့်တစ်ခုဖြစ်သွားခဲ့တဲ့အမျိုးသား

[email protected]

လပ်ထပ်ခွင့်တောင်းတဲ့ အချိန်ဟာ ချစ်သူနှစ်ယောက်စလုံးရဲ့ ဘဝမှာ တစ်ကြိမ်သာ ရှိနိုင်မယ့် အချိန်အခါသမယလေးပါပဲ။ အဲဒီအချိန် ခဏလေးဟာ ဘဝတစ်လျှောက်လုံးမှာ နှစ်ခါပြန်မရနိုင်တော့တဲ့ အချိန်လေးဖြစ်တဲ့အပြင် အဲဒီအချိန်မှာ ခံစစားရတဲ့ စိတ်ခံစားချက်ဟာ တစ်ခြားဘာနဲ့မှကို မလဲနိုင်ပါဘူး။

အခုလည်း အမျိုးသားတစ်ယောက်ဟာ သူ့ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းနေတုန်း အသိတစ်ချက်လွတ်သွားတာကြောင့် ရေထဲသို့ ပြုတ်ကျခဲ့ပြီး ဟာသဆန်ဆန်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း Fox News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

ပုံထဲမှာတွေ့ရတဲ့ အမျိုးသားဟာ စက်လှေတစ်စင်းပေါ်မှာ မတ်တပ်ရပ်နေပြီး တစ်ခြားစက်လှေက သူ့ကောင်မလေးကို surprise လုပ်ကာ လက်ထပ်ခွင့်တောင်းခံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ကောင်မလေးကလည်း လက်ခံခဲ့ပြီး အဆိုပါအမျိုးသားရဲ့ လက်ထပ်ခွင့်တောင်းခံမှုကို သဘောတူခေါင်းညိတ်ခဲ့ပါတယ်။ အဲဒီအချိန်လေးမှာ နှစ်ယောက်သားဟာ ကြည်နူးခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကာ နမ်းခဲ့ပါသေးတယ်။ အဲဒီအချိန်အထိတော့ တော်တော်လေး ကြည်နူးဖို့ကောင်းနေခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါအမျိုးသားဟာ သူကောင်မလေးကို နမ်းတဲ့အချိန်မှာ အမှတ်မထင် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

READ
ကိုရီးယားလူငယ်ထုကြား ရေပန်းစားနေတဲ့ အချစ်အဓိပ္ပာယ်ဖွင့် ကာတွန်းပုံလေးများ

 

ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း အဆိုပါအမျိုးသားဟာ နမ်းတဲ့အချိန်မှာ စက်လှေမောင်းတဲ့ ခလုတ်ကို လက်နဲ့ ဖိနှိပ်ခဲ့မိတာကြောင့် နမ်းနေတဲ့အချိန် ကောင်မလေးရှိတဲ့ စက်လှေကြီးဟာ ရုတ်တရက် အရှေ့ကို ဝူးကနဲ မောင်းထွက်သွားခဲ့ပါတော့တယ်။

အဲဒီအချိန်မှာ ကောင်မလေးရဲ့ စက်လှေပေါ် ခြေထောက်တစ်ဖက်တင်ထားတဲ့ အမျိုးသားခမျာမှာလည်း စက်လှေထွက်သွားတဲ့အရှိန်ကြောင့် ရေထဲကို ပက်လက်ကြီး ကျသွားခဲ့သလို ကောင်မလေးခမျာမှာလည်း စက်လှေပေါ်မှာ ရုပ်ပျက်ဆင်းပျက်နဲ့ ဇောက်ထိုးကြီးလဲကျသွားခဲ့ရှာပါတယ်။ ဒီဗီဒီယိုကို ကြည့်ရှု့တဲ့ လူတော်တော်များများကတော့ ဒီစုံတွဲဟာ လက်ထပ်ပြီးသွားရင်တောင် အဲဒီအချိန်ကို တစ်သက်လုံး အမှတ်တရရှိနေမှာဖြစ်ကြောင်း မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

READ
ဘီယာကို စိတ်ကြိုက်အဝသောက်လို့ရမယ့် အမူးသမားတို့ရဲ့ မာရသွန်အပြေးပြိုင်ပွဲ

အဖြစ်အပျက်ကတော့ ငိုရမလို၊ ရယ်ရမလိုပါပဲ..

[email protected]

Pyi Hein Kyaw

SHARE