အပျော်တမ်း Trampoline ခုန်နေတုန်း ကြောက်မက်ဖွယ်ရာအသက်ဘေးနဲ့ကြုံခဲ့တဲ့ အမျိုးသား

[email protected] skatinggraham

အခုလို COVID 19 ဖြစ်နေတဲ့ ကာလမှာ လူတိုင်းနီးပါးအိမ်မှာနေနေကြတတ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ အိမ်မှာနေရတာ ပျင်းရိလာတဲ့အတွက်ကြောင့် လူတော်တော်များများလည်း ကိုယ့်အိမ်ထဲမှာ အပျင်းပြေ Tiktok ရိုက်တာပဲ ဖြစ်ဖြစ်၊ ခြံထဲမှာ ဆင်းပြီး အားကစားလုပ်တာပဲဖြစ်ဖြစ် လုပ်နေကြမှာပဲ။ အခုလည်း အမျိုးသားတစ်ယောက်ဆိုရင် ခြံထဲမှာဆင်းပြီး အပျင်းပြေ Trampoline ခုန်နေတုန်း ကြောက်မက်ဖွယ်ရာ အသက်ဘေးတစ်ခုနဲ့ ကြုံခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] skatinggraham

@skatinggraham လို့ အမည်ရတဲ့ Tiktok user အမျိုးသားတစ်ယောက်ဟာ ခြံထဲမှာဆင်းပြီး Trampoline ခုန်နေခဲ့ပါတယ်။ ပြီးတော့ သူဒီလိုခုန်တာကို Tiktok မှာ ဗီဒီယိုရိုက်ကူးခဲ့ပါသေးတယ်။ သူဒီလို Trampoline ခုန်နေတုန်း ရုတ်တရက် Trampoline ပေါ်ကို မြွေတစ်ကောင် ရောက်လာခဲ့ပါတယ်။ ကံကောင်းတာတစ်ခုကတော့ အဆိုပါအမျိုးသားဟာ သူ့ Trampoline ပေါ်ကို မြွေတစ်ကောင်ရောက်လာတာ ချက်ချင်းသတိထားမိခဲ့ပြီး ချက်ခြင်းထကာ ထွက်ပြေးခဲ့ပါတယ်။

READ
ငယ်ငယ်က ရုပ်ဆိုးပေမယ့် ကြီးလာမှ ချောချောလှလှတွေဖြစ်လာတဲ့ ကံကောင်းကြသူများ
[email protected] skatinggraham

ပြီးတော့ သူဟာ ဒီဗီဒီယိုကို သူ့ရဲ့ Tiktok မှာတောင် ပြန်တင်ခဲ့ပါသေးတယ်။ သူ့ရဲ့ ဗီဒီယိုဟာ လက်ရှိမှာ လူကြည့်များနေပြီး ကြည့်ရှု့သူ သန်း ၃၀ ကျော်တောင်ရှိကြောင်း သိရပါတယ်။ လူတော်တော်များများကတော့ “ချက်ချင်းတွေ့တာ ကံကောင်းလို့ပဲ” “မသေကောင်းမပျောက်ကောင်းပဲဟေ့” “မြွေက အကောင်သေးလို့ မင်းတော်တော်ကံကောင်းသွားတာ” အစရှိသဖြင့် မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

 

@skatinggrahamNot jumping again today 😬 ##trampoline ##gartersnakes♬ Something dramatic that changed my life check – kidzbopalexandra

Pyi Hein Kyaw

SHARE