တစ်ချိန်ထဲတစ်နေရာထဲမှာအမျိုးသမီးနှစ်ဦးနဲ့လက်ထပ်ခဲ့တဲ့ အမျိုးသား

Wikimedia

လူတော်တော်များများ ကြားဖူးကြတာကတော့ အိမ်ထောင်တစ်ခုထူထောင်တာပါပဲ။ အိမ်ထောင်နှစ်ခု ထူထောင်တယ်ဆိုတာတော့ မရှိပါဘူး။ ပြီးတော့ လက်ထပ်ပွဲတော်တော်များများမှာလည်း တစ်ပြိုင်နက် မိန်းကလေးနှစ်ယောက်ကို အတူတူ လက်ထပ်တဲ့ လက်ထပ်ပွဲဆိုတာ မရှိသလောက်ပါပဲ။ အခုတော့ အိန္ဒိယနိုင်ငံမှာရှိတဲ့ အမျိုးသားတစ်ယောက်ဟာ တစ်ချိန်ထဲတစ်နေရာထဲမှာ အမျိုးသမီးနှစ်ဦးနဲ့ အတူတူ လက်ထပ်ခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

အဆိုပါအမျိုးသားရဲ့ နာမည်ကတော့ Sandeep Uike ဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ်ရှိ Keria ဆိုတဲ့ ရွာမှာ နေထိုင်ကြောင်း သိရပါတယ်။ Uike ဟာ Bhopal မြို့မှာ ကျောင်းသွားတက်ရင်းနဲ့ Hoshangabad မြို့က ကောင်မလေးတစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နောက်ဆုံး ချစ်သူကောင်မလေးကို ရွာပြန်ခေါ်သွားတဲ့အချိန်မှာ Uike ရဲ့ မိဘတွေက လူကြီးချင်း သဘောတူထားတဲ့ ကောင်မလေးနဲ့ နေရာချပေးဖို့ စီစဉ်ပြီးဖြစ်ကြောင်း ပြောခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Uike တို့မိသားစု၊ Uike ရဲ့ ချစ်သူကောင်မလေးမိသားစုနဲ့ Uike နဲ့ မိဘချင်းသဘောတူထားတဲ့ ကောင်မလေးရဲ့ မိသားစုတို့နဲ့ မိသားစုသုံးစု စည်းဝေးပြီးတော့နောက်ဆုံးမှာတော့ Uike ကို မိန်းကလေးနှစ်ယောက်စလုံးနဲ့ ပေးစားဖို့ သဘောတူခဲ့ပါတယ်။

READ
အမြဲလိုလို FA ဖြစ်နေသူကို တစ်ခါတည်း အတွဲချိတ်ပေးမယ့် စားသောက်ဆိုင်
Wikimedia

“ကျွန်တော်ကတော့ ကျွန်တော့်ချစ်သူနဲ့ပဲ ယူချင်တာပေါ့။ ဒါပေမယ့်လည်း ဒီဘက်မှာ မိဘတွေက စီစဉ်ပြီးသားကြီးဖြစ်နေတော့ ကျွန်တော့်မှာ ငြင်းခွင့် မရှိပါဘူး။ ဒါ့ကြောင့် အခုလို မင်္ဂလာပွဲတစ်ပွဲကို အမျိုးသမီးနှစ်ယောက်နဲ့ တစ်ပြိုင်တည်း မင်္ဂလာဆောင်ခဲ့တာပါ” လို့ Uike က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE